မရဏာနုဿတိ

သေခြင်း တရားသည် သက်ရှိသတ္တ၀ါများ၏ သာမန်ဖြစ်ရိုး ဖြစ်စဉ်သည်။ အသေချာဆုံး ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မွေးဖွားလာသည်နှင့် သေဆုံးခြင်းသည် အတူတကွ ပါလာခဲ့သည်။ သတ္တ၀ါဟူသမျှ ကိုယ်တိုင် အနှေးနှင့် အမြန် သေရမည်ကို သိကြလေသည်။
သို့သော် တကယ့် သေရမည်ဆိုလျှင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် အသင့် မရှိသူ အများအပြားပင် ရှိနေတတ်သည်။ အသိမိတ်ဆွေများ မိသားစုရင်းချာများ သေဆုံးလျှင် ၀မ်းနည်း ကြေကွဲမဆုံး ဖြစ်နေတတ် ကြပေသည်။ လူတစ်ယောက် ကမ္ဘာမြေပေါ်သို့ ရောက်လာလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသကဲ့သို့ ကမ္ဘာမြေမှ ပြန်လည် ထွက်ခွာသွားသော အခါတွင်လည်း ၀မ်းနည်းကြေကွဲတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။
အမှတ်တမဲ့တွေးရင်တော့ လူတိုင်း သေခြင်းတရားကို သိတယ်လို့ ထင်မယ်။ တကယ်တော့ မသိပါဘူး။
ကိုယ်ဘ၀ကို ကိုယ် တန်ဖိုးရှိရှိ နေခဲ့တဲ့သူဟာ သေရမှာ မကြောက်ဘူး။
သေခြင်းတရားကို ဘယ်သူမှရှောင်လွှဲလို့မရဘူး။ တစ်နေ့သေသွားမှာပါ။ အခုတွေ့ကြုံနေရတဲ့ကိစ္စတွေဟာ တွေ့ရတုန်း ကြုံရတုန်းမှာတော့ တစ်ခါတစ်လေ တော်တော်ခံရခက်ပါတယ်။ စိတ်ဆင်းရဲရတယ်။ ဒါပေမယ့်မှန်းပြီးတော့ တွေးကြည့်၊ ငါ သေသွားပြီ၊ ဟိုး..... ဘက်ဘ၀တောင်ရောက်သွားပြီ ဆိုပါတော့။ ပြန်လှည့်ကြည်လိုက်မယ်ဆိုရင် ဖြစ်ခဲ့တဲ့ကိစ္စတွေက ဘာအဓိပ္ပါယ် ရှိသလဲ။
ပြင်ပအဖေါ်ဆိုတာဟာ ကိုယ်နဲ့အတူတူ အမြဲတမ်းမပါနိုင်ဘူး။ အပေါ်ယံအဖေါ်ပဲ ဖြစ်မယ်။ ခဏ အဖေါ်ပဲ ဖြစ်မယ်။
အဆိုးဆုံးအခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန်ရောက်ပြီဆိုပါတော့၊ ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး၊ မျက်စိကလည်း ကြည့်လို့မမြင်ရတော့ဘူး၊ နားကလည်းမကြားရတော့ဘူး၊ ခန္ဓာကိုယ်ထိတွေ့မှုကလည်းပဲ ကောင်းကောင်းမသိတော့ဘူး။ ထုံကုန်ပြီဆိုပါတော့၊ စိတ်ကတော့ သိနေသေးတယ်။
အားငယ်တတ် ကြောက်တတ်သူဆိုရင် ဒီလိုအချိန်မှာ သူ့စိတ်ထဲ ဘယ်လိုနေမလဲ။ တော်တော်ကို အားငယ်နေလိမ့်မယ်။ တော်တော်ကို ကြောက်နေလိမ့်မယ်နော်။
ကိုယ့်စိတ်ကိုယ် သိသူ၊ တရားကို အားထုတ်ပြီးနေတဲ့သူဆိုရင် အဲဒီအချိန်မှာ ကိုယ့်စိတ်လေး ကိုယ်သိပြီး နေလို့ရတယ်။ အဖော်မလိုတော့ဘူးနော်။
နောက်ဆုံးအချိန်မှာ အဖော် မရှိပါဘူး။ နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ်သိနေကျလူ ဆိုရင်တော့ အဲဒီ သိနေတဲ့ ကိုယ်ရဲ့ဘာဝနာလေးက ကိုယ့်ရဲ့တကယ့်အဖော် ဖြစ်လိမ့်မယ်နော်။ တကယ်တော့ ဘ၀သံသရာခရီးကို တစ်ကိုယ်တည်း သွားနေရတာပါ။ အဖော်မရှိပါဘူး။ ခဏဆုံမိကြတာပါ။ ဒီဘ၀မှာ ခဏလာဆုံပြီးတော့ ပြီးရင် လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရဦးမှာပါ။ သံသရာတစ်လျှောက်လုံးလိုက်ပြီး အဖော်လုပ်ပေးမဲ့သူ မရှိပါဘူး။
လူတွေကတော့ ကိုယ့်ဘ၀ကို ကိုယ့်အတွက် ကိုယ်နေတယ်လို့ ထင်ကြတယ်။ အတ္တစွဲကြီးကြီးနဲ့ ဒီလိုပဲ တွေးကြမှာပါပဲ။ ဘယ်လောက်ပဲ အတ္တစွဲကြီးကြီးနဲ့တွေးတွေး လူတွေဟာ ကိုယ့်ဘ၀ကို ကိုယ့်အတွက် ကိုယ်နေတာ မဟုတ်ပါဘူး။ သူများအတွက် နေပေးနေတာပါ။ ဆိုလိုတဲ့ အဓိပ္ပာယ်က သူများအထင်ကြီးအောင် နေကြတာပါ။ သူများကြေနပ်အောင် နေကြတာပါ။
ငါဟာ အသိဉာဏ်ရှာဖို့အတွက် ဘယ်လောက် အချိန်ပေးခဲ့သလဲ။
အလေးနက်ဆုံး အသိဉာဏ်က ဘ၀နဲ့ပတ်သက်တဲ့ အသိဉာဏ်ပဲ။ အဲဒီ ဘ၀နဲ့ပတ်သက်တဲ့ အသိဉာဏ်ရဖို့ကိုတော့ သိပ်အချိန်မပေးနိုင်ကြဘူး။ ဒီလိုပဲ နေသွားရင် သေခါနီးတဲ့အခါမှာ ငါ တစ်သက်လုံး အပေါ်ယံလေး ရှပ်ပြီးနေခဲ့တာပဲဆိုပြီး ယူကျုံးမရ ဖြစ်ရလိမ့်မယ်။
တရားသတိ ရှိနေတဲ့လူအဖို့ တရားကြောင့်ရတဲ့ အသိဉာဏ်၊ တရားကြောင့်ဖြစ်လာတဲ့ ရလာတဲ့ အေးချမ်းမှုနဲ့ သက်သောင့်သက်သာလေး ဖြစ်ပြီးတော့ စိတ်ကလေး အေးချမ်းနေတာလေး ရှိနေတဲ့လူအဖို့ သေတဲ့နေ့အထိ ပြည့်စုံနေတယ်။ ချို့တဲ့မနေဘူး။
အမှတ်တမဲ့တွေးရင်တော့ လူတိုင်း သေခြင်းတရားကို သိတယ်လို့ ထင်မယ်။ တကယ်တော့ မသိပါဘူး။ တကယ်သိရင် ဒီလိုမနေပါဘူး။ အဓိပ္ပာယ်မရှိတဲ့ အသေးအမွှားကိစ္စတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ရန်သူလို သဘောထားပြီး မနေဘူး။ အပေါစားအပျော်အပါးတွေနဲ့ အချိန်ကုန်မခံဘူး။ အချိန်ကို ပိုပြီးတော့ တန်ဖိုးထားမယ်။ ဘ၀ကို ပိုပြီးတော့ တန်ဖိုးထားမယ်။ တကယ် အရေးကြီးတာ၊ တန်ဖိုးထားမယ်။ ဘ၀ကို ပိုပြီးတော့ တန်ဖိုးထားမယ်။ တကယ်အရေးကြီးတာ တန်ဖိုးရှိတာကို ဦးစားပေးပြီးလုပ်မယ်။
သေခါနီးမှာ သတိကောင်းကောင်းနဲ့ ခန္ဓာမှာ ဖြစ်တာ၊ စိတ်မှာ ဖြစ်တာတွေကို ရှုသိပြီး သေရတာ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိကောင်းနေဖို့ဆိုတာ မသေခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်လေ့ကျင့်ထားမှ ဖြစ်နိုင်မယ်။ ဒါကြောင့် အမြဲတမ်း အတတ်နိုင်ဆုံး သတိကောင်းကောင်းနဲ့ ကြည်ကြည်လင်လင် သိနေနိုင်အောင် ကိုယ့်စိတ်ကို ကိုယ် သိနေတဲ့ အကျင့်ကိုလုပ်ထားရမယ်။ ဒါဟာ မသေခင်မှာ အကောင်းဆုံး နေနည်းဖြစ်ပြီး သေခါနီးမှာ အကောင်းဆုံး သေနည်း ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိပါတယ်။
(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။
အသက်တမ်းကို ‘မီးစာ’၊ ကံစွမ်းကို ‘ဆီ’၊ “ဆီမီး”ဥပမာဖြင့် ပုံနှိုင်းကြ၏။
မီးစာကုန်၍ မီးသေခြင်း၊ ဆီကုန်သဖြင့် မီးသေခြင်း၊ မီးစာ, ဆီ နှစ်မျိုးလုံးကုန်သဖြင့် မီးငြိမ်းခြင်း၊ မီးစာ, ဆီ မကုန်သေးသော်လည်း လေပြင်းတိုက်သဖြင့် မီးငြိမ်းခြင်း၊ တမင်ငြိမ်းသတ်ခြင်း စသည် ဖြစ်၏။
သက်တမ်းကုန်, ကံစွမ်းကုန်, အသက်တမ်း-ကံစွမ်းကုန် သေခြင်းမျိုးကို အချိန်ကာလနှင့်အညီ သေကြရသဖြင့် ‘ကာလမရဏ’ဟု ခေါ်၏။
ဥပစ္ဆေဒကကံဖြင့် သေခြင်းမျိုးဖြစ်သော ရေနစ်သေခြင်း, ကားတိုက်သေခြင်း, အဆိပ်သောက်သေခြင်းမျိုးကို ‘အကာလမရဏ’ဟု ခေါ်၏။
သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။
သေခြင်းတရားကို နှလုံးသွင်းမှုဆိုတဲ့ (မရဏနုဿတိ) ကို မကြာခဏ ဆင်ခြင်ကြည့်ပါ။ မိတ်ဆွေရဲ့ လောဘတွေ၊ ဒေါသတွေ၊ သောကဗျာပါဒ တွေ နည်းလာပါလိမ့်မယ်။ လောကကြီးမှာ အဓိပ္ပါယ်ရှိတာနဲ့ မရှိတာတွေကို ခွဲခြားသိမြင်လာပါလိမ့်မယ်။ အဓိပ္ပါယ်မဲ့စွာနဲ့ အချိန်ဖြုန်းနေတာတွေ နည်းသွားပါလိမ့်မယ်။ ငါတည်းဟူသော အတ္တ မာန်မာနတွေ နည်းပါးသွားပါလိမ့်မယ်။
ပြီးရင် ငါသေပြီးရင် ငါနဲ့အတူ ဘာတွေ ယူသွားနိုင် မှာလည်း ဆိုတာကို ဆက်ပြီး စဉ်းစားကြည့်စမ်းပါ။ ဥစ္စာဓနတွေလား၊ ရွှေတွေငွေတွေ၊ တိုက်တာ ခြံမြေတွေလား၊ ရာထူးဂုဏ်ဒြပ်တွေလား၊ တန်ခိုးသြဇာတွေလား၊ နာမည်ကျော်ကြားမှုတွေလား၊ အချွေအရံအသင်းအပင်းတွေလား။ ဒါတွေအားလုံးကို မိတ်ဆွေ ချန်ထားခဲ့ရမှာပါ။ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို သူနဲ့ ထိုက်ရာထိုက်ရာ ရသွားကြမှာပါ။ မိတ်ဆွေနဲ့ တစ်ခုမှ ပါလာမှာ မဟုတ် ပါဘူး။
တစ်ခုတော့ ပါလာလိမ့်မယ်။ အဲဒါက မိတ်ဆွေ အသက်ရှင်စဉ်မှာ လုပ်ခဲ့တဲ့ “ကံတရား” ။ အဲဒါကတော့ ပါလာလိမ့်မယ်။ ဒါကိုတော့ မိတ်ဆွေ ချန်ထားခဲ့လို့ မရပါဘူး။ မိတ်ဆွေနဲ့အတူ ယူဆောင်သွားရပါလိမ့်မယ်။
နောက်တစ်ခု မိတ်ဆွေ အသက်ကုန်ဆုံးခါနီးမှာ ဘယ်လိုမှ ပြုပြင်မရနိုင်တော့တဲ့ အရာတစ်ခုကိုလည်း ချန်ထားရလိမ့်မယ်။ အဲဒါကတော့ မိတ်ဆွေရဲ့ “နာမည်” ။ မိတ်ဆွေရဲ့  “သမိုင်း” ။
အနေတတ်၊ အသေတတ်ခြင်းမှသည် – အနေကင်း၊ အသေကင်းရာဆီသို့ လှမ်းတက်နိုင်ပါစေ။
Recollection of death by Tharawon
(လွန်ခဲ့သောနှစ်ပေါင်း ၂ဝ ကျော်ကျော်လောက်က ကျမအလွန်ချစ်ရတဲ့ အဖိုးအဖွားရင်ခွင်ကြားကနေ ကျမဖေဖေတာဝန်ကျတဲ့ ဘိလပ်မြေစက်ရုံတည်ရှိရာ မြို့ လေးကို မလိုက်ချင်လိုက်ချင်နဲ့ လိုက်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကနေ နယ်မြို့ ဆိုတာနဲ့ မလိုက်ချင်ခဲ့ဘူး။ အဖိုးအဖွားက အလွန်ချစ်တော့ ကျောင်းပို့ ကျောင်းကြို ကိုယ်တိုင်လုပ်ပေး ကျောင်းဆင်းအိမ်အပြန် စားချင်တာတွေ လက်ညှိုးထိုးဝယ်ခိုင်းပြီးရင် အဖွားပေါင်ပေါ် ထိုင်စားရင်း ဖိုးဖိုးရုံးကို ဝင်ကြိုပြီး ပြန်ရတဲ့ဘဝ၊ ရုံးမှာဟိုလူကချီ ဒီလူကစနဲ့ ပျော်စရာကောင်းတဲ့ ဘဝကနေ မလိုက်ချင်ခဲ့တာတော့ အမှန်ပါပဲ။)
(.........မီးငယ် ပြုသမျှကောင်းမှု ကုသိုလ်များကို အဖိုး ဦးကိုကိုကြီးအား အမျှ.အမျှ.အမျှ ပေးဝေပါတယ်။ အဖိုးသာဓုခေါ်ပါ၊ ချစ်တဲ့အဖိုး ကောင်းမွန်ရာဘုံဌာနမှာ တည်ရှိနိုင်ပါစေ...။)
(He passed away 6.3.2012 this morning at 7. Luckily i talked to him by ph saying dont worry of me i m ok.....rest in peace grandpa ! U r always in my heart .....gonna miss u with my life....)
(.........မီးငယ် ပြုသမျှကောင်းမှု ကုသိုလ်များကို အဖိုး ဦးကိုကိုကြီးအား အမျှ.အမျှ.အမျှ ပေးဝေပါတယ်။ အဖိုးသာဓုခေါ်ပါ၊ ချစ်တဲ့အဖိုး ကောင်းမွန်ရာဘုံဌာနမှာ တည်ရှိနိုင်ပါစေ...။)
(He passed away 6.3.2012 this morning at 7. Luckily i talked to him by ph saying dont worry of me i m ok.....rest in peace grandpa ! U r always in my heart .....gonna miss u with my life....)
No comments:
Post a Comment