ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက "ထိရောက်သော အခမဲ့မူလတန်းစနစ် ဖော်ဆောင်နိုင်ရေးအတွက် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများကို ထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ" မေးမြန်းသည့်မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီး က ယင်းသို့ပြောကြား ခြင်းဖြစ်သည်။
ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ကျောင်းသားကျောင်းသူ များသည် မသင်မနေရ ပညာရေး မူလတန်းစနစ် အစီအစဉ်အရ ကျောင်း သုံးစာအုပ်များ အခမဲ့ထောက်ပံ့မှုရရှိ နေခြင်းနှင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့အောက်တွင် ဖွဲ့စည်းထား ရှိသည့် ဘုန်းတော်ကြီးသင် ပညာသင် ကြားမှု ကြီးကြပ်ရေးဗဟိုအဖွဲ့အစည်း အဝေးများကို နှစ်စဉ်ကျင်းပ၍ သာသနာရေးနှင့် ပညာရေးဝန်ကြီးဌာန နှစ်ခုက ပူးပေါင်းစီစဉ်ဆောင်ရွက်ပေး နေသည့်အတွက် အဆိုပါဥပဒေမှာ မလိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် ကျေးရွာငါးရွာလျှင် အခြေခံပညာ ကျောင်းသုံးကျောင်း ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်ကျောင်းသား ကျောင်းသူ စုစု ပေါင်း ရှစ်သန်းကျော် သင်ယူလျက်ရှိရာ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် အစပျိုး ဆောင်ရွက်သည့် မသင်မနေရ မူလတန်း စနစ်အရ မူလတန်းကျောင်းသား ငါးသန်းကျော်အတွက် ငွေကျပ် ၂,၀၈၇ ဒသမ ၂ သန်း အကုန်အကျခံကာ ကျောင်းသုံး စာအုပ်များကို အခမဲ့ ထောက်ပံ့ခဲ့ကြောင်း ဒေါက်တာမြအေး က ဆိုသည်။
"ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းက ကျောင်းသားတွေကိုလည်း အခမဲ့ထောက်ပံ့ခဲ့ပါတယ်။ မသင်မနေရ ပညာရေးစနစ်အရ စာရေးကိရိယာတွေ နဲ့ လေ့ကျင့်ရေးစာအုပ်တွေ ထပ်မံ ထောက်ပံ့ပေးခဲ့ရင်လည်း တစ်ပြေးညီ ထောက်ပံ့ပေးမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ဒေါက်တာမြတ်ဉာဏစိုးက အဆိုပါ မေးခွန်းကို မေးမြန်းရာတွင် မြန်မာနိုင်ငံ က ကျင့်သုံးလျက်ရှိသည့် အခမဲ့မူလတန်း စနစ်အတွက် ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးသောကြောင့် အဆိုပါ ကျောင်းများအား ထိရောက်သည့် ပံ့ပိုး ကူညီမှုများဆောင်ရွက်နိုင်ရန် ဥပဒေ တစ်ရပ်ပြဋ္ဌာန်းပြီး အကောင်အထည် ဖော်နိုင်မှုရှိမရှိ မေးမြန်းခြင်းဖြစ်သည်။
"လက်ရှိ နိုင်ငံတော်ရဲ့ ပညာရေးစနစ် မှာသင်ကြားရေးဆရာတွေ၊ ကျောင်း ဆောင် အခက်အခဲတွေ ရှိနေပါသေး တယ်။ နိုင်ငံတော်က ပံ့ပိုးပေးနေပေမယ့် အခက်အခဲလေးတွေကတော့ တချို့ တလေ ရှိနေပါသေးတယ်။ ဘကကျောင်း တွေဟာ ဒီတာဝန်ကို တစ်ဖက် တစ်လမ်း ကနေ ဆောင်ရွက်ပေးနေပါတယ်" ဟု ၎င်းက ဆိုသည်။
ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် ပညာရေး ၀န်ကြီး ဌာန ၏ စီမံခန့်ခွဲမှုအောက်တွင်မဟုတ်ဘဲ သာသနာရေးဝန်ကြီး ဌာန၏ စီမံကွပ်ကဲ မှုအောက်တွင်သာရှိနေပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးသင်ကျောင်းအလိုက် လှူဒါန်းရရှိငွေများကို စီမံခန့်ခွဲကာ ဆောင်ရွက်နေရကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ယခုပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၂၅၂ မြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသင်ဘာသာရပ်များ သင်ကြားသည့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း ၂၅၂ ကျောင်းရှိကြောင်း၊ သာမဏေနှင့် သီလရှင် ၂၁၅,၀၀၀ ကျော် ကို သင်ကြား ပေးနေသည့်အနက် မူလတန်းပညာ သင်ယူနေသူ ၁၇၆,၀၀၀ ကျော် ပါဝင်နေကြောင်း ပြည်ထောင်စု ၀န်ကြီး၏ ဖြေကြားချက်အရ သိရ သည်။ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၅,၀၀၀ ကျော်ရှိရာတွင် ပျမ်းမျှအားဖြင့် ကျေးရွာငါးရွာလျှင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှုန်း ရှိသည်။
ရွှေယင်းမာဦး
အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၂၀၁၁)
source.....Myanmar Times
No comments:
Post a Comment