Saturday, January 7, 2012

သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေးအဖြေ


သိကြား။ ။ နတ်ရောလူပါ များစွာသော သတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန်တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ် ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။

ဗုဒ္ဓ။ ။ ကိုယ်ထက်သာ မနာလိုသော ဣဿာ၊ ကိုယ်ကောင်းစားသလို သူတစ်ပါး မကောင်းစားစေလိုသော မစ္ဆရိယ၊ ဤတရား ၂ ပါးသည် သတ္တဝါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏။ ထိုတရား ၂ ပါးကြောင့် ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာတွေ ဖြစ်နေကြရသည်။


သိကြား။ ။ ထိုတရား၂ ပါးသည် ဘေးရန်များ၍ မကြီးပွားစေနိုင်သော တရားဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့) မိမိတို့ သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်း ဘုရား။

ဗုဒ္ဓ။ ။ ချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာ၊ မချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယတရား ၂ ပါးဖြစ်နေကြရသည်။ (အချစ်ဂိုဏ်းပါတီ၊ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဖက်၏ တိုးတက်မှုကိုသာ လိုးလာ၍ အမုန်းဖက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယ ၂ ပါးဖြစ်ရသည်။ အချစ်ဖက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဖက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ် ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆင်းရဲဒုက္ခဖြင့် ပျက်စီးဆုတ်ယုတ်ကြရသည် - ဟူလို။)

(အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး၊ စာမျက်နှာ ၄၁၉ မှ ကောက်နှုတ်ချက်)




ကိုယ့်ဖက်ကနေကြည့်ရင် လက်ဖ၀ါးဖြစ်ပြီး အခြားတဖက်ကနေကြည့်ရင် လက်ဖမိုး ဖြစ်နေသေးတာပဲလေ နော်...အဲဒီလိုပါပဲ ကိစ္စတစ်ခုခုကြောင့် လူတစ်ယောက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရတော့မယ်ဆိုရင် ကိုယ့်ဖက် ကပဲ မကြည့်ပဲ သူဖက်ကပါကြည့် ပေးဖို့ လိုအပ်ပါတယ်...ကိစ္စတစ်ခုကြုံလာတဲ့အခါတိုင်း ကိုယ်ဖက်ပဲ ကိုယ်ကြည့်ပြီး တဖက်သက်ဆုံးဖြတ်ချက်ချမိမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ သူများက အကောင်းမြင်စေချင်တဲ့ စိတ်ကလေးတွေကနေ စိတ်မကောင်းစရာတွေနဲ့ ကြုံလာရလိမ့် မယ်...သူတပါးဘက်မှာ ကိုယ်နေကြည့်ပေပြီး...အခြားတဖက်ကနေဆင်ခြင်ကြည့်ပေးတတ်တဲ့ အလေ့အကျင့်လေး ကိုယ်မှာရှိလာခဲ့မယ်ဆိုရင်.......


No comments:

Post a Comment