Saturday, January 7, 2012

ဒီဇင်ဘာ

Track artwork





နွမ်းနယ်တဲ့ နှလုံးသားအတွက်..♫ ♪... ဒီဇင်ဘာမှာ ခိုဝင်စရာထားခဲ့တယ်
စိမ်းကားတဲ့သူတို့အကြားမှာ..♫ ♪ ♫ ♪..... စိတ်ဆင်းရဲစရာတွေများလာတဲ့အခါ
..♫ ♪ ♫ ♪ အမှောင်ထုကိုဖြတ်သန်းပြီး ဒီဇင်ဘာနဲ့လာတွေ့ချင်တယ်..
♫ ♪ ♫ ♪... လာပါ....♫ ♪...ဒီဇင်ဘာ ကြိုပါတယ်....♫ ♪ ♫ ♪


ခင်ဝမ်း ကို ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် တနင်္လာနေ့ တွင် ဖခင် ဦးအောင်ခ မိခင် ဒေါ်သိန်းတင် တို့မှာ ပြည်မြို့၌ မွေးဖွားခဲ့သည် ။ ၁၉၆၅-၆၆ တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့သည် ။ ၁၉၆၉ တွင် ဒေါ်ခင်လေးမြင့်နှင့် လက်ထပ်ခဲ့သည် ။၁၉၇၁ ဇန်န၀ါရီလတွင် စိတ္တဇပန်းချီ စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး ၊ မြန်မာပန်းချီလောကအတွက် ပန်းချီ ချဉ်းကပ်ခံစားပုံ အကြောင်းနှိုးဆော် ရေးသားခဲ့သည် ။ ၁၉၇၂ သြဂုတ်လ ၆ရက်တွင် မျက်နှာစိမ်း တကိုယ်တော်ပြပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ဆရာဝန်များ အသင်းတိုက်တွင် ပြသခဲ့သည် ။ ၁၉၇၃ တွင် မြှားဘုရင် တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် တွင်ကျင်းပခဲ့သည်။ (Hyper Realism များ ရေးဆွဲပြသခြင်း)။

၁၉၇၃-၇၄ တွင် ပဉ္စဇင်္ဂမီ ပန်းချီပြပွဲတွင်လည်း ပါဝင်ပြသခဲ့သည် ။ ၁၉၇၅ တွင် အရှေ့ရွာ ဂယ်လာရီကို ကိုကြည်တွဲ နှင့်တည်ထောင်ခဲ့သည် ။ ၁၉၇၇ တွင် ခင်ဝမ်းဦးဆောင်ဖွဲ့စည်းသောRainbow Bridge တီးဝိုင်းဖြင့်“ နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်”တေးစီးရီး ကိုကိုယ်တိုင်သီဆို ထုတ်ဝေခဲ့သည်။ ဒီသီချင်းအယ်လ်ဘမ်က စိုင်းခမ်းလိတ် ၁၉၇၃-၇၄ မှာ လမ်းဖောက်ထားတဲ့ အနောက်တိုင်း Country Style ဂီတကို မြန်မာ့ခံစားမှုနဲ့ ကိုယ်ပိုင်တေးသွား ရေးစပ်ခြင်းများထက် ပိုပြီး အနုပညာ အားကောင်းသော တေးစာသားတွေ ဖန်တီးပြထားတာ တွေ့ရသည်။

အနောက်တိုင်း ကျေးလက်ဂီတ ကို မြန်မာ့ခံစားမှု့ဖြင့် ကိုယ်ပိုင်တေးသွားများထက် ပိုမို၍အနုပညာ အားကောင်းသော တေးစာသားများ ဖန်တီးပြခဲ့သည် ။ ခင်ဝမ်းပန်းချီ တင်မက ဂီတ အနုပညာတွင်လည်း အောင်မြင်ခဲ့သူဖြစ်သည် ။ နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက် ၊ပြည်မှာဆောင်း ၊ အိပ်မက် ၊ ပန်းနုရောင်ခံစားချက်များ ၊ ည ၊ လိပ်ပြာလွင်ပြင်၊ ကစားမလား နားမလား ၊ ပန်းခရမ်းပြာ ၊ အမှောင်ကိုထွန်းညှိမဲ့မီးအိမ် ၊ လိုတရအကြည့် ၊ မင်းလျှောက်ခဲ့တဲ့လမ်း တေးစီးရီးများနှင့် တဖန်ပြန်လည်၍ ဖြတ်သန်းခြင်း ၊ ခင်ဝမ်းလက်ရွေးစင် (၂) ၊ စိတ်ကြိုက်ပြန်ဆိုတေးများ စသည့်လက်ရွေးစင် သီချင်းခွေများလည်း သီဆိုထုတ်ဝေခဲ့သည်။

၁၉၇၉ တွင်ဒြပ်မဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကျင်းပခဲ့သည် ။ ၁၉၉၇ တွင် Metallurgy အမည်ဖြင့် Spray မှုတ်ထားသော ဖန်တီးမှုများနှင့် ပန်းချီလက်ရာသစ် များကို IVY ဂယ်လာရီ၌ ခင်းကျင်းပြသခဲ့သည် ။ ၁၉၉၈ တွင် မနောပွဲ ၊ အင်းသား ၊ ဒုံယိမ်း အစရှိသောပန်းချီကားများ ရေးဆွဲခဲ့သည်။ ၁၉၉၈-၉၉ မှာ မနောတိုင်၊ အင်းသား၊ ဒုံးယိမ်း စတဲ့ပန်းချီကားတွေရေးဆွဲခဲ့တယ်။ (FMI Centre အပေါ်ဆုံးထပ်မှာ ချိတ်ဆွဲထားသည်။)

ခင်ဝမ်းသည် မြန်မာ့ ခေတ်ပေါ်ပန်းချီ လှုပ်ရှားမှု့များတွင် ရှေ့တန်းမှာဦးဆောင်ပါဝင်ခဲ့သည့် အပြင် စံကြည်ကျော့ ဟူသော ကလောင်အမည်ဖြင့် ဘာသာပြန်ဝတ္ထုတိုများလည်း ရေးသားခဲ့သေးသည် ။
ဘ၀နိဂုံး
၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကွယ်လွန်သည်။

၁၉၇၈ ခုနှစ် - နှင်းဆီဖြူရဲ့ အဝေးက လူ တစ်ယောက်
၁၉၇၉ ခုနှစ် - ပြည်မှာ ဆောင်း
၁၉၈၀ ခုနှစ် - အိပ်မက်
၁၉၈၁ ခုနှစ် - ပန်းနုရောင် ခံစားချက်များ
၁၉၈၂ ခုနှစ် - ည
၁၉၈၃ ခုနှစ် - ပန်းခရမ်းပြာ
၁၉၈၄ ခုနှစ် - လိပ်ပြာ လွင်ပြင်
၁၉၈၅ ခုနှစ် - ကစားမလား၊ နားမလား
၁၉၈၆ ခုနှစ် - ခင်ဝမ်းလက်ရွေးစင် တေး
၁၉၉၁ ခုနှစ် - အမှောင်ကို ထွန်းညှိမယ့် မီးအိမ်
၁၉၉၄ ခုနှစ် - လိုတရ အကြည့်
၁၉၉၅ ခုနှစ် - လွမ်းရတဲ့ ညတွေ လွန်ပါစေ
၁၉၉၇ ခုနှစ် - မင်းလျှောက်ခဲ့တဲ့လမ်း
၁၉၈၇ - တဖန်ပြန်လည်ဖြတ်သန်းခြင်း

ခင်ဝမ်း ရဲ့ ပန်းချီကား ၈ ချပ်

သီချင်းရေးဆရာ အဆိုတော် ခင်ဝမ်း၊ ကဗျာဆရာ ခင်ဝမ်း၊ စိတ္တဇပန်းချီ စာအုပ်ရေးခဲ့သူ ခင်ဝမ်း၊ မြန်မာ့ခေတ်ပြိုင်ပန်းချီရဲ့ ရှေ့ဆောင် တဦးဖြစ်တဲ့ ပန်းချီဆရာခင်ဝမ်း။ သူ့ရဲ့ ပန်းချီကားတွေကို ခုနေကြည့်ဖို့ မလွယ်ပါဘူး။

သူ့အကြောင်း၊ သူ့အမှတ်တရ၊ သူ့ပန်းချီကား ၂ ချပ်ကိုတော့ မမေ ရဲ့ My Emotional Corner Blog မှာ တွေ့နိုင်ပါတယ်။

သူ့ ပန်းချီကားတွေ အပြင်မှာ ကြည့်ချင်ရင်တော့ ဗိုလ်ချုပ်ဈေးဘေးက FMI Centre မှာတော့ တွေ့နိုင်ပါသေးတယ်။ ဆိုင်ခန်းတွေရှိတဲ့ အထပ်မှာတော့ မဟုတ်ပါဘူး။ အပေါ်ဆုံးထပ်က ရုံးခန်းတွေကို ဓာတ်လှေကားနဲ့ တက်သွားလိုက်ပါ။ ကော်ရစ်ဒေါ ပတ်ပတ်လည်မှာ ချိတ်ဆွဲထားတဲ့ ခင်ဝမ်း ပန်းချီကားကြီး ၈ ချပ်ကို တွေ့ရမှာပါ။

မှုတ်ဆေးလက်ရာတွေ ဖြစ်ပြီး၊ သူ့ရဲ့ နောက်ဆုံးလက်ရာတွေလို့ ပြောလို့ရပါတယ်။ အဲဒီကားတွေ ဆွဲပြီး မကြာခင်မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားတာလို့ မစုချစ်သူ က ပြောပြဖူးပါတယ်။

ဆေးနဲ့ မှုတ်တဲ့ ကားကြီးတွေ အပြင် ပုံစံငယ်ဆွဲထားတဲ့ ကားလေးတွေလည်း ရှိပါတယ်။ မိုင်းကိုင်စက္ကူပေါ်မှာ ဆွဲထားတယ် ထင်ပါတယ်။ ကျွန်တော့်မှာ ကားလေး ၆ ကားနဲ့ ကားကြီး ၈ ကားလုံးရဲ့ ဓာတ်ပုံတွေရှိပါတယ်။ ကားလေးတွေ ဓာတ်ပုံတွေက ပိုကြည်လို့ ကားလေးတွေပုံရယ်၊ ကားလေးမရှိတဲ့ ကားကြီး ၂ ကားရယ် တင်ပေးလိုက်ပါတယ်။

ဓာတ်ပုံတွေအတွက် ကိုအောင်မျိုးခန့် နဲ့ တင်မျိုးထက်တို့ကို ကျေးဇူး အထူးတင်ပါတယ်။


မြန်မာသင်္ကြန်ပွဲ



ကရင်ဒုံးယိမ်း


အင်းလေးလှေသမား


(နာမည်မသိပါ)


ရှမ်းကိန္ဒရာကပွဲ


ကချင်မနောပွဲ


ပဒေါင်အမျိုးသမီး


ချင်းမုဆိုး

ခင်ဝမ်းကဗျာ ၄ ပုဒ်



Green Hermony by Khin One
(Magic-Art Art Gallery)
.

လမ်းပေါ်မှာ
လှလိုက်တာ၊ ငါ တီးတိုးဆိုမိ
ဪ၊ မင်းကို ရည်ညွှန်းဆိုမိတာပါ
လမ်းပေါ်မှာ ငါလျှောက်လှမ်းနေချိန်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ။

ခင်ဝမ်း
(၁၉၉၃)
.
.
နှစ်ယောက်
မနက်စောစော လမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့ ပြတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် ...

သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် ...

တကယ်တော့ ... ကျွန်တော်ဟာ...
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ..
ခင်ဝမ်း
(Credit to : emotionalcorner.blogspot.com)


ငွေမိုး
အိပ်မက်ထဲမှာ
ငွေမိုးလေး ရွာနေတယ်။

နိုးလာတော့ တကယ်ပဲ
ငွေမိုးလေး ရွာနေတယ်။ ။

ခင်ဝမ်း
(Credit to : smsy.mmwordpress.com)
.
.
ခေါင်းစဉ်မသိ
မဟာသံခဂန္ဓာရီ
ပါလဇုတိအရသောဟုမေတ္တံ
လဒ္ဓတ္ထသေယျံပါရမေလာဘ။ ။
ခင်ဝမ်း
(မြန်မာပြန်)
အရောင်အဆင်းကိုစောင့်ရှောက်အပ်သော
ရန်သူကိုပယ်ပျက်တတ်သော
မေတ္တာနှင့်ယှဉ်သော
မဟာဂန္ဓာရီသည် ကျွန်ုပ်အား
မြင့်မြတ်သောအကျိုးစိးပွားတို့ရှိရာ
ကမ်းတစ်ဘက်သို့ ပေးအပ်ပါစေသတည်း။ ။

(Credit to : မနော်ဟရီ)

source.... ရွှေဝါပြည် and wikipidia

(ဒီဇင်ဘာ ဆိုတဲ့ သီချင်လေး နာထောင်ဖြစ်ရင်းနဲ့ ကိုခင်ဝမ်းကို သတိတရ ရှိတာနဲ့ တင်လိုက်တာပါ။
ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့လေးတရက်အတွက်လည်း အမှတ်တရပေါ့။ ဘဝမှာပျော်ရွှင်ချမ်းမြေ့ပါစေ ဒီဇင်ဘာရယ်။)

No comments:

Post a Comment