ကင်းဝန်မင်းကြီးက မည်းမည်းကြီးပဲ

”ကျွန်တော်တို့ ကလေးတွေ အတွက် ကျောင်းသုံးဖတ်စာအုပ် လှလှလေးတွေဘယ်တော့ရမှာလဲ” အရင်အပတ်က ကျွန်တော် ဖျာပုံကိုသွားပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲ တစ်ခုကို သွားပြောခဲ့ပါတယ်။ ဟောပြောပွဲကို ပါဝင်ကြီးကြပ်တဲ့ World Vision က သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက် တဲ့ စာအုပ်ကို လက်ဆောင်ပေးပါတယ်။
စာအုပ်ကသိသင့်သိထိုက်တဲ့အချက် တွေပါဝင်ပြီး စာရွက်အချောတွေနဲ့ ကောင်းမွန်လှပါတယ်။ အိမ်ကို အလည်လာတဲ့ သမီးက စာအုပ်ကို တစ်ရွက်ချင်း လှန်ကြည့်ကာ ကောင်းလိုက်တာနော် လို့ ချီးမွမ်းနေပါတယ်။ သမီးက စာအုပ်တွေကို စိတ်ဝင်စားပါတယ်။ ကျွန်တော့်ရဲ့စာအုပ်တွေကို သူထုတ်နေတော့ Book Making အတွက် သူအတော်လေး လေ့လာနေတာပဲ ဖြစ်တယ်။ ”သမီးက ဘာတွေကောင်း နေတာလဲ” ”စာရွက်တွေက အချောစားတွေ။ အင်မတန် ကောင်းတယ်။ စာအုပ်ချုပ်ထားတာ လည်းကောင်းတယ်။
သမီးကတော့ ရောင်စုံပုံတွေ နဲ့ဆိုတာကို သဘောကျတယ်” ”ရောင်စုံပုံတွေနဲ့ဆို ဈေးကြီး တာပေါ့နော်” ”ဟုတ်တယ် အဖေ။ ဆေးရောင်နဲ့ဆိုတော့ သမီးက ဒီလိုစာအုပ်တွေမျိုး ကလေးတွေအတွက် ကျောင်းသုံး ဖတ်စာအုပ်လေးတွေ လုပ်ပေးရင် သိပ်ကောင်းမှာ ပဲ”လို့ သမီးပြောတော့မှပဲ နိုင်ငံခြား တိုင်းပြည်တွေက ကျောင်းသုံး စာအုပ်တွေကို သတိရမိတယ်။ ကျွန် တော်က စာအုပ်တွေကို စိတ်ဝင်စားတော့ နိုင်ငံခြားရောက်တိုင်း ကျောင်းသုံးစာအုပ်လေးတွေကို လေ့ လာကြည့်ရှုမိပါတယ်။
၁၉၇၆ ခုနှစ်က ကျွန်တော် အင်္ဂလန်က ပြန်ရောက်တယ်။ အဲဒီ တုန်းက ကျွန်တော့်သမီးလေး မြန်မာပြည်မှာ ၄ နှစ်ထဲ ဝင်နေပါပြီ။ ဒီတော့ သမီးအတွက် ကျွန်တော် ပုံပြင်စာအုပ်တွေ ဝယ်ခဲ့ပါတယ်။ Waltz Disney နဲ့အခြားကုမဏီ တွေကထုတ်တဲ့ စာအုပ်တွေပါ။ ဒီ စာအုပ် တွေဟာ ခိုင်ခံ့ထူထဲလှပပြီး ဆေးရောင်စုံဖြစ်တော့ သမီးတွေ နောက်သားတွေပါ ဆက်ဖတ်ကြ တယ်။ တူ၊ တူမလေးတွေလည်း ဖတ်ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ် တုန်း က စာအုပ်တွေဆိုလည်း သိပ်တော့ မဆိုးပါဘူး။ စာရွက်အကောင်း အထူတွေမဟုတ်ပေမယ့် အတော် အသင့်တော့ ခိုင်ခန့်လှပပါတယ်။ ကျွန်တော် မှတ်မိသည့် ရုပ်ပုံ လှလှနှင့်ဖတ်စာအုပ်ထဲက ပုံလေး ကတော့ လှည်းသမားနဲ့ နတ်မင်း အကြောင်းပါပဲ။ အကြောင်းအရာက ရိုးရိုးရှင်းရှင်းလေးပါ။
ကျွန်တော်တို့ နှစ်တန်း၊ သုံးတန်း သင်ရတာကိုး။ အဲဒီမှာ နွံနစ်သောလှည်းကို နွံက လွတ်အောင်လို့ လှည်းသမားက တောစောင့်နတ်၊ တောင်စောင့်နတ် များကို ဆုတောင်းတယ်လို့ ဆိုထား တယ်။ အကြိမ်ကြိမ် ဆုတောင်းပေ မယ့် ဘာမှ မထူးခြားဘူး။ လှည်း သမားက စိတ်ပျက် လက်ပျက်နဲ့ လက်မှိုင်ချနေတဲ့အချိန်မှာ နတ်သား တစ်ပါးက လှည်းနားမှာ ပေါ်လာ တယ်။ လှည်းသမားက ရိုသေစွာ ကန်တော့ပြီး သူ့ကို နွံထဲက လွတ် အောင်ကူညီဖို့ တောင်းပန်တယ်။ ဒီအခါ နတ်သားကလှည်းသမား၊ သင်က ဘာလို့ ဆုတောင်းနေတာ လဲ၊ လှည်းပေါ်ကဆင်း၊ လှည်းဘီး ကိုနှစ်ပြီး နွားတွေကို နှင်တံနဲ့ရိုက်၊ အားစိုက်ပါတော့လို့” ဆိုတယ်။ ဒီအခါ လှည်းသမားက နတ်သား ပြောတဲ့အတိုင်း လုပ်တဲ့အတွက် နွံကနေ ရုန်းထွက်သွားနိုင်လေ တော့တယ်တဲ့။ အဲဒီပုံပြင်လေးမှာ အရေးပါဆုံးက ကိုယ့်အားကိုယ်ကိုး တဲ့သင်ခန်းစာ ဖြစ်မှာပါ။ သို့သော် ဆေးရောင်စုံနဲ့ ဆွဲထားတဲ့ နတ်သား၊ လှည်းသမား၊ နွားတွေ၊ လယ်ကွင်း တွေဟာ ကလေးတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ကျွန်တော့် အထက်မှာ အစ်ကိုတစ်ယောက်နဲ့ အစ်မ တစ်ယောက်ရှိတယ်။ သူတို့ ကိုင်ပြီးတဲ့ သူတို့ဆီကကျတဲ့စာအုပ် ကိုမှ ကျွန်တော်က ကိုင်ရတာပါ။ ဒါပေမဲ့ လှပနေဆဲပါပဲ။ ကျောင်းသုံးစာအုပ်တွေကို အဆင့်ဆင့် သုံးကြပါတယ်။ နိုင်ငံ တကာမှာ ၄ နှစ်တစ်ခါလောက် တော့ စာအုပ်တွေ ပြောင်းပါတယ်။
အင်္ဂလန်တို့၊ အမေရိကန်တို့ကျောင်း တွေကတော့ ဖတ်စာအုပ် (Texts) တွေကို ကျောင်းကထုတ်ပေးပြီး နှစ်ကုန်ရင်ပြန်အပ်ရတယ်။ ကျောင်းသားများဟာ စာအုပ်ပေါ် ရေးခွင့် မရှိပါဘူး။ သူတို့စာအုပ်များမှာ ရောင်စုံပါဝင်ကြပါတယ်။
အတန်းငယ်သွားလေ စာရွက် တွေက ထူလာလေ ဖြစ်သလို အတန်းငယ် သွားတာနဲ့အမျှ ဖတ်စာ အုပ်တွေဟာ အရောင် ပိုစုံလာလေပါပဲ။ လှပတဲ့ရောင်စုံပုံလေးတွေဟာ ကလေးတွေ စိတ်ဝင်စားပြီးတော့ စာကို ဖတ်ချင်လာအောင် သွေးဆောင်တာပါပဲ။
ကျွန်တော့်တူလေးတွေ ကျောင်း နေတော့ သူတို့ကို ‘ကင်းဝန် မင်းကြီးသိလား’ လို့မေး တယ်။ သူ တို့က’သိပါတယ်၊ ကျောင်းမှာ သင် ရတယ်’လို့ ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်က နောက်ပြီး ‘ကင်းဝန် မင်းကြီးချောလားလို့မေးတော့ သူတို့ က ရယ်တယ်။ ‘မချောပါဘူး ဘဒွေး ရာ။ သူက မည်းနေတာပဲ’တဲ့။
ကျွန် တော်က သူတို့ ပြောလာတာ နား မလည်တော့ စာအုပ်တောင်းကြည့် လိုက်ပါတယ်။ စာရွက်တွေက Recycle တွေပါ။ ညိုညစ်နေပါ တယ်။ အဲဒီမှာ ကင်းဝန်မင်းကြီးပုံဟာ မည်းမှောင်လို့ နေပါတယ်။ သူတို့ဘယ်လိုခံစားရတယ် ဆိုတာ ကျွန်တော်မသိပါ။ သေချာတာ တစ်ခုကတော့ သူတို့သိပ်မပျော်တာ ကိုတွေ့ရပါတယ်။ စကားပြောနေ ရင်းကျွန်တော်က သမီးကိုငေးကြည့် ပါတယ်။ ”သမီးရေ အဲဒီစာမျက်နှာ ၁ဝဝ လောက်စာအုပ် အကောင်းကို ရိုက်ရင် ဘယ်လောက်ကျမှာလဲ” ”တစ်ထောင်ကျော်ကျော်တော့ ကျမယ်အဖေ။ ရောင်စုံနဲ့ ၄ 4 Colour ဆိုရင်တစ်ထောင် အထက်ကျမယ်” ”ဈေးကြီးတယ်နော်”
”ဒါပေမဲ့ဖေဖေ အချို့မဂ္ဂဇင်း တွေဟာ သုံးထောင်ကျော် ရောင်းနေတာပဲ” စာအုပ်တွေ၊ မဂ္ဂဇင်းတွေ နှစ်ထောင်ကျော် ရောင်းနေတာ ကျွန် တော်တို့သိပါတယ်။
ယနေ့ကျောင်းသုံး စာအုပ်တွေကို အစိုးရကအခမဲ့ ချပေးနေတာကိုလည်း ကြားနေရပါ တယ်။ ကျွန်တော်တို့တစ်တွေ ဆင်းရဲ ကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ ကလေးတွေကိုတော့ ကောင်း ကောင်းပေးချင်ကြပါတယ်။ မိဘ တွေရဲ့စေတနာကို အားလုံးသိကြမှာ ပဲ။ လက်ရှိအခြေအနေမှာ ဆင်းရဲ ခြင်းက မလွတ်ကင်းသေးပါ။ သို့ သော်လွတ်မြောက်ပါမည်။ ကျွန် တော် လုံးဝယုံကြည်ထားပါတယ်။
ကျွန်တော်တို့ အစိုးရသစ်သစ်၊ စိတ်ဓာတ်သစ်သစ်နဲ့ ကျောင်းသုံး စာအုပ်တွေရောင်စုံနဲ့ သစ်သစ်လေး များဖြစ်လာမှာကို ယုံကြည်နေပါ တယ်။ ကျွန်တော်တို့ကလေးတွေ အတွက်ကျောင်းသုံး စာအုပ်လှလှလေး တွေရကြမှာပါ။
ဒေါက်တာခင်မောင်ညို
ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment