“မဇ္ဇျိမပဋိပဒါ”
သမိုင်းတင်ခေတ်၏ အစဖြစ်သော ဘီစီ ၅ဝဝဝ အနီးဆုံးထား၍ ခြေရာကောက်
ကြည့်လျှင် လူ့သမိုင်း၏ သက်တမ်းသည် နှစ်ပေါင်း ၅ဝဝဝ ကျော်ခဲ့ပြီဖြစ်သည်။
ထိုကာလများအတွင်းတွင် လူသား၏ အသိပညာသည် နယ်ပယ်အမျိုးမျိုးတွင် အံ့မခန်း
တိုးတက်လာနေသည်သာဖြစ်သည်။
ထိုသို့ အသိပညာများ တိုးတက်လာသည်နှင့် အမျှ လူသား၏ အသိအမြင် (သိမြင်မှု) များသည်
လူ့အဖွဲ့အစည်း အမျိုးမျိုးနှင့်ထပ်တူဖြစ်ပေါ်တိုးတက် လာခဲ့သည်။
လူပုဂ္ဂိုလ်တစ်ဦး (သို့) လူပုဂ္ဂိုလ်အချို့ ကို ကိုယ်စားပြုသော မည်သို့သော တွေးခေါ် မှုစနစ်နှင့်
မည်သို့သော တွေးခေါ်နည်း တွင်မဆိုထိုပုဂ္ဂိုလ်အစုများ အသက်ရှင်နေရ သော
ခေတ်ပြိုင် ကုန်ထုတ်စနစ် တမျိုးမျိုး၏ လူမှုထုတ်ကုန် (social product)
တမျိုးထက်မပိုခဲ့ပေ။
ကုန်ထုတ်စနစ် ဆိုသည်မှာ နိုင်ငံရေး နှင့် စီးပွားရေးစနစ်ကိုပေါင်းစည်းထားခြင်းဖြစ်သည်။(Socioec
onomic, Social Product)ဟု မှတ်ယူနိုင်ပေသည်။ ယနေ့ခေတ်၏
ထူးခြားချက်များ ကို မည်သူက မည်သို့ပင်ဖွင့်ဆိုဆို လူ့အဖွဲ့အ စည်း၏
အနှစ်သာရများသည် ထိုအခြေအနေကနေ ပြောင်းလဲမသွားခဲ့ပေ။ စီးပွားရေး
စနစ် (Basic) နှင့် နိုင်ငံရေးစနစ် (Superstructure)
ညီညွတ်နေသမျှ လူ့အဖွဲ့အစည်းသည် တည်ငြိမ်တိုးတက်နေမည်သာ ဖြစ်သလို ထိုအခြေခံနှစ်ရပ် သဟဇာတ မဖြစ်သော လူ့အဖွဲ့အစည်းသည် ယိမ်ထိုးဆုတ် နေမည်သာဖြစ်သည်။
သတိပြုရန်လိုသည်မှာ လူ့အဖွဲ့အစည်းတခု အတွင်းတွင် မတူခြားနားသော လူမှု
အစုများ ဖြစ်တည်လေ့ရှိသောကြောင့် ကွဲပြားခြားနားသော သိမြင်ယုံကြည်မှု၊ ယူဆမှုများ
ဖြစ်ပေါ်တည်ရှိနေမည်မှာ သေချာလှပေသည်။ ထိုသို့သော ဖြစ်စဉ်များကြောင့်လည်း
လူ့အဖွဲ့အစည်းအတွင်းတွင် ပဋိပက္ခဖြစ်မှုများ၊ ဝိရောဓိများ၊ တခုကိုတခုက တွန်းဖယ်မှုများ၊
သမူဟဖြစ်မှုများ၊ သဟဇာတဖြစ်မှုများ ဖြစ်ပေါ်ခဲ့သည်သာဖြစ်သည်။
သေချာသည်မှာလူ့အဖွဲ့အစည်း ကို အကျိုးပြုခြင်းမရှိသော အယူဝါဒ၊ သိမြင်ယုံကြည်မှုနှင့်
ကျင့်သုံးမှုများနေရာတွင် လူ့အဖွဲ့ အစည်း၏ တိုးတက်မှု(အကျိုးကို) ကိုယ်စားပြုသော
အယူဝါဒ၊ သိမြင်ယုံကြည်မှု နှင့် ကျင့်သုံးမှုများသည် ရှင်သန်ရပ်တည်၍
ဝင်ရောက်နေရာယူနိုင်ခဲ့သည်သာဖြစ်သည်။
ယနေ့ ကမBာတွင်ရှိသော ခေတ်သစ်လူ့အဖွဲ့အစည်းတိုင်းသည် လစ်ဘရယ်
ဒီမိုကရေစီကို ကျင့်သုံးနေကြသည်ဟု ဆိုကြရမှာဖြစ်သည်။ ထိုကြောင့် လစ်ဘရယ် ဒီမိုကရေစီ
သည် လူ့အဖွဲ့အစည်းတိုင်းအတွက်(Universal) ဖြစ်၍နေပေသည်။ ထို့အပြင်
သဘောတရား၊ အယူဝါဒ တခုခုကို လက်ခံကျင့်သုံးရာတွင် တိမ်းစောင်းမှု
နှစ်ခုရှိတတ်ပေသည်။
တခုမှာ ကိုယ့် ပကတိ အခြေအနေကို မျက်ကွယ်ပြုပြီး ပုံတူကူးချကာ
(Tranplant) လုပ်တာမျိုးဖြစ်၍ အခြားအစွန်းတခုသည် ဥခွံထဲကနေမထွက်ပဲ
ဝါးလုံးခေါင်းထဲတွင် လသာတာမျိုးဖြစ်သည်။
ပထမအစွန်းတခုသည် ပကတိလက်တွေ့ကို ပြစ်ပယ်တာမျိုးဖြစ်ပြီး နောက်အစွန်းတခုသည်
အခြေခံ အယူအဆ (Theory in general) ကိုပြစ်ပယ်ခြင်းဖြစ်သည်။
ဗုဒ္ဓဘုရားရှင် လက်ထက်တွင် အစွန်းနှစ်ပါးအကြောင်းနှင့် ပတ်သက်၍ လက်ဝဲစွန်း၊
လက်ယာစွန်း အလွန်အကျွံဖြစ်ခြင်းကို ပညာဖြင့်ထိမ်းသိမ်းနိုင်ရန်အတွက်
ဗုဒ္ဓကအသိပေးခဲ့ခြင်း ရှိခဲ့သည်။
ထိုအစွန်းနှစ်ပါးအပြင် အလယ်စွန်းရှိသည် ဆိုသောအခါ
အံ့သြခဲ့ကြရသည်။ ဗုဒ္ဓ၏ အဆိုအရ အလယ်တွင် အစွန်းတပါး ရှိနေသေးသည်။
ထိုအစွန်းသည် သိမ်မွေ့နက်နဲ၍ အလွယ် တကူမမြင်နိုင်သောကြောင့် မတွေ့ကြ၊ မသိကြ၊
မမြင်နိုင်ကြခြင်းဖြစ်သည်။ ယေဘူယျအားဖြင့် လက်ဝဲစွန်း၊ လက်ယာစွန်း အစွန်းနှစ်ပါးသည်
သိသာလွယ်သည်။
ဗုဒ္ဓက မဇ္ဇျိမပဋိပဒါ ကိုဟောကြားခဲ့သည်။ မဇ္ဇျိမပဋိပဒါ ၏အနက်မှာ “အလယ်အ
လတ်”သာဖြစ်၍ “အလယ်တည့်တည့်” ဟူ၍ ထင်မှတ်မှားလွယ်ကြသည်။ ဗုဒ္ဓ၏လမ်းစဉ်ကို
ခေတ်အရေးဖြင့် ရေးပါက ဥာဏ်လမ်းစဉ်သာဖြစ်ပြီး ဗုဒ္ဓကိုယ်တိုင်ပင် ဥာဏ်လမ်းစဉ်ဖြင့် ဗုဒ္ဓအဖြစ် ရောက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင်ပင်လျှင် ဗုဒ္ဓက မည်သို့သော
လုပ်ကိုင်ဆောင်ရွက် မှုမျိုးမဆို ဥာဏ်အရာကိုသုံးစေလိုသည်။ အသိမဲ့သောကြောင့်
လက်ဝဲစွန်းလက်ယာစွန်းတို့ကို လွယ်ကူစွာ ရောက်ရှိနိုင်ကြသည်။
“ မဇ္ဇျိမပဋိပဒါ ” သည် “အလယ်အလတ်”လမ်းစဉ်သာဖြစ်ပြီး “အလယ်တည့်တည့်” ဟူ၍ ချိန်ခွင်လျှာရှိသည့် လမ်းစဉ်မျိုးမဟုတ်ပေ။ “အလယ်တည့်တည့်”ဟု
တသမတ် အယူအဆ ရှိသူတို့သည် ဥာဏ်အရာကိုကောင်းစွာ မသုံးရာကျသည်။
ဗုဒ္ဓက ထိုအဖြစ်မျိုးကို လက်မခံနိုင်။
“ချင့်ချိန်၊ နှိုင်းဆ၊ သဟဇာတ ဖြစ်မှု”ကိုသာ အသိဖြင့် ဆုံးဖြတ်စေလိုခြင်းသာဖြစ်သည်။
လုယက်ခိုးဆိုးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတဦးသည် “တဝက်လျှော့” စနစ်
တ၀က်လောက်သာ ခိုးတော့မည်ဟု ကျင့်သုံးပါက ကောင်းမွန်သော်လည်း မှန်သည်မဟုတ်ပေ။
ကံငါးပါးကိုရှောင်လို၍ဒုစရိုက် သဘောကို ကောင်းစွာသိရှိလျှင် လုံးဝရှောင်ကျဉ်
ရန်သာဖြစ်သည်။
ဤသို့သောအခြေအနေတွင် “မဇ္ဇျိမပဋိပဒါ ” ၏ အလယ်စွန်းသည် အလယ်တည့်တည့်၌ ရှိမနေပေ။ အခြားတဖက်ဖြစ်သော အစွန်းနှင့် ကပ်လျှက်ရှိနေ၏။ထို့ကြောင့်ပင် အလယ်စွန်းဟု ပြော၏။
အလယ်မှတ်နေရာသည် အလယ်တွင်မရှိ တခြားအစွန်းတဘက်တွင် ရှိနေသည်ကို ဆိုလိုခြင်းဖြစ်သည်။
အခြေအနေဖြစ်ရပ်တို့ ပေါ်တွင်မူတည်၍ “မဇ္ဇျိမပဋိပဒါ”အလယ်အလတ်
လမ်းစဉ်သည် နှစ်ဖက်စွန်းကြား သင့်လျှော် ရာနေရာတွင် ရှိနေနိုင်ပါသည်။
ကျင့်သုံးသူ၏ ဥာဏ်အမြော်အမြင်၊ ပညာပေါ်တွင်မူတည်၍ “အမှတ်မှန်”ကို ရရှိနိုင်ပေသည်။
သတ္တလောကကြီး တခုလုံးတွင် “လူ”ဟူသည်သီးခြားအသိအမှတ် ပြုအပ်သော မျိုးစိတ်တခုဖြစ်သည်။
ကျန်သက်ရှိတို့ကို တိရိစ္ဆြွာန် ဟုခေါ်သည်။ တိရိစ္ဆြွာန်လောကတွင် အိပ်၊ စား၊ ကာမ ထက်ပိုသော အသိဥာဏ်ထူးမရှိသလို အင်အားကြီးသူ နိုင်စတမ်းဟူသည့် သဘာဝပေးသော အသိ
ကို ရရှိကြသူများဖြစ်သည်။
ကိုယ့်အကျိုး၊ မိသားစုအကျိုး၊ လူ့အသိုင်း အဝိုင်းအကျိုးမှသည် ကိုယ့်လူမျိုးအကျိုး၊
ကိုယ့်နိုင်ငံအကျိုးအထိတွေးတောကြံဆ ဆောင်ရွက် နိုင်သူမှာ “လူ”တမျိုးတည်းတွင်သာရှိသည်။
အခြေခံလူတို့ ခံစားကြရသော လောဘ၊ ဒေါသ၊ မောဟ တို့ကို အမှန်၊
အမှားဟု သုံးသပ်ယူဆ ထိမ်းသိမ်းနိုင်ခြင်းမှာ ပညာ သာဖြစ်သည်။ ပညာနည်းလျှင်
လောဘကြီးသည်၊ မောဟ ကိုမဖယ်ရှားနိုင်ပေ။
“မဇ္ဇျိမပဋိပဒါ” (အလယ်အလတ်လမ်းစဉ်) သည် ကာလ၊ ဒေသ၊ ပရောဂ တို့ကို
ထည့်သွင်းစဉ်းစာ၍ သင့်လျှော်ရာကို လက်ခံသည့် ပညာသာဖြစ်ပေသည်။
လူများ၊ လူမှုအစုများသည် မတူခြားနားသည့် လူမှုအဆင့်အတန်းများကို
ပိုင်ဆိုင် ရယူထားကြခြင်းကြောင့် မတူခြားနားသော တန်ဖိုးနှင့် အကျိုးစီးပွားကို
ကိုယ်စားပြုလေ့ရှိကြ သည်။
ထိုကဲ့သို့ ခြားနားသော ကိုယ်စားပြုမှုများသည်ခြားနားသောရပ်တည်မှုများကို
ဖြစ်ပေါ်စေခဲ့သလို ထိုခြားနားသည့် ရပ်တည်မှုများကလည်း ခြားနားသည့်ကျင့်သုံးမှု အမျိုးမျိုးကို ဖြစ်ပေါ်လာစေမှာဖြစ်ပေသည်။
လူ့အဖွဲ့အစည်း၏ လိုအင်ကို အကျဉ်ဆုံးချုံ့လိုက်လျှင် လူမှုဘဝ
လုံခြုံဖူလုံမှုပင်ဖြစ်သည်။ ထိုသို့ လူမှုဘဝ လုံခြုံဖူလုံမှု ရရှိစေရန် ထိုလူ့အဖွဲ့အစည်းကို
ဦးဆောင်သောသူများသည် မိမိအကျိုး၊ မိမိ မိသားစုအကျိုးထက် ကျော်လွန်၍
မိမိဦးဆောင်သော လူ့အဖွဲ့အစည်း၏အကျိုးကို ပိုမို၍ရှေ့ရှု့သင့်ပေသည်။
ထိုသို့မိမိဦးဆောင်သော လူ့အဖွဲ့အစည်း၏အကျိုး (သို့) မိမိအပါအဝင်
ဖြစ်သော လူ့အဖွဲ့အစည်း၏ အကျိုးကိုရှေရှုရာတွင် မိမိ၏အကျိုးနှင့်
မိမိ၏လူ့အဖွဲ့အစည်းအကျိုးတို့ ယှဉ် လာပါကလည်း ဗုဒ္ဓ၏ “မဇ္ဇျိမပဋိပဒါ ”လမ်းစဉ်
အရ အလယ်စွန်းတခုတွင် ရှိနေရမည်သာဖြစ်သည်။
ထိုအလယ်စွန်းသည် အစွန်းနှစ်ဖက်နှင့် အစွန်းနှစ်ဖက်ကြား
တနေရာရာသာဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ ကိုဖယ်ခွာ၍ ပညာကို
အခြေခံမှသာ ထို အလယ်စွန်းနေရာကို သိမြင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့်လူ့အဖွဲ့အစည်း (သို့) လူမှုအဖွဲ့အစည်း၏ ကံကြမ္မာသည် ထိုအဖွဲ့အစည်းကို
ဦးဆောင်မည့် သူများ၏ ပညာအခြေခံပင်ဖြစ်သည်။
သို့ရာတွင်လည်း ဗုဒ္ဓဦးဆောင်သော လူမှုအဖွဲ့အစည်း၏ အယူဝါဒနှင့်
ဒေဝဒတ် ဦးဆောင်သော လူမှုအဖွဲ့အစည်း၏ အယူဝါဒသည် ကွဲပြားခြားနား
နေမည်သာ ဖြစ်ပေလိမ့်မည်။
တင်မြင့်မော်
source.... Alineain Magazine
(ဖတ်ဖူးခဲ့တဲ့စာလေး သတိတရရှိတာနဲ့တင်လိုက်တာပါ၊)
No comments:
Post a Comment