ရာဇဝင်ထဲမှာ ဟင်းရွက်ကန်စွန်းလို ထားရစ်ခဲ့
၂၇၊ ၅၊ ၂၀၁၂
ဒီကနေ့ဟာ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ပြည်သူလူထုက ယုံယုံကြည်ကြည် အပ်နှင်းလိုက်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ တနည်း ပြည်သူလူထုရဲ့ ဆန္ဒကို ဟင်းရွက်ကန်စွန်းလို အလေးမထား ပစ်ပယ်ခဲ့ပြီး စစ်တပ်ကိုယ်စားပြု အစိုးရအနေနဲ့ ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေကို အဓမ္မအတည်ပြုခဲ့ပါတယ်။
ဒီကနေ့မှာ ၁၉၉၀ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခါတိုင်းနှစ်တွေနဲ့မတူ တိတ်တဆိတ် ဖြတ်သန်းခဲ့တာကို သတိထားမိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ အဲဒီတုန်းက သီချင်းလေးကို ပြန်လည်ဖော်ပြရင်း မှတ်တမ်းတင်လိုက်ပါတယ်။
Admin:
Admin:
No comments:
Post a Comment