Tuesday, December 11, 2012

ရာဇမဏိစူဌာ ကောင်းမှု့တော်ဘုရား
(စစ်ကိုင်း ကောင်းမှု့တော်စေတီ)


ကောင်းမှု့တော်စေတီသည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ ၀ယ်တကယ်ရှိသည် မဟုတ် ဆယ်မီတာ သို့မဟုတ် ၆ မိုင် ခန့်အကွာ စစ်ကိုင်း တောင်ရိုးအစွန်တခု ၀ယ်တည်နေတော် မူပါသည်။ ယင်းကောင်းမှု့ ဒကာဘုရင်သည် ဟံသာဝတီမင်းဆက် သာလွန်မင်းတရား ဖြစ်၍ ၁၆၄၆ ခုနှစ်က တည်ထောင်ပြု ၏။

ထိုဒကာတော်မင်းသည် ပဲခူး ဟံသာဝတီ မြန်မာ နန်းမြို့တော်ကို ၁၆၃၅ ခုနှစ်တွင် ရွှေ့ပြောင်းနန်းစိုက်တော်မူရာ အင်းဝတည်ထောင် ဒုတိယပြည်ထောင်စု အဖြစ် အမှတ်တရ သင်္ကေတ ပြုဖို့ ရည်ရွယ်ခဲ့သည် ဟုဆို၏။ သို့သော်စေတီတော်က ကန္တီမှ ဗုဒ္ဓစွယ်တော် ဌါပနာတော်မူရန် နှင့် ဓမ္မစေတီဘုရင်၏ တံခိုးပြာ ဒိတာဟာပြ သပိတ်လည်း ပါရဖို့ရှိခဲ့သည်။ ယင်းပစ္စည်း မူလက ပဲခူးမဟာစေတီတွင် ကိန်ဝပ်ခဲ့ရသည်။ (ဓမ္မစေတီ ဘုရင်သည် ရှင်ထွက် တဦးဖြစ်ရုံ မျှမက ရာဇဓိရာဇ် ဘုရင်သမီးတော်၊ နောက်ပိုင်း ဘုရင်မ ရှင်စောပု၏ ဆရာနှစ်ပါး အနက်တစ်ပါးလည်းဖြစ်ခဲ့သည်။


ရွှေဆေးသင်္ကန်းမကပ်မှီ ကောင်းမှု့တော်စေတီ

နောက်ဆရာမှာ ဓမ္မပါလ အမည်ရ၏။ ကောင်းမှု့တော် စေတီသည် ကြက်ဥသဏ္ဍာန် ထိပ်ဖူး ခုံးခုံးမှာ အ၀န်း အားဖြင့် ပေ ၉၀၀ သို့မဟုတ် ၂၇၄ မီတာရှိပြီး ၁၅၁ ပေ သို့မဟုတ် ၄၆ မီတာမြင့်ရှာသည်။ ပစ္စယံ ၃ ဆင့်အလားတူ အ၀ိုင်းဆင့်ခံထား၍ စေတီယင် ပြင်ပရဂုဏ်ကား နတ်မင်း အပါး ၁၂၀ အား ကိုယ်စီနတ်နန်း ထွင်း၍ ထားပြီး စေတီတော်တဆူလုံးကို မူ ၅ ပေ သို့မဟုတ် ၂.၅ မီတာဖြင့် ကျောက်ဆစ်ထု ကျောက်သားတိုင် အခိုင်အမာ ၈၁၂ ခု သောအကာအရံ တို့ဖြင့် အတွင်း၌ မူခေါင်း ပေါက်ထိပ်ထိ ဖောက်ထားဘိ၏။

သီတင်းကျွတ် တာသတိံသာ မီးပူဇော်ကြရာဝယ် တနိုင်ငံလုံး ဗုဒ္ဓဘာသာဝင် အားလုံး ဘုရားသာ အရောက်လာဖူး မြော်၍ ၀ါတွင်းကာလ ကုန်ဆုံးရအဖြစ် လှစ်ကျူးကော်ရော် ပူဇော်ကြသည်မှာ ဆီမီးခွက် တို့ကို တရင်ပြင်လုံး အပြည့်ဖုံးမျှ ထွန်းညှိကြလေသည်။ ဘုရား၏ တဒေါင့်တွင် ၈ ပေခွဲ သို့မဟုတ် ၂ မီတာခွဲ စေတီရင်ပြင်ဝယ် စိုက်ထူထားသော ကျောက်တိုင်က ကောင်းမှု့တော် သမိုင်းကို ဖော်ပြထားပါသည်။ ဘုရား၏ အနောက်ဖက် ကန် ၂ ကန်အနက် တကန်က မေတ္တာကန် ဟုအမည်ပေးထား၍ ကန်ဝန်းကျင်ရှိ မည်သည့် သစ်ပင်ကမှ အရွက်တခုတလေမှ ကန်မျက်နှာပြင် ကြွေကျသက်ဆင်းခြင်း မရှိဟုသိရသည်။ (မြန်မာဝီကီ)






နှစ်ပေါင်းသုံးရာကျော် ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ် ကိုင်းမြို့၊ ကောင်းမှုတော်စေတီတော် ကြီးအား လုံးပတ်တော်ပြည့် ရွှေဆေးသင်္ကန်းကပ် လှူပူဇော်ခဲ့ရာ ယခုလ၌ အလုံးစုံပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး သိန်းပေါင်းသုံးထောင် ကျော်ကျသင့်လှူဒါန်း ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

စေတီတော်ကြီးသည် အမြင့် ဥာဏ်တော် ပေ ၁၈၈ ပေနှင့် လုံး ပတ်တော်ပေ ၈၈ဝ ရှိပြီး ထီးတော် မှာ မူလရှေးဟောင်းလက်ရာရွှေသား အစစ်ဖြစ်ကာ အဆိုပါထီးတော်ကြီး အား ရွှေသားသင်္ကန်းကပ်လှူရာ၌ ကျပ်ငွေ ၉၂ သိန်းကျော် ကုန်ကျ ခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးတုတ် ကပြောသည်။
”အလှူရှင်တွေရဲ့ လှူဒါန်းငွေက စုစုပေါင်း သိန်းပေါင်း ၇၄၅၈ သိန်းနဲ့ ၇၂၆၅၇ သောင်း ရခဲ့ပါ တယ်။ ထီးတော်အပါအဝင် ရွှေ ဆေးသင်္ကန်းနဲ့ အလုံးစုံပြုပြင်မွမ်းမံခဲ့တာက သိန်းပေါင်း ၃၄၁၆ သိန်း ကျော် ကုန်ကျခဲ့ပါတယ်။ နောက် ထပ်လည်း လိုအပ်တဲ့နေရာတွေ ပြု ပြင်မွမ်းမံမှု ဆက်တိုက်ပြုလုပ်နေပါ တယ်” ဟု ၄င်းက ဆိုသည်။


ဈေးဆိုင်တန်း

၎င်းအပြင် စေတီတော်ကြီး၏ လျှပ်စစ်မီးအချိန်ပြည့်ရရှိနိုင်ရေးနှင့် လက်ရှိတွင် ကျပ်သိန်း ၁ဝ၈ သိန်း ခန့် အကုန်အကျခံတပ်ဆင်ထား သော ရှိရင်းစွဲဘုရားဆလိုက်မီး ၄ လုံးအပြင် ထပ်မံ၍ဆလိုက်မီး ၁၁ လုံးခန့် တိုးချဲ့တပ်ဆင်ပူဇော်သွား ရန် စီစဉ်နေကြောင်း သိရသည်။
ယင်းကဲ့သို့ နှစ်ပေါင်း ၃ဝဝ ကျော်ကာလအတွင်း ဘုရားကြီးအား နှစ်စဉ် ထုံးသင်္ကန်းသာ ကပ်လှူခဲ့ရာမှ ယခုကဲ့သို့ ရွှေဆေး သင်္ကန်းကပ်လှူမှုများဆောင်ရွက် နေ သည့်အပြင် ဘုရားကြီး၏ ရှေ့ နောက်မုခ်ဦးအဝင်များတွင် အပန်း ဖြေဥယျာဉ်နှစ်ခုတည်ဆောက်လျက် ရှိကြောင်းလည်း ၄င်းကထပ်လောင်း ပြောသည်။

”အနောက်ဘက်မုခ်က ဥယျာဉ်မှာတော့ အရိပ်ရအပင်တွေ ပေါ့။ ကျွန်း၊ အင်ကြင်း၊ တမာနဲ့ အပင်ကြီးတွေစိုက်မယ်။ ရှေ့ဘက်မုခ်မှာတော့  ပန်းမျိုးစုံနဲ့ အလှ ဥယျာဉ်ပေါ့။ ဒါကိုမြို့နယ်စည်ပင် သာယာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်။ အဲဒါနဲ့အတူ ဘုရားဖူးကားတွေအတွက် ကားဝင်းတစ်ခုနဲ့ စား သောက်ဆိုင် တွေထား ရှိပေးသွားဖို့ လည်း စီစဉ်ညှိနှိုင်းနေ ပါတယ်” ဟု ၄င်းက ဆိုသည်။

သာလွန်မင်းတရားကြီး၏ အလှူတော်ဖြစ်သည့် ကောင်းမှုတော်စေတီကြီးမှာ မြန်မာနိုင်ငံ၏ အထင်ကရသမိုင်းဝင်စေတီကြီး တစ်ဆူဖြစ်ပြီး လက်ရှိပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရာ၌ ရှေးဟောင်း လက်ရာများ မထိခိုက်မပျက်စီးစေရန် စနစ်တကျဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နှစ်စဉ်ပြည်တွင်းပြည်ပ ဘုရားဖူးများဖြင့် စည်ကား လျက်ရှိ ကြောင်း သိရသည်။(popular myyanmar)

ဘုရားရင်ပြင်တော်တစ်လျှောက်မှာလည်းအရိပ်ရအပင်တွေနဲ့ဘုရားဖူးတွေနားနေလို့ရအောင်ရှိနေပါတယ်။
သနပ်ခါးကြိုက်သူတွေအတွက်ကလည်း သနပ်ခါးကျောက်ပြင်အကြီးကြီးကိုထားပေးထားပါတယ် ။
သနပ်ခါးသည်တွေကလည်းပေါသလို သနပ်ခါးတွေကလည်းမွှေးလှပါတယ်။

နောက်ပြီးတော့ရှိသေးတယ် .ဇီးဖြူသီးပင်တွေလည်းဘုရားရင်ပြင်တော်ပေါ်မှာရှိနေတာ ကြိုက်သလိုခူး၊
ကြိုက်သလိုကောက်။ဘုရားနားမှာ ကြာ်ဆိုင်ကလေးနဲ့။ ဆိတ်သားခြောက်ဖုတ် လည်းရပါတယ်။
တခေါက်လောက်ရောက်အောင်ထပ်သွားကြည့်ကြပါဦး။

(မောင်မျိုးရဲ့ ဘုရားစွယ်တော်အစစ် ဆောင်းပါးကိုဖတ်မိပြီး ဒီပို့စ်လေးကိုတင်ဖြစ်ပါတယ်။)

No comments:

Post a Comment