ရွှေဘိုမြို့သည်စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့်
ကုန်းဘောင်ခေတ် ၊ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။
ကုန်းဘောင်ခေတ် ၊ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့များ အနက် တစ်မြို့လည်းဖြစ်သည်။
"ဥသြအော်မြည် ကုန်းဘောင်တည်" ဆိုသောစကားအရ ရွှေဘိုမြို့ကို မြန်မာသက္ကရာဇ် ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) တွင် တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားက မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့သည်။ ရွှေဘိုမြို့ ဖြစ်လာမည့် ဒေသကို ယခင်က မုဆိုးဖို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ ဟု ခေါ်ကြသည်။အလောင်းဘုရားက အင်းဝပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး ဟံသာဝတီ၏ တွန်းလှန်ကာ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်း ခေါ်ဆိုကြသည်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြသည်။ အလောင်းဘုရားသည် သံလျှင်ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေ၏။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ညာသံပေးကာဝင်ရောက်ကြလေ၏။ ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြလေသည်။
ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိပေသည်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်သည်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်သည်။
ရန်ကြီးအောင်၊ ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။
(http://wikimyanmar.co.cc မှကူးယူဖော်ပြသည်.....)
![]() |
မြို့တွင်းတစ်နေရာက ဦးအောင်ဇေယျ ရုပ်တု |
![]() |
မဟာအောင်မြေ ဆုတောင်းပြည့်မြတ်စွာဘုရား |
![]() |
မဟာအောင်မြေ ဗိမာန်တော် |
![]() |
ပုဂံမင်းတို့၏ အနွယ်ဖြစ်သော တောင်သူကြီး ဦးအောင်ဇေယျသည် ထူးခြားသောကုန်းမြေပေါ်မှာ ကြန့်ကြန့်ခံ၍ ရန်သူကျားကို အနိုင်ယူလိုက်သော သမင်ကို မြင်ရသဖြင့် ပထမအကြီမ် အံ့သြနေပုံ |
![]() |
ဦးအောင်ဇေယျသည် ထူးခြားသောကုန်းမြေပေါ်မှာ ကြန့်ကြန့်ခံ၍ ရန်သူမြွေကြီးအား အနိုင်ယူလိုက်သော ဖားကို မြင်ရသဖြင့် ဒုတိယအကြီမ် အံ့သြနေပုံ |
![]() |
ယင်းထူးခြားသောကုန်းမြေကို ရှေးအစဉ်အဆက်က တိမ်မြုပ်နေသော သမိုင်းဝင်အောင်မြေ ဖြစ်ရမည်ဟု သဘောပေါက် ယုံကြည်လျှက် အောင်မြေကို နင်းပြီး စစ်ရေးပြင်ဆင်နေပုံ |
![]() |
အလောင်းမင်းတရားကြီးသည် သက္ကရာဇ် ၁၁၂၁ ခုနှစ် ပြာသိုလဆန်း(၃) ရက် ၊ သောကြာနေ့တွင် ရန်ကုန်မြို့မှ ရေကြောင်းချီ၍ အယုဒ္ဓယမြို့သို့ စစ်ချီတော်မူခန်း |
![]() |
အလောင်းမင်းတရားကြီးဘွဲ့ကို ခံယူတော်မူသော ဦးအောင်ဇေယျသည် အောင်မြေကို နင်းလျှက် အောင်ပွဲကိုဆင်နွှဲခဲ့ရာ ရန်သူတို့က အရှုံးပေး၍ သစ္စာခံယူနေကြပုံ |
အောင်မြေမော်ကွန်း
- ဥသြအော်မည် ကုန်းဘောင်တည်ဟု သမိုင်းတွင်ဆို မုဆိုးဘိုသည် သပြေညိုပန်း ရွှေဘိုနန်းနှင့် စခန်းအောင်မြေရှိရာပေတည့်။
- နန္ဒာကန်မင်း တည်ထားခြင်းကြောင့် ရေသွင်းယာလည် သီးနှံကြွယ်လျှက်၊ ရွှေဝါစပါး လွန်ပေါများဘိ။
- မောဓောမြင်သာ စေတီမဟာနှင့် ဝေးနယ်ထင်ရှား စေတီများသည် ဘုရားသာသနာ ထွန်းပရာဟု သက်သေပြု၏ ။
- အလောင်းမင်းတရား တည်ထားကုန်းဘောင် သမိုင်းပြောင်သည့် ရန်မျိုးအောင်ရာ ဤနေရာတွင် အောင်မြေကိုနင်း ဆောင်ရွက်ခြင်းကြောင့် အောင်ခြင်းမင်္ဂလာ ပြည့်စုံစွာဖြင့်
အောင်ပွဲရာထောင် အောင်ကျိုးဆောင်မည့် နောင်လူအများသိစေသတည်း ။
ရွှေဘုံရတနာနန်းတော်သို့
မော်ဓောမြင်သာ (မြို့ထောင့်စေတီ)
စေတီတော်
သမိုင်းကတော့ ရွှေဘိုနားမှာ “ပဲခိုးကုန်း” ဆိုတဲ့ ရွာလေးတရွာ ခုထက်ထိ
ရှိပါတယ်။ အဲဒီရွာလေးဟာ အလောင်းဘုရားကို မွန်ဘုရင်က ပဲခူးမှာ သမီးတော်
ပင်တိုင်စံ ဆက်လိုက်တဲ့အခါ သမီးတော်နဲ့အတူ အခြွေအရံ ၂ဝဝ ကျော် ၃ဝဝ လောက်
ပါလာတာကို နေရာချထားလို့ ရွာဖြစ်နေတဲ့ နေရာပါ။ မွန်မင်းသမီးကိုလဲ
အလောင်းမင်းတရားက အလွန်မြတ်နိုးပါတယ်။တစ်နေ့တော့ မင်းသမီးက ပဲခူးက သူတို့ ရွှေမော်ဓော ဘုရားကို အဖူးမြော် ပြန်ပါရစေလို့ အလောင်းမင်းတရားကြီးကို ခွင့်ပန်သတဲ့။ အလောင်းမင်းတရားကြီးက ရွှေမော်ဓောစေတီတော်ကို သူလည်း ကြည်ညိုတယ်၊ ဒါကြောင့် ပဲခူးမှာ သူရှိစဉ်က ပန်းချီကျော်တဦးကို ဘုရားပုံတော်တွေ ရေးဆွဲယူခဲ့စေတယ်။ ခုရွှေဘိုမြို့တော်မှာ အဲဒီ ရွှေမော်ဓောစေတီ အချိုးအစားအတိုင်း တည်ထား ကိုးကွယ်မယ်။ မိဖုရားလည်း ရွှေမော်ဓော ကို အလွမ်းပြေ ဖူးရရောပေါ့လို့ဆိုပြီး ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) မှာ တဆယ့် ခုနစ်တောင် အမြင့်ရှိတဲ့ “ဣန္ဒသာလာ” ဆိုတဲ့ ကုန်းမြေပေါ်မှာ ဖိနပ်တော် ၄၅ တောင် ဥာဏ်တော် ၆၇တောင်နဲ့ ၁ ထွာရှိတဲ့ စေတီကို ရွှေမော်ဓော ပုံစံမျိုးနဲ့ တည်ထားပြီး သောကြာသား အလောင်းမင်းတရားကြီးရဲ့ နံတော်လည်းပါအောင် “မော်ဓော မြင်သာ” လို့ ဘွဲ့တော် တပ်ချီ လိုက်ပါသတဲ့။
ဒီစေတီဟာ မြို့တနင်္ဂနွေထောင့်မှာရှိတာမို့ “မြို့ထောင့်စေတီ” လို့ အလွယ်ခေါ်ကြသလို၊ နှစ်စဉ်ကျင်းပတဲ့ ဘုရားပွဲတော်ကိုလည်း မြို့ထောင့် စေတီပွဲလို့ ခေါ်ကြပေမယ့် အလောင်းမင်းတရားကြီး တည်ထား ကိုးကွယ်ခဲ့တဲ့ နံတော်သင့် ဘုရားမို့ “စေတီတော်” လို့ ခေါ်ကြပြီး၊ ပွဲတော်ကိုလည်း “စေတီတော်ပွဲ” လို့ ခေါ်ကြတာပါ။ စေတီတော်ပွဲရက်က တော်သလင်းလပြည့်ကျော် ၁ဝ ရက်မှာစပြီး လကွယ်နေ့မှ ဆွမ်းချပွဲနဲ့ အပြီးသတ်တယ်လို့ သိရပါတယ်..
[မဇ္ဈိမသတင်းဌာန - မှ အချို့အချက်များကိုကူးယူဖော်ပြသည် Click Here...]
ရွှေဘိုသနပ်ခါး
![]() |
မြန်မာ့ရိုးရာရွှေဘိုသနပ်ခါး |
ရွှေဘိုမြို့နယ်မှထွက်သော
“ရွှေဘိုသနပ်ခါး” သည် မြန်မာအမျိုးသမီးတို့၏
ပါးမို့ထက်တွင် ဂုဏ်ထည်စွာ နေရာယူလေ့ရှိပေသည်။ ၀ါညက်ဝင်း၍
မွှေးရနံ့သင်းသော ရွှေဘိုသနပ်ခါးကို ထက်အောက် အညာအကြေတွင် မြတ်နိုးသူများလဲပေါလှပါတယ်..၊
ပါးမို့ထက်တွင် ဂုဏ်ထည်စွာ နေရာယူလေ့ရှိပေသည်။ ၀ါညက်ဝင်း၍
မွှေးရနံ့သင်းသော ရွှေဘိုသနပ်ခါးကို ထက်အောက် အညာအကြေတွင် မြတ်နိုးသူများလဲပေါလှပါတယ်..၊
ရွှေဘိုသနပ်ခါးသည် နာမည်ကျော် တော်ဝင်သနပ်ခါး ဖြစ်ခဲ့ပေသည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ လက်ထက်တော်က
ရွှေဘိုခရိုင်ရှိ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း
“သီဟတော” ဘုရား၏ အောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ရှေးက
“သိန်းကတောနယ်မြေ” ဟူသောနယ်မြေတစ်ကွက်ရှိ၏
“သီဟတော” ဘုရားနယ်ပယ်လှူဒါန်းရန်အတွက်
ရွှေကြိုးသတ်မှတ်ရာတွင် ဘုရားဝတ္တကမြေအတွင်းမပါရှိဘဲ
ကွက်ကျန်နေသည့်အတွက် “တစ်ကွက်” ဟုတွင်ခဲ့သည့်နေရာမှာ
ယခုအခါ ကာလရွေ့လျော၍ “ကဗွက်” ဟုခေါ်သောရွာဖြစ်နေပေပြီ။
ယင်းနယ်မြေမှ အကောင်းဆုံး သနပ်ခါး “နန်းသုံးတော်ဝင်သနပ်ခါး” ထွက်သည်ဟု
ရွှေနန်းတော်ကြီးက အသိအမှတ်ပြုခံခဲ့ရသည့် အထောက်အထားများရှိခဲ့သည်။
ကဗွက်ရွာနှင့် တဆက်တည်းရှိသည့် ကုတ်တက်ရွာအနီး
နွားချေးတောင်တွင် ပေါက်သော သနပ်ခါးများသည်
အပွေးနီဝါရောင်ရှိ၍ရနံ့ အလွန်မွှေးထုံသဖြင့် “သိန်းကတော”
တိုက်သူကြီးမင်းက ယင်းသနပ်ခါးများကို ခုတ်ယူစုဆောင်းပြီး
ပြည်ရွှေဘို နန်းတော်တွင်းသို့ ဆက်သွင်းခဲ့ရသည်ဟု သိရပါသည်။
နွယ်ငြိမ်းသို့
ရွှေဘိုင်ခရိုင်၊ ကျောက်မြောင်းမြို့အနား
ဧရာဝတီမြစ်ကမ်းဘေးက နွယ်ငြိမ်းကျေးရွာလေးကိုလဲရောက်ခဲ့တယ်..။
နွယ်ငြိမ်းဒေသထွက် စဉ့်ပစ္စည်းများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO စစ်ဆေးမှုအရ
ပလတ်စတစ်ပုံးများတွင် ထည့်ထားသော ရေများကဲ့သို့ဘေးအန္တရာယ်လုံးဝမရှိကြောင်း
ထောက်ခံချက်ပေးထားပြီး ခဲဆိပ်သင့်မှုမရှိဘဲကာဘွန်ဓာတ် ပါဝင်မှု နည်းပါးကာ
မီးဖုတ်ရာတွင် အပူချိန် ၁၂ဝဝ အထိပေးထားရသဖြင့် အဆိပ်အတောက် လဲကင်းစင်ပါတယ်။
ကျောက်မြောင်းမြို့အ၀င် ဆိုင်းဘုတ်
နွယ်ငြိမ်းရွာထဲသို့
စဉ့်အိုးလုပ်ငန်းခွင် တစ်နေရာ
စဉ့်အိုးလုပ်ရာတွင် အပေါ်တစ်ခြမ်း အောက်တစ်ခြမ်း သက်သက်ပြုလုပ်ပြီးမှ
အပေါ်အောက် ပြန်ဆက်ပြီး အချောပြန်လုပ်ရသည်ဟု သိရပါသည်။
အပေါ်အောက် ပြန်ဆက်ပြီး အချောပြန်လုပ်ရသည်ဟု သိရပါသည်။
အပေါ်အောက် ဆက်ပြီး စဉ့်အိုးကို အချောမကိုင်မီ နှင့် အချောကိုင်ပြီး တွေ့ရပုံ
ရေအိုးပတ်လည် အလှဆင်
အိုးများကို မီးဖုတ်သည့်လှိုဏ်
မီးဖုတ်ပြီး အိုးများကို စဉ့်သုတ်ကာ နေပူလှန်းထားခြင်း
စိတ်ဝင်တစား ဂျာဂျာ့ မောင်နှမများ
ရေအိုးအတွင်းထဲသို့ စဉ့်သုတ်နေပုံ
စဉ့်ခြောက်သွေ့စေရန် နေပူပြရသည့်အပြင် အိုးအတွင်း မီးအပူပေး၍လည်း အခြောက်ခံကြသည်
စဉ့်ရေခြောက်သွေ့ပြီး အသုံးပြုနိုင်သော အိုးများ
စဉ့်အိုး သယ်ယူပို့ဆောင်ရေးယာဉ်
စဉ့်အိုးများဖြင့် အလှဆင်ထားသော လမ်း
ဂျာဂျာ
(လူထုဒေါ်အမာရဲ့ ရွှေဘိုမြို့ထောင့်စေတီပွဲတော်အကြောင်းကို ပို့စ်တင်ပြီး
စိတ်ကူးပေါ်တာနဲ့ ရွှေဘိုမြို့အကြောင်းကို ရှာဖွေတင်ဆက်ပါတယ်။ မူရင်းတင်ဆက်သူ
ဂျာဂျာ ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားပါတယ်။)
No comments:
Post a Comment