အတွင်း ဝင်ရုံဖြင့် အပြင် ကိုလည်း သိသည်
လူ တစ်ယောက် အတွက် မိမိ ရဲ့ အတွင်း သန္တာန် အတွင်း ဝင်ဆံ့နိုင်ဖို့သာ အဓိက ဖြစ်တယ် ။ ဒီစကားကို ကျနော် မကြာ ခဏ ပြော ပါတယ် ။ အကြောင်းက ခင်ဗျားရော ကျနော်ရော အပြင်ပ လောက အတွင်း ဖြတ်သန်း ခဲ့တာ ရှည်ကြာ လွန်း လှပြီရယ်။ ယခု အချိန် အခါ ဟာ ပထမဆုံး အကြိမ် အတွင်း ကို ပြန်လျိုး ဝင်ဖို့ ဖြစ်ပါတယ်။ မိမိ အတွင်း သန္တာန်ရဲ့ အမြိုက် အရသာကို သုံးဆောင် ကြည့်စေ ချင်တယ်။
ဘာလို့ဆို တကယ် လို့သာ ခင်ဗျား တကြိမ်တစ်ခါ သုံးဆောင် ဖူးခဲ့ရင် ပြင်ပလောကဓာတ် ဆိုတာ စင်စစ် မ ရှိကြောင်း မြင်တွေ့ ရ မှာ မို့ လို့ ပဲ။ တကယ့် အလှ အပ ကို မြင်တဲ့ အခါ ပြင်ပမှာ နကို မြင်တွေ့ခဲ့ရတဲ့ အလှအပတွေဟာ အရာ မဝင်တော့ ဘူး ရယ် ဟုတ်တယ်ဟုတ် ? စင်စစ် လည်း ပြင်ပ လောက ရဲ့ အလှအပ လို့ ထင်မြင်သမျှ ဟာ အတွင်းသန္တာန်ရဲ့ အရိပ်ရောင် ပြန် တွေ သာ ဖြစ်နေ တာ တွေ့ရမယ်။
ဆိုပါစို့။ ခင်ဗျား လ အစစ်ကို မြင်တွေ့ခဲ့ဖူးတယ်။ ဒါဆိုရင် ကန်ရေပြင်မှာ ထင်ဟပ်နေမယ့် လရိပ် အပေါ် စိတ်အနှောင့် အယှက် ဖြစ်နေ မှာ မဟုတ်ဘူး ။ အလားတူ - ပြင်ပလောက ဟာ အတွင်းသန္တာန် ရဲ့ ရောင်ပြန်မျှ ဖြစ်တယ်။ အဲ့ဒါကို ခင်ဗျား ရဲ့ အတွင်း အဇ္ဈတ္တ ထဲ ငုံ့လျိုး ဝင်ရောက် ချိန် မှာ တွေ့တယ်။ ခင်ဗျား လျိုးဝင် သွားဖို့သာ လိုပါတယ်။ အဲ့အခါ ပြင်ပလောက အပေါ်လည်း ခင်ဗျား စိတ် အနှောင့် အယှက် ဖြစ် မနေတော့ဘူးပဲ။
ဒီ အချိန်မှာ စိတ်ကူး အတွေးတွေက ခင်ဗျားကို ပြန်ပြောနေမယ် - "ဒါလုပ်လို့ ဘာဖြစ်မှာလဲ။ ခင်ဗျား အခု ဘာလုပ် နေတာလဲ။ ခင်ဗျား တစ်ကိုယ်တည်း လမ်းကို သွားနေတာ မဟုတ်လား။ ခင်ဗျား အထီးတည်း ဖြစ်တော့ မှာပဲ။ အခြား လူတွေ ရဲ့ ဝေးရာကို ခင်ဗျား ရောက်သွားတော့မှာပဲ" စသဖြင့် ပြောနေပါမယ်။ ဒီ စိတ်ဟာ ခင်ဗျား ကို အပြင်ထွက်လာဖို့ အမျိုးမျိုး တောင်းပန် တိုးလျှိုး ပါလိမ့် မယ်။ နားထောင် မနေပါနဲ့ လို့ ပြောချင်ပါတယ် ။
ဘာလို့ ဆို သူ ပြောတဲ့ အတိုင်း တကယ် ဖြစ်လာမှာ မဟုတ်လို့ပဲ။ ခင်ဗျား လူတွေ နဲ့ ဝေးရာ ကို တကယ် ရောက်သွားမှာ မဟုတ်ဘူးပဲ။ မိမိ ရဲ့ အစစ်အမှန် သဘာဝ ဆီ မိမိ ဘာသာ ခိုဝင်ရုံလေး ဖြစ်ပါတယ်။ မိမိ ကိုယ်ကိုယ် မိမိ အစစ် အမှန် အတိုင်း မြင်တွေ့ ရတဲ့ အခါ၊ မိမိ အဇ္ဈတ္တ နဲ့ မိမိ အပြည့် အဝ ပေါင်းစည်း နိုင်တဲ့ အခါ မှာ - ခင်ဗျားလည်း အခြားသူတွေ ကြား ရှိနေကြောင်း မိမိ ရရ တွေ့ရပါတယ်။
စင်စစ် မိမိ အစစ် အမှန် အတိုင်း ရှိမနေတဲ့ (ဝါ) မိမိရဲ့ အဇ္ဈတ္တ သရုပ်ကို အပြည့်အဝ မသိမြင်တဲ့ အခါတွေမှာ ခင်ဗျား ဆက်ဆံ ယှက်နွယ် နေ သမျှ အားလုံးဟာ အပေါ်ယံ တွေချည်း သာ ဖြစ်နေခဲ့တာ ဖြစ်ပါ တယ်။ အဖိုးမဲ့ တဲ့ အချည်းနှီး ကစားပွဲတွေ ကိုသာ ကစားနေ တာ ဖြစ်နေ တယ်။ မိမိ ဖြစ်တည်ချက် အတိုင်း အပြည့်အဝ ဖြစ်ထွန်းချိန် မှသာ တကယ့် ဆက်နွယ်မှု ပေါ်ပေါက်ပါတယ်။
ခင်ဗျား ရဲ့ ဘဝ အပေါ် အရှင်းလင်းဆုံး အမြင်နဲ့ - ဆက်ဆံ သမျှ အရာရာဟာ ခိုင်မာနေတယ်။ ခင်ဗျား အခု ဖြန့်ကားထားတဲ့ လက်အစုံ ကို ဒီထက် မက ပိုမို ဖြန့်ကျက် ထား နိုင်တယ်။ အခြားသူ တွေ အပေါ် ယခု ထက် မက ပိုမို ပွေ့ဖက် ထားနိုင်တယ်။ ခင်ဗျား ရဲ့ ခိုင်မာ ရှင်းသန့် တဲ့ မွှေးရနံ့နဲ့ ချစ်မေတ္တာ အစစ်ကို အဲ့အခါ မှာ တွေ့မြင်ရပါတယ်။ မိမိ အဇ္ဈတ္တ အပေါ် သိမြင်ရင်း လွတ်မြောက်နေ တဲ့ သူ အတွက် ချစ်ခြင်း မေတ္တာဟာ သန့်စင် လွတ်လပ် နေပါတယ်။ အတွေးနဲ့ မကြည့်ပါနဲ့။ တကယ် ဝင်ကြည့်ဖို့ လိုပါတယ်။
အဲ့ အတွက် မိမိ စိတ်ကူး အတွေးတွေနဲ့ ယှဉ်ပြိုင် မတိုက်ခိုက်ပါနဲ့။ ဒီ စိတ်ကူး အတွေးအကြံတွေ ဟာ ရှေးကျမ်းစာတွေထဲက မိစ္ဆာ နတ်ဆိုး နဲ့ တူပါတယ်။ ခင်ဗျားလည်း ဖတ်ရှုဖူးမယ်။ ယေရှုခရစ်ကို မိစ္ဆာ၊ မာရ်နတ်က အနှောက် အယှက်ပြုတယ်တဲ့။ မာရ်နတ် ဆိုတာ အခြား မဟုတ်ဘူး။ ခင်ဗျားရဲ့ လိမ်ကောက်နေတဲ့ စိတ် အတွေးသာ ဖြစ်ပါတယ်။
ဒဏ္ဍာရီ စကား ဝေါဟာရနဲ့ - ဒီ ကောက်ကျစ်တတ်တဲ့ စိတ်ကူး အကြံအစည်တွေ ဟာ မာရ်နတ်၊ နတ်ဆိုး ဖြစ် ပါတယ်။ သူက ခင်ဗျား ကို ဖြားယောင်း တယ်။ အရင်ကလည်း တိုက်တွန်း ဖြားယောင်း ခဲ့ သလို၊ အခုရော ရှေ့မှာရော သူ ရှိနေသရွေ့ ဖြားယောင်း သွေးဆောင် နေမှာ ပဲ။
"ခင်ဗျား အပြင်လောက ကို ကြည့်ပါ။ ဒါကို ဒီလို လုပ်ပါ။ ဒီလိုနေ ပါ။ ခင်ဗျား ပိုင်တဲ့ ဥစ္စာတွေ က ဒီမှာ။ ခင်ဗျား ထိုင်နေရုံ ၊ ခင်ဗျား စိတ် ကလေး တည်ငြိမ်နေရုံ နဲ့ ဘာမှ မှ အလုပ် မဖြစ်တာ"
ဒီစကား ဟာ သူ အမြဲ တစေ ပြောနေမယ့် စကား ဖြစ်ပါ တယ်။ အတွင်း သန္တာန် ထဲ ငုံလျိုး ဝင် မယ့် အကြောင်း၊ ဘာဝနာ အမှု အကြောင်း ကို စိတ်ကူး အတွေး တို့ရဲ့ လောက မှာ ဘယ်လို မှ လက်မခံ နိုင်ဘူး။ စိတ်ကူး အတွေး ရဲ့ လောကမှာ သူ့ကို သတ်ပစ် မယ့် ဘာဝနာ အတွက် နေရာ မပေးချင်ဘူး။ ဒါ သဘာဝ ကျတယ် မဟုတ်လား။
ဘာဝနာ အမှုကြောင့် တစ်ခဏတိုင်း အပေါ် ခင်ဗျား နိုးကြားနေတဲ့ အခါ၊ ဒီလို စိတ်ကူး အတွေးအကြံနဲ့ အကြောင်း ဆက် ပေါင်း ဖက် ပြဿနာ ဖြစ် ဖို့ ဆိုတာ မ လိုအပ်ကြောင်း တဖြေးဖြေး ခင်ဗျား နားလည် သွားတယ်။ မိမိ အတွင်း အဇ္ဈတ္တကို မိမိ ပြန်လည် ငုံ့လျိုး ဝင်မိပြီးတဲ့ နောက်၊ အကြောက်တရား ဆိုတာ မရှိကြောင်းလည်း မြင်နိုင်တယ်။ အဲ့ဒီ အခါ စိတ်ကူး အတွေးအတွက် လုပ် စရာ ဘာ အလုပ် မှ ရှိမနေ တော့ဘူးရယ်။
အရင် အချိန် မှာ ခင်ဗျားအပေါ် အရှင်သခင်ပြု ၊ စိုးမိုးခဲ့သမျှ၊ ဒီအခါ မှာ ခင်ဗျား လိုရာ သုံးနိုင်တဲ့ ကျွန် သာ ဖြစ်သွား ပါတော့တယ်။ စိတ်ကူး အတွေးအကြံ ( Mind ) ဟာ သိပ်လှပချောမောတဲ့ ကျွန် ဖြစ်ပါတယ်။ စင်စစ် အရှင် သခင် ဖြစ်နေ ချိန် မှာ သာ ခင်ဗျား ကို ကောင်းကောင်း ဒုက္ခပေးနိုင်တာ ဖြစ်တယ်။ သူ့ရဲ့ ကျွန်အဖြစ်ကို ခင်ဗျား ပုံပြောင်း ပေးနိုင်ဖို့ လိုပါတယ်။ အဲ့ဒါကို ဘာဝနာ က ဆောင်ကျဉ်း ပေးနိုင်တယ်။
Mad Man's guide to Enlightenment!
Zay Ya
No comments:
Post a Comment