Tuesday, April 17, 2012

ပတ်ဝန်းကျင်ကောင်း



လူငယ်တွေအတွက် ရွေးပြောရမယ်ဆိုရင် သူတို့ တိုးတက်ဖို့အတွက် အဓိကအကျဆုံးထဲမှာ ထိပ်ဆုံးက ရှိနေတာ တခုကတော့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်းမှာ ထဲထဲဝင်ဝင် ရှိသွားဖို့ သိပ်အရေးကြီးလှပါတယ်။

လူငယ်တဥိးအဖို့ ဘဝအတွေ့အကြုံ နုစဉ်မှာ ကိုယ်ပိုင် ချင့်ချိန် ဆင်ခြင်နိုင်စွမ်း နည်းပါးနေသေးတာဖြစ်လို့ မိဘ၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာ-ဆရာမနဲ့ အနီးအနားက လူတွေဟာ ကိစ္စအသစ်အဆန်းအတွက် လက်ဦးဆရာတွေ ဖြစ်လာတတ်ကြပါတယ်။

တချို့လူငယ်တွေကျတော့ သူတို့ရဲ့ ကိုယ်ပိုင် စာတွေ့ (သို့) အခြားသူတွေရဲ့ အတွေအကြုံ ဖောက်သည်ချခံရလို့ လက်ဦးဆရာ ရွေးတတ်ကြပါတယ်။ စာတစောင် ပေတဖွဲ့ ရေးရင်တောင် မလုံလောက်တဲ့ အကြောင်းအရာတွေပါ။

အနှစ်ချုပ်ကတော့ ပတ်ဝန်းကျင်ကောင်းကို အမှီပြုနိုင်ဖို့ အရင်ဆုံး ဆုံးဖြတ်ရွေးချယ်စေချင်ပါတယ်။ အတော်များများကတော့ အကောင်းအဆိုးကို ရွေးချယ်တတ်ကြမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါ မိဘနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တော်တွေ၊ ဆရာ-ဆရာမတွေကို တိုင်ပင်နိုင်ပါတယ်။ ကနေ့ လူငယ်တိုင်းဟာ နောင် အနှစ် ၂ဝ လောက်မှာ ခေါင်းဆောင်တာဝန် တခုခုကို ရလာနိုင်စရာရှိသူတွေ ဖြစ်နေကြပါပြီ။

Lwin Aung Soe

No comments:

Post a Comment