Tuesday, April 3, 2012

မေတ္တာ



မေတ္တာ ဟာ ဆောင်းညှင်းလေပြေအေးလေး နဲ့ တူပါတယ်။ သူ ရောက်လာတယ်။ တိုက်ခတ် လာပါလိမ့် မယ်။ အေးမြတဲ့ ညှင်းသွဲ့သွဲ့လေပြေလေး အတိုင်း အတိအကျ အပြည့်အဝ မွှေးပျံ့မှု ရှိတယ်။ လှပ နေတယ်။ ဒါပေမယ့် ပြီးရင် ပြန်ထွက်သွား ပါလိမ့်မယ်။

သူ တိုက်ခတ်လာတဲ့ အခါ ခင်ဗျား ခံစားရမှာက သူရဲ့ အစဉ်ထာဝရ တည်တံ့နေတဲ့ အေးမြမှုပဲ ဖြစ်ပါတယ်။ အဲ့ဒီ ခံစားချက်က - "ခိုင်မာ" တယ်။ ဘယ်လောက်ထိ ခိုင်မာသလဲ ဆိုရင် ခင်ဗျား သံသယ မဝင်မိ နိုင်လောက် အောင် အထိ ခိုင်မာပါတယ်။ သူ့ရဲ့ အေးမြ ညှင်းပျံ့နေတဲ့ အရသာကို ခင်ဗျား သံသယ ဝင်စရာ အခြား နည်းလမ်း မရှိနိုင်ဘူးပဲ။ ဒီလို ပြင်းပြင်းပြပြ၊ သံသယ ကင်းကင်း သေချာ နေတဲ့ အတိုင်းပဲ - မေတ္တာ ဟာ အစွမ်းသတ္တိ ရှိပါတယ်။ ခင်ဗျား ကတိ ကဝတ် တွေ ပြုနိုင်တယ်။ ခင်ဗျား ချစ်သူကလည်း ခင်ဗျားကို ကတိ ကဝတ် တွေ ပေးနေနိုင်တယ်။ ဒါကို ခင်ဗျား ကိုယ်ခန္ဓာ အပေါ် ဆောင်းညှင်း လေပြေလေး ပြေပြေသာသာ တိုက်ခတ်သလို ခံစား နေရပါလိမ့်မယ်။

သူ ရောက်လာတဲ့ အခါ - ရောက်လာတယ်- ဒါလေးပဲ။
သူ ထွက်သွားတဲ့ အခါ - ထွက်သွားတယ်- ဒါလေးပါပဲ။
ဒါပေမယ့် ခင်ဗျား လက်ထဲမှာတော့ စွဲမြဲ ထင်ကျန် မနေခဲ့ဘူးရယ်။

ခင်ဗျား လက်ဆုပ်ထဲမှာ ဖမ်းယူ ထားလို့ မရဘူး။ လက်ဝါးဖြန့် ထားရုံသာ ရှိတယ်။ လက်ဝါးဖြန့်ထားဖို့ပဲ လိုပါတယ်။ သူ့ဘာသာသူ ရောက်လာမှာပဲ။ အဲ့အခါ ခင်ဗျား လက်ဝါးပြင်လေး အေးမြသွားမယ်။ ပြီးရင်တော့ သူ ပြန်ထွက်သွားမယ်။ ဒါကို ခင်ဗျား ရှောင်လွှဲလို့ မရဘူး။ သူ ရောက်လာချိန်မှာတော့ သူရဲ့ အေးမြမှုကို ခင်ဗျား လက်ဝါးပြင်ပေါ်မှာ အတိအကျ ခံစား လိုက်ရလိမ့်မယ်။ ဒါကို ခင်ဗျား လိုချင်တပ်မက်ဇောနဲ့ ဆုပ်ယူ ဖမ်းကိုင် ကြည့်ပါ။ သူ ရှိတော့ မှာ မဟုတ်ဘူးပဲ။ ခင်ဗျား လက်သီးဆုပ် ထဲ ကြည့်ကြည့်။ ဘယ်နေရာမှာ ဘယ်မှာမှ အေးမြနေမှာ မဟုတ်ဘူးပဲ။ ဘယ် အမွှေးရနံ့မှ ရှိမနေတော့ဘူးရယ်။

ဇေယျ

No comments:

Post a Comment