ကပ္ပိယ (၄)
“အဖေ ဘာလုပ် နေတာတုန်း”
“မြချစ်ကို ကြည့်နေတာ အဖေ့ကို လာကန်တော့တာကွ”
“အဖေ့ကို ကန်တော့တယ် ဟုတ်လား”
“အေးပေါ့ကွ သူတို့ အထင်မှားမိတာကို ကန်တော့ပြီး တောင်းပန်တာ အဖေတို့ ဘ၀က သည်လို ကန်တော့ တောင်းပန်ခံရတာကပဲ ဂုဏ် မြင့်လှပါပြီကွာ။ မတောင်းပန်လည်း ခွင့်လွှတ် ကျေနပ်ကြရမယ့် သူတွေပါ။ ဘ၀က ပြဋ္ဌာန်းပြီး သားပဲ ငါ့သားရ။ အခုဟာကတော့ မြချစ်က အဖေ့ကို အပြီးအပိုင် ကန်တော့သွားတာပါကွာ”
စံလှဘော် မျက်နှာ ညှို့မှိုင်းမှိုင်းကို ကြည့်ရင်း ကောက်ဆွက နားမလည်နိုင်ဘူး။ အပြီးအပိုင် ကန်တော့တယ် ဆိုတာ ဘာပြောမှန်း မသိပေမယ့် အဖေ ၀မ်းနည်းနေမှန်းတော့ ကောက်ဆွ အသိသား။ စံလှဘော် မျက်လုံးမှာ တစ်ခါမှ မသီခဲ့ဖူးတဲ့ မျက်ရည်တွေ ဝေ့လို့လေ။
(၁၈)
ရွက်ကျင် ရွက်ဟောင်းတွေ တဖြုတ်ဖြုတ် ကြွေလွင့်တဲ့ ဆောင်းနှောင်းရာသီတောင် ရောက်လာခဲ့ပြန်ပြီ။ တစ်ကျောင်းလုံးလည်း သစ်ရွက် ကြွေတွေ တင်ကြမ်း စံလှဘော် ကတော့အား တိုင်း တံမြက်စည်း ကိုင်လှည်း နေရတော့တာပါ။ တံမြက်စည်း လှည်းနေတုန်း မိန်းမတစ်ယောက် ရောက်လာတယ်။ နွမ်းနွမ်းပါးပါး ကပိုကရိုနဲ့ပါ။ ဆံပင်တွေ ကလည်း ခြောက်လို့။ နှုတ်ခမ်းတွေလည်း ကွဲလို့။ အင်္ကျီကလည်း ကြေးအထပ်ထပ်နဲ့။ ထဘီကလည်း အဖွင့်တောင် မပေါ်တော့ဘူး။
မိန်းမက ကျောင်းဝင်းထဲ ဖိနပ်ချွတ် ၀တ်လာပြီး လူရိပ်သူရိပ် တွေ့လေမလား အကဲခတ်တယ်။ ကျောင်းဝမှာ ကစားနေတဲ့ ကိုရင်တွေ ကျောင်းသားတွေကို မေးနေတာလည်း ကျောင်းအောက် တိုင်လုံးကြီးတွေကြားက စံလှဘော် မြင်နေရ တယ်။ ဆရာတော်ကြီး ကျိန်းနေချိန် ကျောင်းပေါ် တက်သွားမှာ စိုးတာနဲ့ စံလှဘော် တံမြက်စည်းကို ကျောင်းတိုင် ထောင်ခဲ့ပြီး လျှောက်လာခဲ့တယ်။ မိန်းမက စံလှဘော်တွေ့တော့ ခနရပ်တယ်။
“ဘယ်သူနဲ့ တွေ့ချင်တာတုံး”
“ဆရာတော်နဲ့”
“ဆရာတော် ကျိန်းနေတယ်။ ကိစ္စ ရှိလို့လား။ ဘယ်ရွာကပါလိမ့်။ မန်ကျည်းစုကတော့ ဟုတ်ဟန် မတူပါဘူး”
“မန်ကျည်းစုက မဟုတ်ပါဘူး။ ကျုပ်က ကောက်ဆွ အမေပါ။ သားနဲ့ တွေ့ချင်လို့ ကျုပ် သားကျုပ်ပြန်ခေါ်မလို့ပါ”
“ဗျာ”
စံလှဘော် ရင်ထဲ တုန်ခါသွားတယ်။ ကောက်ဆွအမေတဲ့လား။ ကောက်ဆွကို ကလေး တွေကြားထဲ လှမ်းကြည့်တော့ မမြင်ဘူး။ သည် ကောင် ဘယ်ရောက်နေပါလိမ့်။ စံလှဘော်က ကောက်ဆွအမေကို သရက်ပင် ရိပ်ခေါ်လာခဲ့တယ်။ ထိုင်ခိုင်းတယ်။ ကောက်ဆွအမေက သူ့ သားပဲ တွေ့ချင်နေပုံ ရတယ်။ စံလှဘော်ကတော့ ကောက်ဆွအမေကိုကြည့်ပြီး စိတ်မချမ်းမသာ တောင် ဖြစ်မိရဲ့။ သည်မိန်းမက ကောက်ဆွကို ပြန်ခေါ်မလို့တဲ့လား။
“ခင်ဗျားနာမည် ဘယ်သူတုန်း”
“မညွန့်ကြည်၊ ကျုပ်သား ကောက်ဆွ ဘယ်မှာတုန်း”
“ရှိပါတယ် ရှိပါတယ်။ နေစမ်းပါဦး ခင်ဗျား ကောက်ဆွကို ပြန်ခေါ်သွားလို့ ပထွေးနဲ့ မတည့်ဘူး ဆိုဗျ”
“အခု ကျုပ်ယောက်ျား မရှိတော့ဘူး သေပြီ”
“ခင်ဗျားယောက်ျား သေတာနဲ့ ကောက်ဆွနဲ့ ဘာဆိုင်လို့တုန်း။ ကလေးက သည်မှာ ပျော်နေပြီဟာဗျာ နေပါစေလား”
“ကျုပ်သား ကျုပ်လွမ်းလို့ လိုက်လာတာ။ ကျုပ်မှာ ကလေး နှစ်ယောက်နဲ့ ကျန်ခဲ့တာ။ အားကိုးစရာ မရှိဘူး။ ကောက်ဆွကို အားကိုးရမှာ”
“အခုမှ အားကိုးချင်နေ ဟမ် ခင်ဗျား သားကို ပထွေး နှိပ်စက်တုန်းက ခင်ဗျား ဘာလုပ်နေ တာတုန်း ဟမ်”
စံလှဘော်က မဆီမဆိုင် အော်လိုက်ဟစ် လိုက်တော့ ကောက်ဆွအမေက လန့်သွားပုံ ပေါ်ပါရဲ့။ တအောင့်လောက်နေတော့ ကောက်ဆွ နောက်ဖေးချောင်က ပြေးထွက်လာတယ်။ ကိုရင်တွေ၊ ကျောင်းသားတွေ သွားပြောပုံရတယ်။ ကောက်ဆွ ပုဆိုးတွေ ရေစိုနေပုံထောက်တော့ နောက်ဖေးချောင်မှာ ပန်းကန်ဆေးနေတာနဲ့ တူပါရဲ့။
“အမေ”
“ကောက်ဆွ ငါ့သား အမေ မင်းကို လာခေါ် တာ။ မင်းပထွေးမရှိတော့ပါဘူး။ အမေနဲ့ ရွာပြန် လိုက်ခဲ့နော် သား”
“အဖေ”
“ဟေလကွာ”
“မှတ်ကြီးဆိုတာ ကျုပ်သိတယ်ဗျ။ ကြက်ပွဲမှာ ကျုပ်က သစ်ပင်ပေါ် တက်ကြည့်တာ။ အခုန လူကြီးနဲ့ အဲသည်မှတ်ကြီးနဲ့ လက်စွပ်နဲ့ ပိုက်ဆံ လဲနေကြတာ ကျုပ်တွေ့တယ်”
“ကြက်ဝိုင်းကိုကွ။ သွေးကြွ နေတော့လည်း ပါတာထုတ် လောင်းကြတော့တာပေါ့”
“အခုန လူကြီးက မှတ်ကြီးကို မယုံဘူးဗျ။ ကျုပ်က ကြားနေရတာရယ်။ မှတ်ကြီးကို ခိုးလာ တာလားတဲ့ မဟုတ်ဘူး ငအုန်းက ပေးတာတဲ့”
“ငအုန်းက မှတ်ကြီးကို လက်စွပ်ပေးတာ ဟုတ်ကဲ့လားကွာ။ ငအုန်းက လက်စွပ်တစ်ကွင်း အလကား မပေးလိုက်ပါဘူး”
“ပေးပါတယ်ဆိုဗျာ ကျုပ်က ကြားလာတဲ့ ဟာကို”
“အေးပါကွာ ပေးချင်လည်း ပေးမှာပေါ့။ ငအုန်းကလည်း အလောင်းအစား ဆိုပါတာ ချည်းကိုးကွ”
ဒါပါပဲ။ ကောက်ဆွကလည်း စကားရပ်သွားတယ်။ သူကြားလာတာ သူပြောတာ ဆိုတော့ နောက်ထပ်လည်း ပြောစရာ မရှိတော့ဘူး။ စံလှ ဘော်ကလည်း လှည်းလမ်း ဂရုစိုက်ရတာနဲ့ ကောက်ဆွ စကားခေါင်းထဲ မထည့်အားဘူး။ သည်လိုနဲ့ မောင်းလာလိုက်တာ မန်ကျည်းစုရွာ တောင်လှမ်းမြင်ရပြီ။ လှည်းလမ်းက မန်ကျည်းစု ရွာထဲ တန်းဝင်လို့မရတော့ လျှိုကမ်းပါးနဲ့ မလှမ်း မကမ်းပန်း ကွေ့ရသေးတာပါ။ နေစွယ်ကျိုးပြီ။ မိုးကြီးတောင် မှောင်လှပေါ့။ ဆရာတော်ကတော့ မှာတော်မူသား။ စောစောပြန်ခဲ့ကြဆိုပေမယ့် ဒါအစောဆုံးပဲ။ စိတ်သွားတိုင်း ကိုယ်ပါတာ မဟုတ်တော့ မှန်မှန်ပဲ မောင်းလာခဲ့တယ်။ သည်မှာ တင် မိန်းကလေး တစ်ယောက်ရဲ့ အော်သံလိုလို ကြားလိုက်ရတယ်။ လှည်းသံနဲ့ ထန်းလက် လှုပ်သံနဲ့ ဆိုတော့ သဲသဲကွဲကွဲတော့ မဟုတ်ဘူး။ ကောက်ဆွက ဘေးဘီကို လှမ်းကြည့်တယ်။ သူလည်း ကြားပုံရရဲ့။
“ဗျို့ လှည်းဆရာကြီး လှည်းဆရာကြီး လှည်းဆရာကြီးရယ် ခဏ ခဏလေးပါ။ လာပါ ဦးတော်”
သေချာသွားပြီ။ မိန်းကလေးသံ။ ခပ်ဝေးဝေး မမှောင့်တမှောင်က အော်လိုက်တဲ့ အသံထဲမှာ မထိတ်သာ မလန့်သာ ကြုံနေရတဲ့ အသံမျိုး။ ငယ်သံများ တောင်ပါလို့။ ဘာဖြစ်လို့ပါလိမ့်။ စံလှဘော်က လှည်းကို တုန့်ကနဲ ရပ်လိုက်တယ်။ ထန်းလက်တွေ ပေါ်ကနေ ချက်ချင်း ခုန်ချလို့လည်း ဖြစ်တာ မဟုတ်တော့ နွားကြိုးကို အသာလျှော့ ပြီး လှည်းဘီး ခြေကန်ဆင်းလိုက်တယ်။ ကြိုးကို လှည်းရံတိုင်မှာ ချည်ခဲ့ပြီး ပြေးလာတော့ ကောက်ဆွ ပါပါလာခဲ့တယ်။ ဟုတ်ပါ့။ မိန်းကလေး တစ်ယောက်။ မတ်တတ်ရပ်ရင်း စူးစူးဝါးဝါး အော်နေတာက လွဲပြီး ဘာမှကောင်းကောင်း မကြားရဘူး။ စံလှဘော်က ခေါင်းပေါင်းကြီး ပေါင်း ထားတော့ ကောင်းကောင်း ကြားရအောင် ခေါင်းပေါင်းဖြည်လိုက်တယ်။
“ဘာတုန်း ဘာဖြစ်လို့တုန်း ကလေးမ”
“အမေ ကမ်းပါးထိပ်မှာ မူးလဲသွားလို့ပါ။ ဧည့်သည် မျှော်ရင်းက လဲသွားတာ။ ရွာနဲ့လည်းဝေး လူကလည်းမရှိ ကယ်ကြပါဦး”
မိန်းကလေးက လှည်းသမား သားအဖကို ပြောပြနေတုန်းမှာပဲ ကောက်ဆွက မှတ်မိလိုက်ပြီ။
“မမမြချစ်”
“ဟယ် ကောက်ဆွ အော်”
မြချစ် ဘယ်လိုမှ ထင်မထားတဲ့ စံလှဘော်နဲ့ ကောက်ဆွ။ မြချစ်က ဆက်ပြောရမလိုလို၊ ရှိပစေတော့လို့ နောက်ပြန် ဆုတ်ရတော့ မလိုလို။ ဒါပေမယ့် မြေပေါ်ပုံမှာ ပုံလဲနေတာက မအေ။ သည်နားမှာ နောက်ထပ် ဘယ်လိုလူမှလည်း လာစရာ မရှိဘူးဆိုတာလည်း သိတယ်။ စံလှဘော်တို့ ကောက်ဆွတို့တောင် မထင်တဲ့ ထောင့်က ပေါ်လာတာ မဟုတ်လား။ သည်အချိန်မှာ အနာဟောင်းကို နာနေရင် အမှောင်ထဲမှာ သားအမိ နှစ်ယောက်တည်း ရှိရတော့မယ်။ ပြီးတော့ မအေက မေ့လဲနေသူ။ မြချစ် လက်ညှိုးထိုးပြတဲ့ နေရာ ကို စံလှဘော် ပြေးလာခဲ့တယ်။
အရီးအေးမေ မြေပေါ်မှာ ပုံလဲနေတာ မြင်လိုက်ရတော့ ထူပူ သွားတယ်။ သည်သားအမိ သည်နေရာ သည်လို ပုံမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ စံလှဘော် ကလည်း တွက်မထားဘူး။ အရေးကြီးတာက လူနာ ရွာ မြန်မြန် ရောက်ရေးပဲ။ သည်တော့ လှည်းနဲ့တင် ရအောင်ကလည်း လှည်းပေါ်မှာ ထန်းလက်တွေ အပြည့်။ ဒါတွေ ချနေရင်လည်း ကြာတော့မယ်။ သည်တော့ ဒေါ်အေးမေကို ကောက်ပွေ့ပြီး နှစ် မိုင်လောက် ဝေးတဲ့ရွာဆီ သူပဲ ထမ်းသွားမယ်။ လှည်းကို ကောက်ဆွ ဆက်မောင်းသွား။
“ကောက်ဆွ လှည်းဆီ ပြန်သွားတော့။ လှည်းကို ထိန်းမောင်းခဲ့ အဖေ အရီးကို ပွေ့သွားမယ်။ ကျောင်းရောက်ရင် ဆရာတော်ကို အကျိုး အကြောင်းလျှောက်နှင့်။ အဖေက အရင်ရောက်မယ် ထင်ပါရဲ့ ကိုင်းသွားတော့”
မြချစ်က စံလှဘော် စီစဉ်နေတာကို ကျေးဇူး တင်မိပေမယ့် ကောင်းသည်ဆိုးသည် မပြောဘူး။ ကောက်ဆွ လှည်းမောင်းသွားလို့ ဖြစ်ပါ့မလား။ မြချစ်က ကောက်ဆွကို ထန်းလက်တွေနဲ့ ဖြစ် ပါ့မလားလို့ လှမ်းမေးတယ်။ ကောက်ဆွက ကျုပ် လည်း ကပ္ပိယပါဗျာတဲ့။ စံလှဘော်က မြချစ်ကို စောင့်မနေပါဘူး။ ဒေါ်အေးမေကို ကောက်ကနဲ ပွေ့ပြီး ခြေလှမ်း သွက်သွက် လှမ်းတော့တာပဲ။ အမှောင်ရိပ်ထဲမှာ စံလှဘော်က သုတ်သုတ်ကြီး လှမ်းနေတော့ မြချစ်က စံလှဘော် ခြေလှမ်းကို မီအောင် မနည်းကြီး အပြေးလိုက်ရတယ်။ စံလှဘော်က သုတ်သုတ်လှမ်းရင်း မြချစ်ကို ရွာရောက် နှင့်အောင် အပြေးခိုင်းတယ်။ ဆေးဆရာပင့်နှင့် ချေပေါ့။
ဟုတ်သားပဲ။ ရွာကဆေးဆရာ ဆရာမှည့်ကို ပင့်ရမှာ ခုမှ သတိရသွားတယ်။ မြချစ် က စံလှဘော်ကို ကျော်ပြေးလေရဲ့။ စံလှဘော် က နှစ်မိုင်လောက် ခရီးကို ကလေးပွေ့သလို ပွေ့ပြီး ပြေးရမှာ မသက်သာမှန်း သိပေမယ့် လူ တစ်ယောက်ရဲ့ အသက်နဲ့ ရင်းရတဲ့ အခြေအနေ မှာ စံလှဘော် နှလုံးကွဲ ရင်ကွဲပစေတော့ ရွာ ရောက်အောင် သယ်ဖို့ပဲ ရှိတော့တာကိုး။ အမှောင်ထုက မန်ကျည်းစုရွာ ကလေးကို ငုံပစ်လိုက်လေရဲ့။
(၁၄)
မြချစ်ရဲ့ နှစ်ဝမ်းကွဲညီမ အေးသင် ဆွမ်းဗျပ်ကြီးနဲ့ ကျောင်းဝရောက်လာတော့ စံလှဘော် လမ်းက ဆီးယူတယ်။ စံလှဘော် ပြဿနာ ဖြစ်ပြီးကတည်းက မြချစ်တို့ သားအမိကျောင်းကို မလာကြတော့တာကို စံလှဘော် ရိပ်မိတယ်။ ဒါက သူတို့ ကိစ္စပဲလေလို့ သဘောထားပေမယ့် သူ မကျူးလွန်ရတဲ့ ပြစ်မှု သူ့မှာ ၀န်ပိနေတာကိုတော့ စံလှဘော် စိတ်မချမ်းသာဘူး။ သူကလည်း မြချစ်တို့ အိမ်ဘက် မသွားတော့ပါဘူး။
တစ်နေ့က အရီးအေးမေကို အိမ်ပေါ် အရောက်ပို့ခဲ့ပြီး တန်း ပြန်လာခဲ့တယ်။ ရေတောင် မသောက်ခဲ့ဘူး။ မြချစ်နဲ့ မျက်နှာချင်းတောင် မဆိုင်ခဲ့ရပါဘူး။ မြချစ် ခမျာလည်း မအေဆိုတော့ ပူပင် နေရှာမှာပဲလို့တော့ စိတ်ရောက်မိသား။ ကျောင်းရောက်တော့ ကောက်ဆွ လှည်းမလာသေးဘူးတဲ့။ စံလှဘော် လိုက်ဖို့ ပြင်တုန်းမှာပဲ ကောက်ဆွ ထန်းခလက် လှည်းကြီး ကျောင်းထဲဝင်ချလာတယ်။ ကောက်ဆွက ဘယ်ဆိုးလို့လဲ။ ကပ္ပိယ လုပ်လို့ ဖြစ်ပြီ။
စံလှဘော်က အကျိုးအကြောင်း ဆရာ တော်ကြီးကို လျှောက်တယ်။ ဆရာတော်က နှမအတွက် စိုးရိမ်ပုံရပေမယ့် ညကြီးမင်းကြီး ရွာထဲရပ်ထဲ မကြွချင်လို့ မနက်မှပဲကြွတယ်။ ဆရာတော်က စံလှဘော်ကို ဘာမှ မမိန့်တော့ စံလှဘော်လည်း မမေးဝံ့ဘူး။ အကျိုးအကြောင်း ကြားခဲ့လို့ စံလှဘော်ကိုတော့ ချီးမွမ်းတော် မူရှာပါရဲ့။
“သူတော်ကောင်းနဲ့ တွေ့တာ ကံကြီးတာပါပဲ။ ငဘော် မင်းသာမရှိရင် မြချစ်ခမျာ မအေကို ပစ်ထားခဲ့ရ အခက် ရွာပြန်ပြေးရ အခက်နဲ့ ဗျာ များရရှာတော့မယ်။ သာဓု သာဓု သာဓု ငဘော် မင်း ကုသိုလ်ကြီးသကွယ်”
ဆရာတော်က သည်လောက်ပဲ မိန့်ခဲ့တာပါ။
အေးသင်နဲ့ စံလှဘော် ဆွမ်းတွေ လှယ်ကြတော့ အေးသင်က အကျိုးအကြောင်းတွေ ပြော ပြတယ်။ စံလှဘော်က မြချစ်တို့ သူ့အပေါ် မကောင်းကြောင်း မပြောပါဘူး။ သူကံမကောင်းလို့ အထင်မှားခံရတယ် ဆိုတာပဲ ပြောတာပါ။ အေးသင်က စံလှဘော်ကို ခင်မင်ရင်းစွဲလည်း ရှိပြန်သည်လို ရက်စက်တဲ့ အလုပ်မျိုး စံလှဘော် မလုပ်ဘူးဆိုတာလည်း ယုံလေတော့ စံလှဘော်ကို သနားရှာတယ်။
“ဦးဘော်ရယ် သူတို့ သားအမိက ဦးဘော်က မြချစ်ကို ကျိတ်ပိုးနေလို့ မြချစ်ဆီလာတဲ့ မြို့သားကို အသေ ရိုက်တာလို့ ယုံနေကြတယ်။ ဒေါ်ကြီး ကတော့ မနေ့က ထူထူထောင်ထောင် ရှိပါပြီ။ ဆရာမှည့်ဆေးနဲ့ ကောင်းသွားတာပါ။ နှလုံးလေ ဆို့တာတဲ့။ ကံကောင်းလို့ပေါ့ ဦးဘော်တို့ လှည်းသာ ရောက်မလာရင် ရွာပြင်ကွင်းမှာ နေရစ်ခဲ့ ရတော့မှာ”
“အေးပေါ့ဟာ ငါ့ကံပေါ့။ ငါကတော့ ကျောင်း ကပ္ပိယတင်မကဘူး ရွာ့ကပ္ပိယလို့ပါ ခံယူထား တာပါ။ ငါ့အပေါ် ဘယ်လို ရှိရှိငါကတော့ ရွာစိတ် ရပ်စိတ်ထားပါတယ်။ ရွာ့ထမင်း စားနေရတာကိုး ဆရာတော်ကြီးက ငဘော် လူဆိုတာ ဆိုးလို့ရတယ်။ မယုတ်ရဘူးတဲ့။ မိန့်ဖူးးတယ်။ ငါဘယ်သူ့ အပေါ်မှ မယုတ်မာဘူး။ မြချစ်အပေါ်ဆို ဝေးရော့ ပေါ့ဟာ”
“တစ်နေ့တော့ အဖြေပေါ်လာမှာပါ ဦးဘော် ရယ်။ ဒေါ်ကြီးက မြချစ်ကို မြို့သားနဲ့ သဘောတူ နေတာ။ အခုက ဆရာတော်ကြီးနဲ့ မောင်နှမ ဆိုတော့ ဦးဘော် ကျောင်းမှာရှိနေသရွေ့ သူတို့ မလာဘူးလို့ လျှောက်ကြတယ်။ ဆရာတော်ကြီး က ဦးဘော်ကို သံယောဇဉ် အင်မတန်ကြီး ရှာတော့ ဦးဘော်ကို ကျောင်းမှာ မထားနိုင်ဘူးလို့ ဘယ်မိန့်မှာလဲ။ နှမနဲ့ တူမက တစ်ဖက်၊ ကပ္ပိယက တစ်ဖက် ဖြစ်နေရှာပုံပေါ်တယ်”
“အော် ဖြစ်ရလေဟာ။ ငါ့ကြောင့် ဆရာတော်မှာ ကျဉ်းကြပ် နေရသတဲ့လား။ ငါမသိပါဘူး အေးသင်ရာ။ ကျောင်းမှာ ငါမရှိလည်း ကပ္ပိယ တစ်ယောက်တော့ ရှိလာမှာပဲ။ ဆွေမျိုး ဆိုတာကတော့ ရေကိုဓားနဲ့ ခုတ်တာက ပြတ်ပြတ်မလား ဖြတ်လို့မှ မရတာ။ ဆရာတော်ကြီးခမျာ ငါ့ကို ဒါတွေ ဘာတစ်ခွန်းမှ မမိန့်ရှာဘူး”
“ကျုပ် သိတာ ပြောတာနော် ဦးဘော်။ ကိုင်း ကျုပ်သွားတော့မယ်။ ဆွမ်းက ကျုပ်ပဲ လာပို့ ရတော့မှာ”
“အေး သွားရော ငါ့နှမ။ ဆွမ်းပို့ရင် ငါစား မှာတောင် စိုးရှာကြမယ် ထင်ပါရဲ့။ ပြောလိုက်ပါ စံလှဘော်က ကျောင်းကပ္ပိယပေမယ့် ငတ်လို့ ကပ်စားနေတာ မဟုတ်ဘူးလို့”
အေးသင်က ဆွမ်းဗျပ်ကို ရွက်ရင်း ကျောင်းပေါ်က ဆင်းသွားတယ်။ စံလှဘော်က ဆွမ်းဟင်းတွေ၊ ဆွမ်းတွေကို ကြည့်ရင်း သူပြောလိုက်တာ လွန်များ သွားလေသလား တွေးတယ်။ လူသား ပီပီ စံလှဘော်မှာ မေတ္တာဆိုတာ ရှိသလို နာကျည်းမှု ဆိုတာလည်း ရှိတာပါပဲ။ မြချစ်တို့ အိမ်က ပို့တဲ့ ဆွမ်းထမင်း ဆွမ်းဟင်းကို သည်ကနေ့ စပြီး သူမစားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဘုန်းကြီးကျောင်းမှာ ဆိုမှတော့ ထန်းလျက်ရှိတယ်။ ငှက်ပျောသီး ရှိတယ်။ ပဲကြော်ပဲလှော် ရှိတယ်။ ကြက်သွန်တစ်ခုနဲ့ ဖြစ်ဖြစ် သူစားတတ်ပါတယ်။
အဲသည်ညက စံလှဘော် အိပ်မပျော်ဘူး။ သူ့ဘေးမှာ ကောက်ဆွက အိပ်လိုက်တာ လိမ်ခေါက်လို့။ သန်းခေါင်ကြက်တွေ တွန်တော့ လည်း အိပ်မပျော်ဘူး။ တလူးလူးတလိမ့်လိမ့် နဲ့ မိုးသာစင်စင် လင်းတော့တယ်။ မနက်လေး နာရီမှာ အုန်းမောင်း ထခေါက်တယ်။ သည် အုန်းမောင်းသံဟာ မန်ကျည်းစု ဘုန်းကြီးကျောင်းမှာ စံလှဘော် ထိုးတဲ့ နောက်ဆုံး အုန်းမောင်းသံများ ဖြစ်နေမလား။
စံလှဘော် ကျောင်းက ခွာရတော့မယ်။ သူရှိနေလို့ မကောင်းတော့ဘူး ဆိုတာ သိရပြီ။ စံလှဘော် ကျောင်းမှာရှိရင် မလာဘူး ဆိုတဲ့စကားကြောင့် ဆရာတော် ဘယ်လောက် စိတ်ထိခိုက် ရှာလေမလဲ။ ဆရာတော်ကြီးခမျာ သူ ဆယ်နှစ်သားကတည်းက ကျွေးမွေးစောင့် ရှောက်လာတာ၊ သွန်သင်ဆုံးမလာတာ၊ မိဘ သဖွယ် အရိပ်အာဝါသကောင်း ပေးလာတာ သူ အသိ။ သည်လိုတပည့်ရင်းကို ဆရာတော် ဘယ်လို နှင်ရက်ပါ့မလဲ။
စံလှဘော်က အိပ်ပျော်နေတဲ့ ကောက်ဆွကို နှိုးလိုက်တယ်။ မနက်မိုးတောင် စင်စင် မလင်းသေးဘူး။ စံလှဘော်နဲ့ ကောက်ဆွ ကျောင်းလှေကားက ဆင်းလာကြတော့ ဆရာ တော့် မေတ္တာပို့သံကို ကြားနေရတယ်။
(၁၅)
“တုံ တုံ တုံ တုံ”
စံလှဘော်က တုန်းမောင်းခေါက်ရင်း မန် ကျည်းစုမှာ မနက်တိုင်း ခေါက်ခဲ့တဲ့ အုန်းမောင်းကို သတိရနေခဲ့တယ်။ အခု အုန်းမောင်းက ရေ လှေရွာကျောင်းက အုန်းမောင်းပါ။ မန်ကျည်းပင်မှာ ကြိုးနဲ့ ဆိုင်းဆွဲထားတဲ့ သစ်သားအခေါင်း ထွင်း တုန်းမောင်းကို အချက်ကျကျခေါက်ရင်း မနက် အာရုဏ်ကို နှိုးရပြန်ပြီ။ တုန်းမောင်းသံဟာ လူသူတော်ကောင်းတွေကို ဘုရားဝတ်ပြုဖို့၊ ပရိတ်ရွတ်ဖို့၊ အမျှဝေဖို့၊ မေတ္တာပို့ဖို့၊ ဆွမ်းချက်ဖို့ နှိုးဆော်တဲ့ အသံ မဟုတ်လား။ ဒါကြောင့် မန်ကျည်းစုမှာ နေခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး သည်ဝတ်ကို စံလှဘော် အပျက် မခံဘူး။ နေထိုင် မကောင်းရင်တောင် ၀တ်မပျက်အောင် မနက် လေးနာရီတိုင်း ထပြီး ခေါက်နေကျ။
စံလှဘော်နဲ့ ကောက်ဆွ ရွှေလှေကို ရောက် လာတာ သုံးလကျော်ပြီ။ ရွှေလှေဆိုတာထက် ရွှေလှေ ရွာကျောင်းကို ရောက်လာတာပါ။ ရွှေလှေ ရွာမှာ စံလှဘော် ဆယ်နှစ်သားအထိ ကြီးပြင်း ခဲ့ရတယ်။ ဆယ်နှစ်သားမှာ ဖအေဆုံးတော့ အမေကြီးနဲ့ မန်ကျည်းစုကို လိုက်သွားခဲ့ရတယ်။ စံလှဘော် ဆယ်နှစ်သားတုန်းက ရွှေလှေရွာ မဟုတ် တော့ပါဘူး။
ဟိုတုန်းကတော့ အိမ်ခြေ နှစ်ဆယ်လောက်နဲ့ ယုန်ထိုး ကြွက်ထောင်သမားတွေ စုနေကြတဲ့ တဲစုရွာကိုး။ စံလှဘော် မိဘများမှာ ဆွေမရှိ မျိုးမရှိ ရွှေလှေမှာ နေခဲ့ကြတာ ဆိုတော့ ရွာက အင်မတန် ခေါင်တာကလား။ အခုတော့ အနှစ် နှစ်ဆယ်အတွင်း အိမ်ခြေ တစ်ရာလောက် ရှိနေပြီ။ သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းစိမ်းစိုစို ရှိနေပြီ။ ရွာသဘာဝ ဆင်းရဲချမ်းသာ မလွတ်ကြပေမယ့် သူ့ဟာနဲ့ သူတော့ လှေဦးစိုစို လှေဦးခြောက်ခြောက် နေနိုင်ကြပြီ။ ရွာထိပ်မှာ ထရံကျောင်းကြီး တစ်စောင်နဲ့ ရွာဦး ဆရာတော်လည်း သီတင်း သုံးနေပြီ။ ဦးပဉ္ဇင်းနှစ်ပါး၊ ကိုရင်သုံးပါးနဲ့ ကျောင်းကြီးလည်း စည်ပြီ။ ဆွမ်းကွမ်းကိစ္စကအစ ဘာသာသာသနာ ရေးတွေလည်း ပြုကြပြီ။
မန်ကျည်းစုရွာ ဆရာတော်ကျောင်းက တုန်းမောင်းခေါက်အပြီးမှာ စံလှဘော်က ကောက်ဆွ လက်ကို ဆွဲထွက်လာခဲ့တော့ ရွာတောင် မလှုပ် သေးဘူး။ ကျောင်းခွေးလေး ငါးကောင်တောင် ကျောင်းဝ အထိ ပါလာကြသေးတယ်။ ကောက်ဆွက အိပ်ချင်တုန်း။ အစကတော့ စံလှဘော်က ကောက်ဆွကို ထားခဲ့ဖို့ပဲ။ ဒါပေမယ့် မထား ခဲ့ချင်ဘူး။ ကံတူအကျိုးပေး ကောက်ဆွလေးကို သူတွယ်တာ နေမိခဲ့ပြီကိုး။ သည်တော့ ၀၀လင်လင် စားရတော့လည်း အတူတူ၊ တစ်လုပ် တစ်ဆုပ် စားရတော့လည်း အတူတူဆိုပြီး တစ်ပါတည်းခေါ်လာခဲ့တယ်။
“ဘယ်တုန်း အဖေရ ခင်ဗျားဟာ မိုးတောင် မလင်းသေးဘူး”
“သည်ကျောင်းမှာ အဖေ မနေတော့ဘူး။ ဆရာတော်ကြီးကို မလျှောက် တင်ခဲ့ရတာ အဖေ စိတ်မချမ်းသာပေမယ့် ဆရာတော်ကြီးကို ငဲ့လို့ အဖေ ထွက်လာခဲ့တာပဲ။ ရောက်ရာ ပေါက်ရာ သွားကြစို့ကွာ”
“ဘယ်သွားကြမလဲ အဖေရာ။ အဖေက ဘာလုပ်စားတတ်လို့တုန်း။ အဖေပဲ တစ်သက်လုံး ကပ္ပိယ လုပ်မှာဆိုဗျ”
“ဘယ်မှာမဆို ဘုန်းကြီးကျောင်း ရှိတာပဲ ငါ့သားရ။ ကျောင်းဝေယျာဝစ္စ လုပ်ပေးရင် ဆရာတော်များ တစ်ဆုပ်တစ်ခဲတော့ စွန့်ကြမှာပါကွာ မပူပါနဲ့”
“ဒါဆို အဖေတို့ ရွာသွားကြရုံပေါ့ဗျ။ ကျုပ် ရွာတော့ မသွားဘူး။ အမေနဲ့ ပထွေးကို ကျုပ် မမြင်ချင်ဘူး”
“အေး ဟုတ်သားကွ။ ရွှေလှေ ဟုတ်တယ်။ အဖေ့ရွာ ရွှေလှေကို သွားရအောင်”
သည်လိုနဲ့ သားအဖနှစ်ယောက် ရွှေလှေကို ရောက်လာခဲ့ကြတာပါ။ ဆရာတော်ကြီးကို လျှောက်တင်တော့ နေခွင့်ပြုတယ်။ စံလှဘော်က ကပ္ပိယ ကျိုးကျနေသူဆိုတော့ ဆရာတော်ကြီးရော ဦးပဉ္ဇင်းများကပါ ၀မ်းသာကြတယ်။ ရွာကတော့ စံလှဘော်ကို ဘယ်သူမှ မမှတ်မိကြပါဘူး။ စံလှဘော်ကလည်း ဇာတ်ဟောင်း မလှန် ချင်တော့တာ ပါပါတယ်။ သည်ရွာရောက်တော့လည်း စံလှဘော်က ၀ါသနာကို မစွန့်နိုင်ဘူး။ အလှူရှိရှိ၊ ဘုရားပွဲရှိရှိ ကတုန်းပဲ။ စံလှဘော် ကတော့ ကောက်ဆွကလည်း ကတာကိုး။ ရွာက သဘောကျ လိုက်ကြတာမှ။
အခုတော့လည်း စံလှဘော် တစ်ယောက် ရွှေလှေကျောင်း ကပ္ပိယ ဖြစ်ရပြန်ပေါ့။ သားအဖ နှစ်ယောက် ရွှေလှေ ရွာကလေးထဲ လျှောက် လည်လိုက်ကြ၊ ကျောင်းဝေယျာဝစ္စ လုပ်လိုက်ကြ။ ကောက်ဆွ နေမကောင်းတော့ စံလှဘော်က ပြုစု၊ စံလှဘော် နေထိုင်မကောင်းတော့ ကောက်ဆွက နင်းနှိပ်ပေးနဲ့ တစ်ဝမ်းတစ်ခါး မပူ ရတဲ့အပြင် အေးအေးလူလူ နေကြပါရဲ့။ ဒါပေမယ့် စံလှဘော် စိတ်ထဲမှာ မန်ကျည်းစု ရွာကို နေ့စဉ် လွမ်းတာကတော့ လွမ်းတာပါပဲ။
သူ့ကိုယ်သူလည်း ဖြေပါတယ်။ ကပ္ပိယဆိုတာ ကပ္ပိယပဲပေါ့။ ဘုန်းကြီးကျောင်း ရှိနေသမျှ ကပ္ပိယ လုပ်နေလို့ ရတာကိုး။ တတ်နိုင်သမျှ ကုသိုလ်ယူရင်း ဘ၀ကို နေပျော်သလို နေရင် စိတ်ချမ်းသာတာပဲ မဟုတ် လား။ တစ်ခါတစ်ခါ ကောက်ဆွကလည်း သတိရ ထင်ပါရဲ့။ ကျုပ်တို့ကို ဘယ်သူက နှင်လွှတ် လိုက်တာလဲတဲ့ မေးတယ်။ စံလှဘော်က ဘယ်သူကမှ နှင်မလွှတ်ကြပါဘူး လေတိုက်လို့ လွင့်လာတာပါလို့ ဖြေတတ်တယ်။
အဲသလိုနဲ့ မန်ကျည်းစုနဲ့ ဝေးရတာကပဲ သုံးလကျော်လို့ လေးလထဲ ရောက်ပြီပေါ့ဟာ။ စံလှဘော်လည်း နေရထိုင်ရတာ အသားကျစ တောင် ပြုခဲ့ပြီ။ တစ်ရက် လှည်းတစ်စီး ရွှေလှေ ကျောင်းဝကို ရောက်လာခဲ့တယ်။ အဲသည်နေ့က စံလှဘော်နဲ့ ကောက်ဆွ မရှိကြဘူး။ ရွှေလှေ ကျောင်း ဦးပဉ္ဇင်းတစ်ပါးနဲ့ ရွာစဉ်လိုက်ပြီး ဆွမ်းဆန်တိုက် သွားနေရချိန်ပါ။ မနက် စောစောကတည်းက စံလှဘော်နဲ့ ကောက်ဆွ ရွာလှည်းတစ်စီးနဲ့ ထွက်လာခဲ့ကြတယ်။
ရွှေလှေကျောင်းအတွက် ရွာတွေက နှစ်စဉ် ပဲပေါ် ၊ နှမ်းပေါ်ချိန် ငွေယားကလေး ရွှင်ချိန်တွေမှာ ဆွမ်းဆန်လောင်း လှူလေ့ ရှိကြတာ ဆိုတော့ တစ်ရွာဝင် တစ်ရွာထွက် အလှူခံ ထွက်ကြရတာပေါ့။ တစ်ရွာဝင် တစ်ရွာထွက် ကြက်ဦး မတွန်ခင်က လှည့်လိုက်တာ အပြန်မိုး စုန်းစုန်းချုပ်မှ ပြန်ရောက်ကြတယ်။ ရွှေလှေက လယ်ရယ် ယာရယ် မရှိတော့ ဆန်တို့ပဲတို့ ထွက်တဲ့ နရန်းရွာတွေက တစ်နှစ်တစ်ဝါစာ လှူလေ့ ရှိကြတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါပဲ။ စံလှဘော် ရွှေလှေမှာ မရှိတဲ့ ရက်မှာ မန်ကျည်းစု ဆရာတော် ဦးဝါယမ လှည်းတစ်စီးနဲ့ ကြွလာ တော် မူခဲ့တယ်။ ဆရာတော်ကြီးနဲ့ အတူ မန်ကျည်းစုရွာက ရွာလူကြီးနှစ်ယောက်ပါသတဲ့။ စံလှဘော် ရွှေလှေ ရွာကျောင်းရောက်နေတဲ့ သတင်းကြားလို့ ဆရာတော်ကြီးက ကြွလာတာပါ။ စံလှဘော် သည်မှာ ရှိသလားမေးတော့ ရွှေလှေ ဆရာတော်က ကျောင်းမှာ စောင့်ရှောက်ထားတဲ့ အကြောင်း လျှောက်တယ်။ စံလှဘော်ကို မန် ကျည်းစုရွာ ကျောင်းကို ပြန်ခဲ့ဖို့ အကြောင်း အမှုအခင်း ကိစ္စတွေ ရှင်းလင်းသွားပြီ ဖြစ်တဲ့အကြောင်း တွေမှာခဲ့တယ်။ ညနေစောင်းတော့ မန်ကျည်းစု ဆရာတော် ပြန်ကြွသွားခဲ့တယ်။
ညနေဘက် စံလှဘော်တို့ ဆွမ်းဆန်လှည်း ပြန်ရောက်လာတော့ ဆရာတော်က စံလှဘော်ကို မန်ကျည်းစု ဆရာတော် ကြွလာတဲ့အကြောင်း မန်ကျည်းစုရွာကိုသာ အမြန်ပြန်လာခဲ့ဖို့ အကြောင်းမိန့်တယ်။ စံလှဘော်က ငယ်ဆရာတော်ကြီး ကိုယ်တိုင် ကြွလာတော်မူတယ် ဆိုတော့ အံ့သြသွားတယ်။ ၀မ်းလည်း နည်းသွားတယ်။ ရွာလူကြီးတွေ ပါလာတယ်။ အမှုအခင်း ကိစ္စ ရှင်း လင်းသွားပြီ ဆိုတာတွေထက် စံလှဘော် ရင်ထဲမှာ ဆရာတော်ကြီး ကိုယ်တိုင်ကြွလာတယ် ဆိုတာကတော့ ထူးဆန်းတယ်လို့ ခံစားမိရသား။ ဆရာတော်ကြီးခမျာ အကြွကြီးကြွလာပြီးမှ သူ့ကို တွေ့မသွားရတာကို စိတ်မကောင်း ဖြစ်မိတယ်။
“အဖေ ဆရာတော်ကြီး ကြွလာတာ ဘာဖြစ်လို့လဲ”
“အဖေတို့ကို မန်ကျည်းစု ပြန်ခဲ့ဖို့ လာခေါ် တာ”
“အဖေက ပြန်မှာလား”
“မင်းကကော”
“ကပ္ပိယကြီး သွားမှတော့ ကပ္ပိယကလေး က လိုက်ရုံပေါ့ဗျ”
“ရွှေလှေ ကျောင်းဆရာတော်ကို လျှောက်ပြီး မနက်လိုက်ကြတာပေါ့ကွာ”
ညဦးကတည်းက ရွှေလှေကျောင်း ဆရာတော်ကို ၀တ်ဖြည့်ပြီး မန်ကျည်းစုကျောင်းကို ပြန်ဖို့ ခွင့်တောင်းတယ်။ ဆရာတော်ကလည်း သက်တော်ကြီး ၀ါတော်ကြီး မန်ကျည်းစု ဆရာတော်ကြီး ကိုယ်တိုင် ကြွလာတဲ့ ကိစ္စဆိုတော့ ခွင့်ပြုတော် မူပါတယ်။ စံလှဘော်နဲ့ ကောက်ဆွကို ငွေစ ကြေးစနည်းနည်းတောင် စွန့်လိုက်သေးတယ်။
မနက်စောစော လေးနာရီ တုန်းမောင်းတော့ စံလှဘော်က ခေါက်ဖြစ်အောင် စောင့်ခေါက်ခဲ့သေး တာပါ။ သူ့ဘ၀မှာ မနက်လေးနာရီတုန်းမောင်း ခေါက်တဲ့ ၀တ်မပျက်ခဲ့ဖူးဘူး။ သည်ကုသိုလ်လောက် ပီတိ ဖြစ်ရတာလည်း မရှိဘူး။ ဆယ်နှစ်သားတုန်းက ဘွားစောကြီးနဲ့ နှစ်ရက်နှင်ရတဲ့ ခရီးကို စံလှဘော်နဲ့ ကောက်ဆွ တစ်ရက်ပြင်းပြင်း လျှောက်ခဲ့ကြတယ်။ သားအဖနှစ်ယောက် လှည်းကြုံတစ်မျိုး၊ ခြေကျင်တစ်မျိုး လျှောက် လာခဲ့ပြီး ကြုံရာ ရွာကျောင်းမှာ ထမင်းတစ်လုတ် တစ်စုတ် ၀င်စားကြတယ်။ စံလှဘော်က သီချင်း ကလေးတောင် တအေးအေးဆိုလို့။ ကောက်ဆွ က တကောက်ကောက်။
မန်ကျည်းစု ကျောင်းကို ညကြီးမိုးချုပ်မှ ရောက်ကြတော့တယ်။ ကျောင်းဝ ရောက်ရောက်ချင်း စံလှဘော်တို့ကို ကျောင်းခွေးတွေက အမြီး တနန့်နန့်နဲ့ ကြိုတယ်။ စံလှဘော်ပေါ်ကို ကုပ်ကပ် တွယ်တက်ပြီး တအီအီအော်ကြလို့။ စံလှဘော် နှစ်ပေါင်းနှစ်ဆယ် ကျော်နေခဲ့တဲ့ ကျောင်း။ သူ မရှိတဲ့နောက်သုံးလအတွင်းမှာ ကျောင်းကြီး တောင် ပိုအိုစာ သွားသလား ထင်မိတယ်။ ခြေနင်း ရာ သစ်ရွက်ခြောက်တွေ၊ ကျောင်းကြီးကလည်း တိတ်ဆိတ်လို့။ မီးတိုင်ခွက် မလင်းတလင်း အောက်က ကျောင်းအိုကြီးကို ကြည့်ရင်း စံလှဘော် ၀မ်းနည်းသွားတယ်။
ကျောင်းကြီး ဝေယျာ ၀စ္စတွေ ဘယ်သူများလုပ်ကိုင်ပေးနေပါလိမ့်။ ဆရာတော်ကြီးကို ၀တ်ကြီးဝတ်ငယ် ဘယ်သူက များ ပြုစုပေးနေပါလိမ့်။ ရဟန်းနဲ့ လှူဖွယ်ပစ္စည်း အပ်စပ်အောင် ဘယ်သူကုသိုလ်ယူနေပါလိမ့်။ သရက်ကင်း လှေကားက နှစ်ယောက်သား တက်လာကြတော့ ကျောင်းပေါ်မှာ လသာမှန်အိမ် ကလေးက အလင်းလဲ့လဲ့ဖိတ်ကျလို့။ ကျောင်းကြီး အိုအို၊ မီးရောင်ကလေးက ကပိုကရို။ တစ် ကျောင်းလုံးလည်း တိတ်လို့။
“ငဘော်”
ဆရာတော်ကြီး တစ်ပါးတည်း ငုတ်တုတ် ထိုင်နေတော်မူလျက်။
“တပည့်တော်ကို ခွင့်လွှတ်ပါ ဘုရား”
“ကောက်ဆွကောဟဲ့”
“ပါပါတယ် ဘုရား”
“အေး ချမ်းသာစွ နေကြ”
“တင်ပါ့ ဘုရား”
မီးရောင် မှိန်မှိန်ကွက်ကွက်ကလေးမှာ ထိုင်နေတော်မူတဲ့ ဆရာတော်က ၀မ်းသာဝမ်းနည်း လှမ်းနှုတ်ဆက်တော်မူတယ်။ ဘုရားကို ၀တ်ဖြည့်၊ ဆရာတော်ကြီးကို ၀တ်ဖြည့်ပြီး စံလှ ဘော်နဲ့ ကောက်ဆွကလည်း အသာငြိမ်နေလိုက် ကြတယ်။ ဆရာတော့်ဆီက ကွမ်းသီးညှပ်သံသာ တဖျောက်ဖျောက် ကြားနေရတယ်။ ကျောင်းမှာ ကိုရင်တွေ၊ မောင်ကျောင်းသားတွေတောင် ရှိကြ ပုံ မပေါ်ဘူး။ တိတ်ဆိတ်လို့။
“လများ လငပုပ်ဖမ်းရာက လွတ်လာရသလို ပေါ့ ငဘော်ရယ်။ အကုသိုလ်များဟာ သံဝေဂ ယူစရာ ကောင်းတယ်။ ကိုယ်ကပြုတဲ့ အကုသိုလ် ဆိုတာ မပြောနဲ့။ ကိုယ်မပြုတဲ့ ကိစ္စမှာတောင် အကုသိုလ် တရားက စီးမိရင် အကျိုးပျက်ရာ ပျက်ကြောင်း ဖြစ်တတ်တာပဲ”
ခင်ခင်ထူး
No comments:
Post a Comment