Monday, February 13, 2012

ပညာတော်လှန်ရေး တပ်ဦးကျောင်းသားများ


ပညာရေးပြုပြင်ပြောင်းလဲမှု သို့မဟုတ် ပညာတော်လှန်ရေးဆင်နွှဲရမယ့်ခေတ် ရောက်လာပါပြီ။ ပြုပြင်ပြောင်းလဲမှုတစ်ခုဆိုတာ ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲမှ ရပါတယ်။ ပညာရေးနယ်ပယ်မှာလည်း အစဉ်အလာကို နည်းပညာကတော်လှန်တယ်။ အိပ်ပျော်နေတဲ့ဆရာတွေကို တပည့်တွေကတော်လှန်တယ်။ ဆရာတွေက လမ်းညွှန်ပြသနိုင်မှုမဲ့လာတော့ တပည့်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ထွက်ပြတယ်။

ပညာရေးမှာ ဈေးကွက်ဝင်ပညာရေး ဖြစ်လာသလို ဈေးကွက်ရှာပညာရေးမျိုးကို တပည့်တွေက ဆရာ့ထက် တစ်ခေတ်ကြီးပြီး ပြုပြင်ပြောင်းလဲမှုလေးတွေ လုပ်လာတာကို ဖော်ပြချင်ပါတယ်။

ကျွန်တော်ပြောချင်တဲ့ ကျောင်းသား အုပ်စုထဲမှာ လှုံ့ဆော်မှုကို စတင်လိုက်သူက အယ်လ်တီမီမီ ဆိုသူပါ။ သူ့နာမည်အပြည့် အစုံက Saif Altimimi ဖြစ်တယ်။ သူဟာ Guelph တက္ကသိုလ်က အင်ဂျင်နီယာကျောင်း သားတစ်ယောက်လည်းဖြစ်ပါတယ်။

အယ်လ်တီမီမီဟာ NoteWagon ဆိုတဲ့ website ကို စတင်ထူထောင်သူဖြစ်တယ်။ အွန်လိုင်းပေါ်ကနေ ကျောင်းသားအချင်းချင်း မှတ်စုတွေကို share လုပ်နိုင်စေဖို့ သူက စီစဉ်ပေးတယ်။ ဒါပေမယ့် သူ့ website က အခမဲ့မရဘူး။ ပိုက်ဆံပေးရတယ်။ ပညာရေးမှာ ထိုက်ထိုက်တန်တန်ပေးမှ ထိုက်ထိုက်တန်တန်ပြန်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ကို အလေးထားပြီး ငွေရှာနေတဲ့သူတွေဖြစ်နေလို့ ကျောင်းသား အများစုကတော့ NoteWagon ကို သိပ်သဘောမတွေ့ကြပါဘူး။ အလကား ရတာတွေပဲ သုံးနေတဲ့သူတွေကြားမှာ ပိုက်ဆံပေးမှရတယ် ဆိုတာကတော့ အလေးအနက်ထားစေပြီး၊ အာရုံစိုက်စရာတစ်ခုတော့ဖြစ်သွားခဲ့ပါတယ်။

သူတို့က ကောင်းတာတွေပဲပေးမယ်၊ ကောင်းတာတွေပဲ လုပ်မယ်ဆိုတဲ့ဦးတည် ချက်တွေနဲ့ မာမာတင်းတင်း ပိုက်ဆံရှာနေ ကြပေမယ့် အောင်မြင်တယ်လို့ ပြောရမှာ ပါ။ NoteWagon ဟာ ခုဆိုရင် ဒေါ်လာ တစ်သန်း လောက်တန်တဲ့ website တစ်ခုတောင်ဖြစ်လာပါပြီ။ ခုဆိုရင် သူတို့ website ကို တတိယအဆင့်လောက်ကို တက်လှမ်းဖို့ ပြင်ဆင်နေကြပြီလို့တောင်ဆိုတယ်။ သူတို့ပန်းတိုင်က ပညာရေးမှာ ပူးပေါင်းပါဝင်မှုတွေ လုပ်မယ်၊ လိုချင်တာကို NoteWagon မှာ ရနိုင်စေမယ်ဆိုပြီး လှုပ်ရှားနေကြတာဖြစ်ပါတယ်။

ဒီတွေ့ဆုံခန်းဟာ အယ်လ်တီမီမီနဲ့ Career Insider Business က မီဒီယာသမား တစ်ယောက် တွေ့ဆုံ မေးမြန်းထားချက်တွေကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ မီမီဟာ သူတို့ လုပ်ငန်းစတိုင်၊ အောင်မြင်မှု၊ ကြိုးစား ရမှု၊ အတွေ့အကြုံ၊ အလုပ်အပေါ်မြတ်နိုးမှု တွေကို ဖော်ထုတ်ပြောပြသွားတယ်။ သူ့ ပညာရေးနဲ့ ပတ်သက်တဲ့ ခံယူချက်သဘောတရား၊ စွန့်စားတီထွင်လိုစိတ်နဲ့ အကြံပြု ချက်တွေကလည်း လူငယ်တစ်ယောက်နဲ့ မလိုက်အောင် မြင့်မားပါတယ်။ သူတို့ NoteWagon website ကို ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာ ကြည့်ရအောင်။


မေး - NoteWagon ဆိုတဲ့ စိတ်ကူးလေးကို ဘယ်ကနေ စတင်ရခဲ့ကြတာလဲ

ဖြေ - ပြီးခဲ့တဲ့နှစ် ဇူလိုင်လောက်ကတည်းက စခဲ့ကြတာ။ ကျွန်တော် ဒုတိယနှစ်အရောက် မှာပေါ့။

ကျွန်တော့် မိဘတွေနဲ့ ကျွန်တော် နောက်စာမေးပွဲအတွက် ပရောဂျက်တစ်ခုလုပ်ဖို့ စဉ်စားကြတယ်။ ကျွန်တော့်စိတ်ကူးက မှတ်စုတွေလဲမရှိ၊ အတန်းလည်းမတက် ဘဲနဲ့ ကျောင်းစာတွေကို ဘယ်လိုရနိုင်မလဲ ဆိုတာကိုပဲ စိတ်ကူးနေတာ။ ကျွန်တော်က ဆရာတွေသင်တာထက် ကျွန်တော်တို့ ကျောင်းသားအချင်းချင်း နားလည်ထားသလို မှတ်စုတွေကို အပြန်အလှန် share လုပ်ကြမယ်၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေခဲ့တယ်။ ကျွန်တော့်စိတ်ကူးဟာ ဇူလိုင်လမှာ စတင် အကောင်အထည်ပေါ်လာ တယ်လို့ ပြောရမှာပဲ။ ကျွန်တော်တို့ သဘောကျတဲ့ စကားလေးရှိတယ်။ “သိပြီးပြီလား၊ တကယ့်ကို စိတ်ကူးကောင်းလေးပဲ” ဆိုတဲ့ စကားကိုပါ။ ကျွန်တော်တို့က အဲဒီစကားလေးကို အခြေခံပြီး လုပ်ငန်းကို စတင်ခဲ့ကြတာ။



မေး - မင်းတို့ website က Study Monkey ဆိုတဲ့ site နဲ့ ဘယ်လိုကွာခြားသလဲ။ သူတို့လည်း မှတ်စုတွေ share လုပ်နေတာပဲ။

ဖြေ - နှစ်ချက်ရှိတယ်။ ပထမအချက်က ထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်ပဲ။ ကျွန်တော် တို့က မှတ်စုတွေကို share လုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့လုပ်နေတာက လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ သင်ယူလေ့လာ နိုင်ရေးဆိုတဲ့ အသွင်ကိုဆောင်ထားတယ်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပါတယ်။ မှတ်စုတွေ ၀ယ်တာ၊ ရောင်းတာမျိုးလုပ်တာထက် ကျွန်တော်တို့ က ပူးပေါင်းဖြေရှင်းတဲ့သဘောမျိုးလုပ်ထား တယ်။ အွန်လိုင်းကနေ အုပ်စုလိုက် ပရော ဂျက်တွေလုပ်နိုင်အောင် အမေး-အဖြေ သဘောတွေနဲ့ သူတို့ဘာလိုသလဲ၊ ဘာတွေ ဆောင်ရွက်ပေးရမလဲဆိုတာတွေကို ဖြည့် ဆည်းပေးတဲ့သဘောပဲ။

မှတ်စုတွေကို share လုပ်တယ်ဆိုတာမျိုး ကျွန်တော်တို့ လုပ်ရင်လည်း ကျောင်းသားတွေ ကျွန်တော် တို့ဆီကိုပို့လာတဲ့ မှတ်စုတွေကို အခြားသူ တွေ ဖတ်နိုင်၊ လေ့လာနိုင်အောင် လုပ်ပေး ထားတဲ့သဘောပဲ။ ဒါကြောင့် အခြား site တွေလို မှတ်စုရောင်းစားတဲ့ အသွင်မျိုး မဆောင်ပါဘူး။ ကျွန်တော်တို့က အလုပ် သဘောဆောင်တဲ့ share မျိုးကိုပဲလုပ်ပါတယ်။

စီးပွားရေးလုပ်ငန်းဖက်ကကြည့်ရင် ဈေးကွက်မှာ ထူးခြားတဲ့အသွင်နဲ့ ရပ်တည်နေတယ်လို့ ဆိုရမယ်။ ကျွန်တော်တို့လည်း ကိုယ်ပိုင်ဗျူဟာတွေရှိပါတယ်။ ပြိုင်ဘက် ကင်းတဲ့ site တစ်ခုဖြစ်ချင်တာပေါ့။ ဒါကြောင့် စံပြုလောက်တဲ့ပုံစံ၊ ရပ်တည်ချက်မှန်မှန်နဲ့ ကနေဒါမှာ ရပ်တည်နိုင်တာပေါ့။



မေး - ခုဆိုရင် မင်းတို့က Waterloo တက္ကသိုလ်နဲ့ Wilfrid Laurier တက္ကသိုလ်တွေနဲ့ လုပ်ငန်းတွေ တွဲလုပ်နေပြီကြားတယ်။ အခြား တက္ကသိုလ်တွေနဲ့ရော တွဲလုပ်ဖို့ ရှိသေးလား။ Michigan တက္ကသိုလ်နဲ့ ဘာဖြစ်လို့ မဆက်သွယ်သေးတာလဲ။

ဖြေ - ကျွန်တော်တို့ စကားပြောထားတာတွေ ရှိပါတယ်။ Boston နဲ့ ချိတ်ဆက်ပြီးရင် ထုတ်ပြန်ကြေညာ ပါ့မယ်။



မေး - အသုံးပြုသူတွေကို တိုးပွားလာအောင် ဘယ်လိုလုပ်ခဲ့ရသလဲ။ ဈေးကွက်ဗျူဟာနဲ့ သက်ဆိုင်တာ လေးကို ပြောပါလား။

ဖြေ - ကျွန်တော်တို့ အကြံပေးနိုင်သူတွေကို ချဉ်းကပ်ရပါတယ်။ Facebook နဲ့ Twitter တွေကိုသုံးပြီး ကျွန်တော်တို့နဲ့ တိုက်ရိုက် ဆက်သွယ်အကြံပေးနိုင်အောင်လည်းလုပ်တယ်။ သူတို့ဆီက အများကြီး စိတ်ကူး ကောင်းတွေရတယ်။ ဥပမာ NoteWagon ကို သူငယ်ချင်းတစ်ယောက်ယောက်ကို ညွှန်းပေးလိုက်လို့ ကျွန်တော်တို့ဆီကိုရောက်လာရင် အဲဒီညွှန်ပေးသူကို ကျွန်တော်တို့က တိုကင် ၁၀၀ အခမဲ့ပေးတယ်။ အဲဒီတိုကင် တွေနဲ့ လက်ဆောင်ကတ်တွေ၊ စတားဘတ် ကော်ဖီတွေ သောက်နိုင်တယ်။ ဒါမှမဟုတ် မှတ်စုတွေကို ၀ယ်နိုင်တယ်။ တစ်ခုခု အထောက်အကူဖြစ်အောင်တော့ လုပ်ပေးလိုက်တာပဲ။



မေး - ဒါနဲ့ မင်းတို့ကို မီဒီယာမှာတော့ အဆိုးမြင်ရှုထောင့်ကနေ ရေးနေတာတွေ ရှိနေတယ်နော်။

ဖြေ - (ရယ်လျှက်) ကျွန်တော်တို့ဆီကို Quora ကနေ post တွေပို့တာရှိတယ်။ ခေါင်းစဉ်အချို့ ပြောပြရဦးမယ်။ “ငပျင်းတွေ အတွက် အကူအညီရပြီ” နဲ့ “ကျောင်းမတက် ရတဲ့နည်းလမ်းသစ်” ဆိုတာတွေ ရေးကြတယ်။ သူတို့အဲဒီလိုရေးတာကို ကျွန်တော်တို့က ကျေးဇူးတင်တယ်။ သူတို့ရေးတော့ ဆောင်သင့် တာဆောင်၊ ရှောင်သင့်တာ ရှောင်နိုင်တာပေါ့။

ကျွန်တော်တို့လမ်း ကျွန်တော်တို့ လျှောက်နေတာကို သတင်းဆိုးတွေ ဘယ်လောက်ထုတ်ထုတ်၊ သတင်း ကောင်းတွေက ဖုံးသွားတာပါပဲ။ ဘာပြောပြော လုပ်ငန်းကို တော့ မထိခိုက်ပါဘူး။ MontrealGazette နဲ့ London Free Press တွေကလည်း ကျွန်တော်တို့ကို ဆော်တာပဲ။ ကျွန်တော်တို့ က သူတို့ကို blog ကနေ အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းပြပါတယ်။ သူတို့စွပ်စွဲ ချက်တွေကို လက်မခံနိုင်ရင်လည်း လက်မခံ ရတာကို အကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်။ ကျွန်တော်တို့က ပညာရေးလှုပ်ရှားမှု အသစ်မှာ စားသုံးသူ သို့မဟုတ် သင်ယူသူသာအဓိကကျတယ်ဆိုတာပြောတယ်။ သူ တို့မှာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်ဆိုတာ ကို ပြောရတယ်။ ပညာရေးက ပေါင်းသင်း ဆက်ဆံမှုဆိုင်ရာပညာရေး၊ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ပညာရေးသဘောမျိုးဆောင်လာကြောင်း ရှင်းပြရတယ်။



မေး - NoteWagon အောင်မြင်မှုရလာလို့ အံ့အားသင့်သွားသလား။ ခုဆိုရင် ဒေါ်လာ တစ်သန်း လောက်တောင် တန်နေပြီလို့ကြားတယ်။ မင်းတို့ ငွေရေးကြေးရေး အနေအထားလေးကို ဖွင့်ချပြနိုင်မလား။

ဖြေ - အသေးစိတ်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒေါ်လာ တစ်သန်းလောက်တန် နေပြီဆိုတာတော့ ဟုတ်ပါတယ်။ ဘယ်လောက်ရတယ်၊ ဘယ်လောက်ရှယ်ယာတွေ ရနေတယ်ဆိုတာလည်း မပြောနိုင်ဘူး။ ငွေပင်ငွေရင်းကတော့ တိုးပွားသည်ထက် တိုးပွားလာအောင် ကြံဆောင်နေရတာပဲ။ ကျွန်တော်တို့နဲ့ စကားပြောထားတာတွေ လည်းရှိတယ်။ အခိုင်အမာပြောနိုင်တဲ့ တစ်နေ့ကျရင် ချပြနိုင်မယ်ထင်ပါတယ်။

အောင်မြင်လာတာကိုတော့ ကျွန်တော်လည်း အံ့သြမိတယ်။ ကျွန်တော် စတင်တုန်းက ပရောဂျက်လေး တစ်ခုအနေနဲ့ စလိုက်တာ။ ဒီလောက်ဖြစ်လာမယ် မထင်ထားဘူး။ ကုမ္ပဏီကြီးတစ်ခုလောက် ဖြစ်လာရ လောက်အောင်လည်း တွေးမထားပါ ဘူး။ ဖြစ်ချင်လာလို့ ဖြစ်သွားတယ်ပဲ သဘောထားပါတယ်။



မေး - မင်းတို့ Recently Divorced နဲ့ Symico Contracting ဆိုတာတွေပါ လုပ်နေတယ်ကြားတယ်။ ဘာကြောင့် ဒီလုပ်ငန်း တွေအတွက်ပါ ပြင်ဆင်နေကြတာလဲ။

ဖြေ - အဲဒီ ပရောဂျက်တွေက ကျွန်တော် အထက်တန်းကျောင်းသားဘ၀ကတည်းက လမ်းကြောင်း ရှာခဲ့တာတွေလို့ ပြောရမယ်။ ကျွန်တော်က ရှေ့နေဖြစ်ချင်တာ။ ဒါပေမယ့် Guelph တက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ အတွက် လာတက်နေရတာ။ စီးပွားရေးလုပ်ငန်းအနေနဲ့ ကျွန်တော်စပြီးစိတ်ဝင်စားတဲ့ အလုပ်က တီရှပ်တွေရောင်းဖို့ဗျ။ ကျွန်တော် အရမ်းကို သဘောကျခဲ့တဲ့ လုပ်ငန်းပေါ့။ အဲဒီကရငွေနဲ့ လုပ်ငန်းထူထောင်ဖြစ်ခဲ့ရ ရင် ကောင်းမှာပဲလို့တောင် တွေးခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော် စုံညီ အစည်းအဝေးတစ်ခုကို တက်လိုက်ရတယ်။ အဲဒီမှာ လူတွေ အများကြီးနဲ့တွေ့ပြီး စိတ်ကူးပြောင်းသွားတယ်။ မျက်စိပွင့်သွားတယ်ဆိုပါတော့ဗျာ။

ကျွန်တော်ပြောချင်တာက နှစ်ချက်ရှိ တယ်။

အလုပ်ကြိုးစားပမ်းစားလုပ်တယ်ဆိုတာ အရေးအကြီးဆုံးပဲ။ တကယ်ဖြစ်ချင် တကယ်လုပ်မှရတယ်လို့ ပထမပြောချင်ပါ တယ်။ လူတိုင်းမှာ စိတ်ကူးလေးတွေတော့ ရှိကြတာပဲ။ ဒါပေမယ့် အဲဒီစိတ်ကူးတွေကို သူများနဲ့ မတူအောင် အကောင်အထည်ဖော် နိုင်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စရိုက်ကတော့ ဖြစ်အောင်လုပ်၊ အကောင်အထည်ပေါ်အောင်လုပ်ပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ နဲ့ အကြံတြူ ပိုင်ဘက်တွေ အများကြီးပဲ။ ကျွန်တော်တို့ ၀ါဒက သူတို့ထက်သာအောင် လုပ်၊ ကောင်းအောင် လုပ်ပဲ။ ကျွန်တော်တို့ site သုံးသူတွေကိုပြောချင်တာကတော့ သူတို့ဖြစ်ချင်တာတွေကို ကျွန်တော်တို့ မဖြစ်ဖြစ်အောင် လိုက်လုပ်ပေးမယ်ဆိုတာပဲ။

နောက်ထပ်ပြောချင်တာက ကျွန်တော် ဘယ်တော့မှ လွယ်လွယ်နဲ့ လက်လျှော့ပြီးတော့ နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ မဖြစ် ဖြစ်အောင်ကို လုပ်သွားမှာ။ ကျွန်တော်က လူတိုင်းကို အကျိုးရှိနေတယ် ဆိုရင် ကျေနပ် နေတာပါ။



မေး - မင်းပြောတာက အင်ဂျင်နီယာတက္ကသိုလ် တက်နေတယ်နော်။ ဒါဆိုရင် Symico နဲ့ရော ချိတ်ဆက်ဖို့ အထောက်အကူမပြုဘူးလား။ မင်း ပညာရေးက မင်းအလုပ်ကို အထောက်အကူပြုနေတာမဟုတ်လား။

ဖြေ - တကယ့် မေးခွန်းကောင်းပဲ။ အရိုး သားဆုံးပြောရရင် အထောက်အကူပြုနေတယ်ဆိုတာ မဟုတ်ပါဘူး။ Symico ပရိုဂရမ်က တကယ့်အကြီးကြီးဗျ။ အများကြီး လေ့လာရဦးမယ်။ လောလောဆယ် ကျွန်တော့် အတွက်တော့ မဟုတ်သေးဘူး။ ကျွန်တော် အများကြီးအချိန်ယူ လေ့လာရဦးမယ်။

လက်တွေ့အလုပ်မှာ ကျွန်တော် ကျောင်းမှာ သင်ထားတာတွေထက် အများကြီး အားထုတ်ရတာတွေရှိတယ်။ ကျွန်တော်ကတော့ ပညာရေးဟာ အရေးပါတယ် လို့ထင်တယ်။ ဘွဲ့ဆိုတာလည်း အရေးကြီးကို ကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ လူတစ်ယောက်ကို အခက်အခဲ အကျပ်အတည်းတွေကြားက ကျွမ်းကျင်စွာ ရုန်း ထွက်နိုင်စေလို့ပဲ။ ဥပမာဗျာ အင်ဂျင်နီယာ ဘာသာရပ်မှာ ပုစ္ဆာတွေထုတ်၊ ဖြေရှင်းပြီး အလုပ်လုပ်ရတာ တွေရှိတယ်။ လူတွေနဲ့ အမှန်တကယ်ရင်ဆိုင်တွေ့ချိန်မှာ အဲဒီလို အဖြေထုတ်နိုင်ဖို့ အများကြီးလိုတယ်လေ။

လုပ်ငန်းခွင်မှာ ပရိုဂရမ်မာတွေ၊ developer တွေနဲ့ အများကြီးတွေ့ရမယ်။ သူတို့ကလည်း သူတို့လိုင်းမှာ သူတို့ပိုင်နိုင် တယ်လို့ ယူဆထားသူတွေ။ ခင်ဗျားအနေနဲ့ အဲဒီလိုလူတွေနဲ့ တစ်ဖွဲ့တည်းလုပ်ကောင်း လုပ်ရမယ်။ အဲဒီအချိန် ခင်ဗျားမှာ ပညာနဲ့ ပတ်သက်ပြီး တစ်ခုခုအထောက်အထားမရှိ၊ အစွမ်းထုတ်မပြနိုင်လို့ကတော့ သွားပြီ။ ကုမ္ပဏီတစ်ခုကို run ရင်လည်း ဒီအတိုင်းပဲဗျ။ ခင်ဗျား ဘာမှ မဟုတ်ရင် ဘယ်သူကမှ ခင်ဗျားကို ဘာမှထင်မှာ မဟုတ်တော့ဘူး။ ကိုယ့် ကိုယ်ပိုင်အရည်အချင်းတစ်ခု၊ ရထားတဲ့ဘွဲ့က ခင်ဗျားဘာဆိုတာကို ဖော်ပြနေ တာလို့ ထင်ပါတယ်။



မေး - မင်းတို့ ဒီကုမ္ပဏီကိုထူထောင်တဲ့ Gabriel နဲ့ ဆက်ဆံရေးကရော ဘယ်လိုလဲ။

ဖြေ - သူက တကယ့်တော်တဲ့ကောင်ဗျ။ ကျွန်တော်တို့ အဖွဲ့မှာ CTO (Chief Technology Officer) အနေနဲ့ တာဝန်ယူထားတယ်။ ကျွန်တော်တို့ ပူးပေါင်းလုပ် ဆောင်နေကြတာပဲ။ ကျွန်တော်တို့မှာ တူတဲ့ စရိုက်လေး တွေ အတော်များများရှိတယ်။ ဒါပေမယ့် စိတ်ဝင်စားပြီး စိုက်လိုက်မတ်တတ် လုပ်ဆောင်တာတွေကတော့ တူချင်မှ တူမယ်ပေါ့။ ကျွန်တော်က စီးပွားရေးနဲ့ လုပ်ငန်းပိုင်းကို စိတ်ဝင်စားတယ်။ သူကတော့ text တွေနဲ့ ပရိုဂရမ်ပိုင်းကိုပဲ အာရုံစိုက်တယ်။ သူနဲ့တွဲလုပ်ရတာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေအများကြီးရတယ်။ ကျွန်တော်ပြောချင်တာက ခင်ဗျား အလုပ်တစ်ခုခုစပြီဆိုရင် အဲဒီလိုလူမျိုးတွေချည်း ရှိနေသင့်တယ်။ ကိုယ့်အပိုင်းနဲ့ကိုယ်၊ ကိုယ့် တာဝန်နဲ့ကိုယ် ကျေပွန်နေတဲ့လူမျိုးတွေလို တယ်။ လုပ်ငန်းအပေါ်မှာ နှစ်ထား နိုင်တဲ့ သူမျိုးတွေရှိရင် အောင်မြင်မှာပဲ။ ကျွန်တော်နဲ့ Chan တို့ ဒီအတိုင်းလုပ်နေကြတယ်။ ကျွန်တော်က သူတပ်ဆင်ပေးတာတွေကို ရောင်းတယ်။



မေး - မင်းနဲ့ Gabriel တို့ ဘယ်လိုတွေ့ဆုံခဲ့ကြတာလဲ။

ဖြေ - သူ အရင်ကတည်းက လုပ်ငန်းတစ်ခု လုပ်ဖူးတယ်။ ကျွန်တော် အလုပ်စတော့ သူ့ကို ချဉ်းကပ်ရတယ်။ သူက ကျွန်တော့်ကို ငြင်းတယ်။ အစောပိုင်းမှာ ပြောတာပါ။ ကျွန်တော်တို့ အားကောင်းလာမှ သူ့ဆီကို ပြန်သွားတယ်။ ကျွန်တော်တို့ အဖွဲ့နဲ့ပေါင်းပါလို့ ဗြောင်ကို သွားပြောရတယ်။ နောက်မှ သူက လက်ခံတာ။ သူ့ကို သဘောပေါက် အောင် ပြောရတာက ကျွန်တော်တို့ လုပ်နေတာ note-sharing လုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က လေ့လာသင်ယူမှု ဆိုရှယ် အသိုင်းအ၀ိုင်းတစ်ခုကို ထူထောင်နေတာပါ ဆိုတာ သူသဘောပေါက်အောင်ပြောရ တယ်။ Facebook မှာ သင်ယူလေ့လာမှုတွေ လုပ်နိုင်အောင် ကျွန်တော်တို့ ဖန်တီးပေးတယ်။ သူ့ကို ကျွန်တော်က စိတ်ကူးတွေကို အလကားတော့ မပေးနိုင်ဘူး။ ရောင်းစားမယ်ဆိုတာ ကိုတော့ ဗြောင်ပြောထားရ တယ်။ သူက ကျွန်တော်တို့ စိတ်ကူးနဲ့ အလုပ်ကို သဘောကျပြီးတော့ လက်တွဲ လိုက်တာ။



မေး - မင်းတို့ blog မှာတော့ မင်းတို့အဖွဲ့က အတော်ရယ်စရာကောင်းတာပဲ။ မင်းတို့ လုပ်ငန်းခွင် အနေ အထားလေးပြောပါဦး။

ဖြေ - ကျွန်တော်တို့အဖွဲ့က ထူးဆန်းတယ်ဗျ။ ရင်းရင်းနှီးနှီးနေကြတယ်။ မိသားစုလိုပဲ။ ပီဇာစားတာကအစ အတူတူပဲစားကြတယ်။ ရုံးချိန်ရယ်လို့လည်း သတ်သတ်မှတ်မှတ် မတင်းကျပ်ထားဘူး။ လာချင်တဲ့အချိန်လာ၊ လုပ်ချင်သလောက်ထိုင်လုပ်၊ ပြန်ချင်တဲ့ အချိန်ပြန်ပဲ။ ကိုယ့်တာဝန်ကိုယ်ကျေနေရင် ပြီးတာပဲ။ ကျွန်တော် တို့အဖွဲ့ဟာ တကယ့်ကို အေးအေးဆေးဆေးအဖွဲ့ပါ။



မေး - ဒီအလုပ်ကို မလုပ်မီ ဘာတွေလုပ်ခဲ့ သလဲ။

ဖြေ - လုပ်တော့ လုပ်ခဲ့တယ်။ ဒါပေမယ့် သူများတွေနဲ့တွဲလုပ်ရတာကို ကျွန်တော်က သိပ်မကြိုက်ဘူး။ ပထမဦးဆုံး လုပ်တဲ့ အလုပ်မှာပဲ အထုတ်ခံလိုက်ရတယ်။ McDonald မှာ လုပ်ခဲ့ဖူးတယ်။ ဓာတ်ဆီ အရောင်း ဆိုင်မှာပေါ့။ အထက်တန်းကျောင်းတုန်းကပါ။ သူတို့က တကယ့် အတွေ့အကြုံ ရှိကြတာ။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိလုပ်ရတယ်။ အဲဒီအလုပ်နဲ့ ကျွန်တော်နဲ့ မကိုက်ပါဘူး။



မေး - အရင် လုပ်ခဲ့ဖူးတဲ့အလုပ်က ယခု အလုပ်ကို အထောက်အကူပြုသလား။

ဖြေ - ပြုသလိုလိုတော့ရှိတယ်။ အလုပ်ဆို တာ ဘာလဲဆိုတာတော့ သိခဲ့ရတာပေါ့။ အလုပ်ကြမ်းကို ပင်ပင်ပန်းပန်းလုပ်ရသလို ကျွမ်းကျင်မှုဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ငွေရဖို့ဆိုတာ လွယ်လွယ်နဲ့ မရဘူး ဆိုတာ သဘောပေါက်ခဲ့တယ်။ ငွေရှာရတဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် တန်ဖိုး မဖြတ်နိုင် ပါဘူး။



မေး - မင်းတို့ NoteWagon မှာ ငှားထားတဲ့ သူတွေရှိသေးသလား။

ဖြေ - ခုတော့ ငှားပြီးလုပ်နေရတဲ့ အဆင့် ရောက်နေပါပြီ။ Web developer အတွက် ကျွန်တော်တို့မှာ လူတွေလိုနေတယ်လေ။ ကျွန်တော်တို့က Python နဲ့ code တွေ ရေးတယ်။ ဒါကြောင့် Python developer တွေကို ရှာပြီးခန့်ထားရတယ်။ ခုဆိုရင် ကျွန်တော်တို့ မိုဘိုင်း application တွေကို လုပ်နေရပြီ။ ဒါကြောင့် မိုဘိုင်းပရိုဂရမ်မာတွေ ရှာနေရတယ်။ ကျောင်းတွေကနေ လူသစ်တွေသွားရှာလာပြီး NoteWagon အတွက် သုံးနေရပါတယ်။



မေး - မင်းတို့ အလုပ်သင်တွေကို ဘယ်လို ရှာသလဲ။

ဖြေ - ကျွန်တော်တို့က သူတို့ကို မေးခွန်း နှစ်ခုပဲမေးတယ်။ ပထမမေးခွန်းက ဘာတွေ တတ်လာသလဲ ဆိုတာပဲ။ အတွေ့အကြုံရှိလာ သူတွေဆိုရင် ပိုကြိုက်ပါတယ်။ တစ်နေရာရာမှာ လုပ်လာဖူးတယ်ဆိုရင် ပိုကောင်းတာပေါ့။ အနည်းဆုံးကျောင်းမှာ တစ်ခုခုလုပ်ခဲ့ အစွမ်းပြခဲ့တယ်ဆိုရင်တောင်ရပါတယ်။

ဒုတိယမေးခွန်းကတော့ ဘာတွေလုပ်နိုင်သလဲဆိုတာပါ။ ဘယ်လို ကွန်ပျူတာ language မျိုးတွေ တတ်လာသလဲ။ ကျွန်တော်က ပြောတိုင်းယုံတတ်တဲ့သူ မဟုတ်တော့ ဘယ်မှာ ဘာကိုလုပ်ခဲ့တယ်ဆိုတာနဲ့ပဲ ပိုင်းဖြတ်လေ့ရှိပါတယ်။



မေး - အနာဂတ် NoteWagon အတွက် စီမံချက်တွေရှိသလား။

ဖြေ - Version 3 ဆက်ထုတ်မယ်။ တကယ့် ပြောင်းလဲမှုတစ်ခု ဖြစ်သွားလိမ့်မယ်။ ပြိုင်ဘက်တွေ အံ့အားသင်သွားပါလိမ့်မယ်။ ကျွန်တော်တို့ note တွေကို ခွဲစိတ်ဖြာထားတာတွေကို တွေ့ရလိမ့်မယ်။ အချိန်တို အတွင်းမှာ ၀င်ငွေတိုးစေမယ့် အစီအစဉ် သစ်တွေလို့ ဆိုရမယ်။ ကျွန်တော်တို့ network ကို ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတွေမှာ တည်ထောင်ဖို့ အားထုတ်နေတယ်။

တင်ညွန့်

source.... မောက္ခ

No comments:

Post a Comment