မောင်ဒီ
သရုပ်ဖေါ်ပန်းချီမောင်ဒီ
(၁၉၉၅၊ ဒီဇင်ဘာမှာ အေဇက်စာပေအိမ်မှ ပုံနှိပ်ထုတ်ဝေတဲ့ လေညင်းကလေး မော်ဒန်ကဗျာများ စာအုပ်မှနေ စာရေးသူ မောင်ဒီ အတ္တုပ္ပတိအကျဉ်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။)
မောင်ဒီ
အဖ ဦးမြသီ၊ အမိ ဒေါ်အုန်းပြိုင် တို့က ၁၉၄၁ ခုနှစ်၊ြ သဂုတ်လ ၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ သရက်တောရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မျိုးညွန့်ဖြစ်သည်။
ပထမ ကံကူလက်လညြ့် ဆရာမှာ မြစ်ခြေမြို့၊ မဇ္ဈိမရာမကျောင်း ဆရာတော် ဦးဉာဏ ဖြစ်သည်။
၁၉၅၉ ခုတွင် မန္တလေးမြို့ဗဟိုရ်စည် သတင်းစာကြီး၏ ပင်တိုင် ကာတွန်းဆရာ အဖြစ် စတင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့၍ သတ္တိစာစောင်နှင့်င့် စုံထောက် မဂ္ဂဇင်းတို့မှစတင်၍ ယခုတိုင် မဂ္ဂဇင်း ပန်းချီများကို မျိုးညွန့် အမည်နှင့် ရေးဆွဲနေဆဲ ဖြစ်သည်။
၁၉၆၇ ခုနှစ်တွင်ကာရန်မဲ့ ကဗျာများကို စတင် ရေးသားခဲ့၍ ၁၉၆၉ ခုနှစ်တွင် စာရေးဆရာကြီး ရန်ကုန်ဘဆွေက ရုပ်ရှင်ချစ်သူ မဂ္ဂဇင်းတွင် စတင် ဖော်ပြခဲ့သည်။
မောင်ဒီသည် ပန်းချီဆရာ တဦးလည်း ဖြစ်၍ ကဗျာ၊ ဝတ္တု၊ ဆောင်းပါး၊ အက်ဆေး စသည်တို့ကို ကြိုကြားကြိုကြား ဆိုသလိုသလျှင် ရေးသား ဖြစ်သည်။
အချစ်ဆုံးလူ
လူတိုင်းလိုလို
တိုင်းပြည်ကို
ချစ်ကြသည်သာ။
ငါသိချင်တာက
ငါတို့ရဲ့ နိုင်ငံတော်ကို
ဘယ်သူ အချစ်ဆုံးလဲ ဆိုတာပါ။
ငါကတော့
ထိပ်ဆုံးက မဟုတ်ပေမဲ့
ဘိတ်ဆုံးက မဟုတ်ဘူးဆိုတာ
ပြောရဲပါတယ်။ ။
မောင်ဒီ
(စက်တင်ဘာလ မြန်မာသစ်မဂ္ဂဇင်းမှ)
(ဦးလွန်းကြွယ်၊ ဦးသောင်းဟန်၊ ဦးစန်းလှိုင်၊ ဦးအေးမြင့်၊ ဦးညိုဝင်း၊ ဦးဖေသဏ်း၊ ဦးတင်လှဝင်းထင်၊ ဦးတင်ထွဏ်း၊ ဦးကျော်သောင်း၊ ဦးမောင်မောင်လှမြင့်၊ ဦးစိုးမိုး၊ ဦးမောင်မောင်သိုက်၊ ဦးဇော်ဝင်း (ငှက်ပျောသီး)၊ ဦးမျိုးညွန့် (မောင်ဒီ)၊ ဦးကျော်ညွန့်)
ကိုခင်ဝမ်း ရေးစပ်သီဆိုခဲ့တဲ့ မောင်ဒီ
မောင်ဒီ ရဲ့ ကဗျာကို ကိုရဲလွင်မှ အသံထည့်ကာ
ခင်မောင်တိုး သီဆိုထားတဲ့ ငှက်တို့ရဲ့ သဘာဝ
(မောင်ဒီရဲ့ စာများ၊ ကဗျာများ၊ ပန်ချီများ၊ သီချင်းများ ကျန်ရှိနေပါသေးတယ်။ အချိန်ရလျှင် ပြန်လည်ရှာဖွေ၊ ဖြည့်စွက်တင်ပြပေးသွားပါမယ်။
ဒီနေ့ကတော့ မောင်ဒီသီချင်းလေးကိုပြန်လည်နားထောင်မိရင်း စိတ်ကူးရလို့ ဖေါ် ပြပေးလိုက်ရုံသက်သက်ပါပဲ။)
No comments:
Post a Comment