Friday, February 10, 2012

စဉ်းစားတွေးခေါ်ကြလော့



ဝါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မဲကြီး တွယ်လိမ့်မယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
ြွေမနဂါးတောင် ကြောက်ဘူးကွယ်။
တို့လဲကြောက်ပေါင်တူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် ..သွားကွယ်
(မင်းသုဝဏ်)

စာရေးသူတို့ သူငယ်တန်းအရွယ်က ကျောင်းဆင်း ချိန်တွင် ရွတ်ဆိုခဲ့ရသော ကဗျာလေးဖြစ်ပါသည်။ ဆို ကောင်းလို့သာ ဆိုခဲ့ရတယ်။ ဘာကိုဆိုလိုတယ်၊ ဘာ ပြောတယ် ဘာကိုရည်ရွယ်ပြီး ရေးတယ်ဆိုတာကို နား မလည်ခဲ့ပါဘူး။ စာရေးသူတို့ ကျောင်းသားတွေကလည်း မေးရကောင်းမှန်း မသိခဲ့ပါဘူး။ ဒီလိုနဲ့ နေလာခဲ့တာ ကာလတွေ တော်တော်ကြာခဲ့ပါတယ်။ ကဗျာရေးတာ ဝါသနာပါတော့ ကဗျာတွေအကြောင်းကို လေ့လာဖြစ် တယ်။ ကဗျာတွေရဲ့ သဘောအဓိပ္ပါယ်တွေကို စဉ်းစားတွေးခေါ်မိလာတယ်။ ဒီတော့မှ ငါတို့ဟာ က ဗျာတွေကို ရွတ်ဆိုကောင်းရုံ ကြက်တူရွေးစာသင်နည်း တွေနဲ့ သင်ခဲ့ကြတာ။ ဘာမှနားမလည်ခဲ့ပါလားလို တွေးပြီး ကိုယ့်ကိုယ်ကို ရှက်မိလာပါတယ်။

ဆရာကြီး ပညာပေးသွားတာက အန်မတန် ကောင်းပါတယ်။ ကလေးတွေရဲ့ မွန်းကြပ်ခံစားနေရတဲ့ ဘဝတွေကို စာနာနားလည်ပြီး ကလေးတွေကို အား မာန်အပြည့်ထည့်ပေးတဲ့ ကဗျာလေးဖြစ်ပါတယ်။

ကလေးတွေကို သဘာဝပတ်ဝန်းကျင်ကြီးနဲ့ မိတ် ဆက်ပေးတာ ဖြစ်ပါတယ်။ ဝါဆိုဝါခေါင်မှာ ရေတွေ ကြီးတဲ့သဘောရယ် သပြေသီးတွေသီးမှည့်တဲ့သဘော ကို ပတ်ဝန်းကျင်နဲ့ မိတ်ဆက်ပေးထားပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကြီးကို လေ့လာချင်တဲ့ စိတ်တွေ စူးစမ်း ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာအောင် ကဗျာနဲ့ ဆွဲ ဆောင်ဖော်ပြပေးထားပါတယ်။

ကလေးသဘာဝဟာ လေ့လာစူးစမ်းချင်တဲ့ သ ဘောရှိတတ်ပုံကို မိဘတွေမေ့နေမှာစိုးလို့လည်း ဖော် ပြပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့မြန်မာလူမျိုးတို့ ဆွဲကိုင်လာတဲ့ အကြောက်တရားနဲ့ အခြောက်တရားပဲ ဖြစ်ပါတယ်။

ကလေးတွေက ပိုးစုန်းကြူးကောင်လေး တွေကို သွားဖမ်းရင် ဟဲ့ ကလေးတွေသွားမဖမ်းနဲ့၊ သ ရဲထွန်းပေးတားတာ သရဲလိုက်လိမ့်မယ်၊ စလောင်းဖုံး မတီးနဲ့ ကျားကိုက်လိမ့်မယ်၊ ညဘက်ခြေသည်းလက် သည်းမညှပ်နဲ့ လာဘ်ပိတ်တတ်တယ် စသည်ဖြင့် နေ ရာတကာမှာ အကြောက်တရား၊ အခြောက်တရားတွေ တော်တော်လွှမ်းမိုးထားပါတယ်။ ပိုးစုန်းကြူးကောင်ကို သွားဖမ်းရင်ြွေမအန္တရာယ်ရှိတယ်။ ဘေးအန္တရာယ် မ ဖြစ်အောင် ဘယ်လိုသွားရတယ်ဆိုတာကို မရှင်းပြဘဲနဲ့ သရဲကိုက်လိမ့်မယ် ဆိုတာကြီးနဲ့ ခြောက်တော့မြန်မာ လူမျိုးတော်တော်များများဟာ သရဲဆိုတာ ဘာမှန်းမသိ ပေမယ့် သရဲတော်တော်ကြောက်တဲ့ လူတွေများတာကို တွေ့ရပါတယ်။

စလောင်းဖုံး၊ အိုးဖုံးတွေကို တီးရင်ကွဲ တတ်၊ ပိတ်တတ်၊ ပျက်ဆီးတတ်တာကို သင်မပြဘဲ ဘာမှမဟုတ်တဲ့ ကျားကိုက်လိမ့်မယ်ဆိုတာကြီးနဲ့ခြောက် ကျားဆိုတာ ဘာမှန်းမသိဘဲ ကျားတော်တော်ကြောက် နေတာတွေကို တွေ့ရပါတယ်။ ညဘက်လက်သည်း ညှပ်ရင် ဟိုတုန်းက အခုလိုလက်သည်းညှပ်မပေါ်သေး တော့ ဓါးနဲ့လှီးရတာဖြစ်တယ်။ ညဘက်မှာ ဖယောင်း တိုင်၊ မီးခွက်တို့ရဲ့ အလင်းရောင်နဲ့မို့ မမြင်မစမ်းဖြစ်ပြီး အသားလှီးမိမည်။ အသားလှီးမိလို့ ကလေးငိုရင် မိမိ ချော့ရမှာစိုးတာနဲ့ ဘာမှသေသေချာချာ မရှင်းပြဘဲ မလုပ်ရင်ပြီးရောဆိုပြီး အခြောက်တရားနဲ့ ကြောက် နေအောင်လုပ်ထားလိုက်ပါတယ်။

ဒါကြောင့် မြန်မာလူမျိုးတော်တော်များများရဲ့ ရင်ထဲမှာ အခြောက်တရားတွေကို ငယ်ငယ်တည်းက အထည့်ခံထားရတော့ အကြောက်တရားဟာ တော် တော်လေး အမြစ်တွယ်နေကြပါတယ်။ ဒီအခြောက် တရားတွေ၊ အကြောက်တရားတွေက မြန်မာလူမျိုးတွေ ဆီမှာ အရိုးစွဲနေကြတဲ့ ဓလေ့ထုံးစံကြီးတစ်ခု ဖြစ်နေ တာကို ပေါ်လွင်အောင် ခရာဆူးခြုံဟိုအထဲက မျှော့ နက်မဲကြီး တွယ်လိမ့်မယ်။ ဆိုပြီး သီကုံးစပ်ပြထားပါ တယ်။

ခြောက်တတ်တဲ့ အလေ့အထကို မျှော့နက်မဲ ကြီးနဲ့ မစူးစမ်းရဲအောင်ဆိုပြီး သီကုံးစပ်ပြထားပါတယ်။ ခြောက်တတ်တဲ့ အလေ့အထကို မျှော့နက်မကြီးနဲ့ မစူး စမ်းရဲအောင်၊ မစွန့်စားရဲအောင်၊ ကြောက်သွားအောင် ပိတ်ပင်ထားတတ်တဲ့ အလေ့ကို ဖော်ပြထားတာ ဖြစ် ပါတယ်။
အဲဒီလို ခြောက်ကြလို့ ကလေးငယ်တွေကြောက် သွားရင် မစဉ်းစားရဲတော့မှာ၊ မစွန့်စားရဲတော့မှာကို ဆရာကြီးက သိပ်စိုးရိမ်ပါတယ်။

ဘာလို့လဲဆိုတော့ ကလေးငယ်တွေဟာ အနာဂတ်ရဲ့ သားကောင်းရတနာ တွေ ဖြစ်ပါတယ်။ ကလေးတွေဘဝညံ့ရင် ကျနော်တို့ နိုင်ငံတော်ကြီး ဆက်ပြီးညံ့နေမှာ ဖြစ်ပါတယ်။
ကလေးတွေက ထက်ထက်မြက်မြက်ရှိကြတယ်။ စူးစမ်းရှာဖွေကြတယ်။ မကြောက်တတ်ဘူး။ မိမိလုပ် ချင်ရာကို သတ္တိရှိရှိ လုပ်ကိုင်ဖြေရှင်းရဲတယ်ဆိုရင် ကျ နော်တို့ တိုင်းပြည်ကြီးဟာ ဧကန်မုချ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ြွကားနိုင်ပါလိမ့်မယ်။

ဒါကိုကောင်းကောင်းကြီး ကျွမ်းကျင်လိမ္မာတဲ့ ဆရာကြီးဟာ အဲဒီလိုကလေးတွေရဲ့ ရင်ထဲကိုအကြောက် တရားတွေ၊ အခြောက်တရားတွေ ဝင်မသွားအောင်၊ မိမိလုပ်ချင်ရာကို သတ္တိရှိရှိ၊ ထက်ထက်မြက်မြက် လုပ် ရဲကိုင်ရဲအောင် အားမာန်အပြည့် ထည့်ပေးထားပါ တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့၊ြွေမနဂါးတောင် မကြောက်ဘူးကွယ်။ မျှော့ဆိုတာမပြောနဲ့ြွေမနဂါးလို အကောင်ကြီးတွေကိုတောင် မကြောက်ဘူးဆိုပြီး အား မာန်တွေ အပြည့်ထည့်ပေးထားပါတယ်။

ဒို့လည်းကြောက်ပေါင် အတူသွားလို့ အုန်းလက် နွားလေးထားခဲ့မယ်။ နေ့တိုင်းအုန်းလက်နွားလေးနဲ့ပဲ ကစားနေရင် အုန်းလက်နွားလေးအကြောင်းပဲသိမယ်။ တခြားသပြေသီးကောက်တာလို စွန့်စားရပုံ၊ ဒီလိုသ ပြေသီးမှည့်တွေကို စားရပုံစသည့် စွန့်စားမှုရဲ့ ရလာဘ် တွေကို သူတို့သိအောင်ဖြစ်ပါတယ်။

အုန်းလက်နွား လေးအကြောင်းသိရုံနဲ့ ဘဝဟာမပြည့်စုံပါဘူး။ ကလေး ငယ်တွေရဲ့ ရင်ထဲကိုကြောက်စိတ် ထည့်ပေးခြင်းဟာ အနာဂတ်ကို မြေမြုပ်သဂြိုလ်လိုက်ခြင်းပဲလို ဆရာ မောင်သစ်ဆင်းက ကြောက်စိတ်ဆိုတဲ့ စာအုပ်မှာဖော် ပြထားပါတယ်။ ယနေ့မြန်မာနိုင်ငံအတွင်းမှာအကြောက် တရားတွေ လွှမ်းမိုးနေတာဟာ ကလေးဘဝအရွယ်မှာ အခြောက်တရားတွေ၊ အကြောက်တရားတွေ ရင်ထဲကို အထည့်ခံခဲ့ကြရလို့ ဖြစ်ပါတယ်။

ကလေးငယ်တွေကို လူမှန်းသိတတ်စ အရွယ်ကတည်းကစပြီး ခြောက်တယ်၊ လှန့်တယ်၊ သရဲကြီးကိုက်လိမ့်မယ်၊ ကြောင်ပါးကြီးကိုက် လိမ့်မယ်၊ ကလေးငိုနေတာနဲ့ ဘုန်းကြီးတစ်ပါးရောက် လာတာနဲ့ ကြုံရင်တိတ်တိတ်နေ ဘုန်းကြီးရိုက်လိမ့်မယ် ဆိုတဲ့ အခြောက်တရားတွေဟာ မကောင်းပါဘူး။ အန မတန်နှလုံးသား နုနယ်တဲ့ ကလေးငယ်တွေရဲ့ ရင်ထဲ ကိုအကြောက်တရားတွေကို သွတ်သွင်းနေခြင်းဖြစ်ပါ တယ်။

မိဘတွေဟာ သားသမီးတွေကို ဆုံးမတဲ့နေရာ မှာလဲ နည်းမှန်လမ်းမှန်နဲ့ မဆုံးမဘဲ မိမိဒေါသဖြစ်နေ တာနဲ့ကြုံရင် အပြစ်ကဘာမှမဆိုစလောက် သေးသေး လေးဖြစ်ပေမယ့် ဒေါသကြီးရင်ကြီးသလောက် အပြစ် ဟာကြီးသွားပါတယ်။ အလွန်အပြစ်ကြီးပေမယ့် မိမိ စိတ်ကောင်းနေတဲ့အချိန်ဆိုရင်တာ့ ဘာမှမဖြစ်တော့ ဘူး။ အရေးမယူတော့ပါဘူး။ ဒါဟာ မိမိရင်သွေးငယ်ကို ဖျက်ဆီးနေကြတာ ဖြစ်ပါတယ်။ မိမိရင်သွေးငယ်တွေကို ဆုံးမလို့ မရဘူးဟုပြောနေတာဟာ မိမိကိုယ်ကိုလူညံ့ တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေပြီးသားဖြစ်နေပါ တယ်။ ဒါကိုကောင်းကောင်းကြီး သဘောပေါက်ဖို့ လို ပါတယ်။

ကလေးငယ်တွေ စာသင်ကျောင်း ရောက်ပြန် တော့လည်း ဆက်ပြီးအခြောက်တိုက် အရိုက်တွေခံရ ပြန်ပါတယ်။ ဆရာက သူ့အိမ်မှာအဆင်မပြေခဲ့တဲ့နေ့ ဆိုရင် ကျောင်းသားတွေပိုပြီး အရိုက်ခံရပါတယ်။ ဆရာဒေါသကြီးနေတဲ့အချိန်ဆိုရင် သေးငယ်တဲ့အပြစ် ကကြီးမားပြီး ဆရာစိတ်ကောင်းဝင်နေတဲ့အချိန်ဆိုရင် တော့ အန်မတန်ကြီးမားတဲ့ အပြစ်တွေကလည်း သေး ငယ်သွားတတ်တာမို့ ကလေးငယ်ရဲ့ အပြစ်အကြီး အသေး၊ အလေးအပေါ့ဟာ ဆရာရဲ့ ဒေါသဖြစ်ချိန် ဟုတ်မဟုတ်ဆိုတာနဲ့ တိုင်းတာနေရပါတယ်။

ဒါတွေ ဟာ လုံးဝမကောင်းပါဘူး။ တိုင်းပြည်အတွက် သား ကောင်းရတနာတွေဖြစ်မယ့် ကျောင်းသားတွေဟာ ဆ ရာရဲ့ ကြိမ်လုံးရိုက်ချက်ကို ကြောက်တာနဲ့ပဲ ကျောင်း ထွက်လိုက်ရတဲ့ ကျောင်းသားတွေလဲ မနည်းတော့ပါ ဘူး။
ကျောင်းသားတစ်ယောက်ရဲ့ တန်ဖိုးဟာ ဖော်မ ပြနိုင်လောက်အောင် ကြီးမားပါတယ်။ ဗိုလ်ချုပ်အောင် ဆန်းတို့လို၊ အမျိုးသားရေးခေါင်းဆောင်ကြီးတွေမဖြစ် ဖူးလို့ ဘယ်သူပြောနိုင်မလဲ။ ဦးသန့်တို့လို ကမ္ဘာ့ကုလ သမဂ္ဂရုံးမှာ အတွင်းရေးမှူးတာဝန်ထမ်းပြီးတော့ နိုင် ငံ့ဂုဏ်ကို မြှင့်တင်နိုင်တဲ့သူတွေ မဖြစ်နိုင်ဘူးလို့ ဘယ် သူပြောနိုင်မလဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသန့်တို့၊ မြန်မာစာပေဖခင်ကြီး မင်းသုဝဏ်တို့ဟာ ဒီလိုကျောင်း သားလူငယ်လေးတွေ ဘဝတွေကနေ စခဲ့မွေးမြူခဲ့ကြရ တာဖြစ်ပါတယ်။

ရပ်ကျိုးရွာကျိုးသယ်ပိုးလိုတဲ့ လူတွေ ဖြစ်လာဖို့ကို ပျိုးထောင်ပေးရမှာက ပညာရေးရဲ့တာ ဝန်မဟုတ်လား။ နုနယ်တဲ့ စိတ်နှလုံးသားတွေကို နု နယ်တဲ့၊ သိမ်မွေ့ညင်သာတဲ့၊ ငြိမ်းချမ်းတဲ့ နည်းလမ်း တွေနဲ့ ပျိုးထောင်မှသာ လိုလားအပ်တဲ့ ငြိမ်းချမ်းသော၊ စာနာတတ်သော လူ့အဖွဲ့အစည်းပေါ်ထွန်းလာမှာဖြစ် ပါတယ်။ ဒါကိုငါ့ဆီရောက်လာရင် ငါပိုင်တယ်၊ ငါခိုင်း သလိုလုပ်ရမယ်၊ ထားရာနေစေရာသွားဖြစ်ရမယ်၊ မိမိ အကြိုက်နဲ့ မကိုက်ရင် ရိုက်ပစ်ဆိုတာတွေဟာမိမိကိုယ် တိုင် အာဏာရှင်ကြီးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပါ တယ်။

မိမိရင်ထဲမှာ ရှိနေတဲ့ အကျင့်မှိုင်းတွေကို အရင် ခွာချနိုင်ရပါမယ်။
ကျောင်းသားငယ်တွေရဲ့ ဘဝဟာအန်မတန် သ နားစရာကောင်းလှပါတယ်။ စာသင်ကျောင်းကနေ ဘုန်းကြီးကျောင်း ရောက်ပြန်တော့လည်း၊ ထိုနည်း၎င်း ပါပဲ ဘုန်းကြီးတေ၊ တိုက်အုပ်ဘုန်းကြီးတွေ၊ စာချဘုန်း ကြီးတွေရဲ့ လက်စွမ်းပြမှုကိုခံကြရပြန်ပါတယ်။ တချို့ ကိုရင်များဆိုရင် သူတို့စီးထားတဲ့ ဘိနပ်တွေနဲ့ နားတွေ ပါးတွေ၊ အရိုက်ခံရလို့ နားတွေပါပျက်စီးသွားတာ မ နည်းပါဘူး။ ဒါတွေဟာ တကယ်တော့ မိမိတို့ရဲ့ အဆင့်အတန်းနိမ့်ပုံတွေ နိုင်ငံတကာစံတွေနဲ့အညီ လေ့လာပြီး အုပ်ချုပ်ရမှာတွေ၊ မြတ်စွာဘုရားရှင်ကိုယ် တိုင်က မေတ္တာတရားနဲ့ လိမ္မအောင်ဆုံးမပြခဲ့တာ အ ထင်အရှားရှိပါလျက်နဲ့ မိမိကိုယ်တိုင် အာဏာရှင်ဆန် ပြီး ကလေးတွေရဲ့ ရင်ထဲကိုအကြောက်တရားတွေ ထည့်ပေးနေကြတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ကံကြမ္မာကို ဝိုင်းပြီးဖျက်စီးပစ်ရာ ရောက်နေပါတယ်။

ဒီအချင်းအရာဆိုးတွေကို မမြင်လို၊ မကြားလို၊ ရှောင်ရှားကြစေလိုတဲ့ ဆရာကြီးမင်းသုဝဏ်ဟာ မြန် မာနိုင်ငံကြီး ပျက်စီးယိုယွင်းနေတဲ့ ဘေးကနေကင်းဝေး နိုင်ကြပါစေ။ မိမိတို့ရဲ့ အမှားတွေကို ပြင်ဆင်နိုင်ပြီး ကလေးငယ်တွေကို ဝိုင်းဝန်းပြုစုနိုင်ကြပါစေ။

အခြောက် တရား၊ အကြောက်တရားတွေဘေးမှ ကင်းဝေးကြပါ စေဆိုပြီး ဒီဝါဆိုဝါခေါင်ကဗျာလေးကို သီကုံးဖော်ပြ ခဲ့ခြင်းဖြစ်တာမို့ ဒီကဗျာလေးဟာ စာရေးသူအတွက် ထာဝရမမေ့နိုင်တဲ့ ကဗျာလေးဖြစ်လို့ ဒီကဗျာလေးကို အမြဲတမ်း ကလေးတွေကို သင်ပြရှင်းပြပေးရင်း ဆရာ ကြီးရဲ့ ဂုဏ်ကျေးဇူးကို အမြဲတမ်း သတိရမှတ်မိနေပါ မယ်။

(ဆရာကြီးမင်းသုဝဏ်ရဲ့ ဂုဏ်ကျေးဇူးကို အမြဲအမှတ်ရနိုင်ကြပါစေသတည်း)

မင်းသုည
(ကွမ်းခြံကုန်း)

No comments:

Post a Comment