ရယ်သောသူ အသက်ရှည်၏ တဲ့......
ကလေးဘဝတုန်းက စကားရဲ့အဓိပ္ပါယ်ကို သေချာကောင်း
ကောင်း နားမလည်ခဲ့ဘူး။ရယ်တာနှင့်အသက်ရှည်တာ ဘယ်လိုဆက်စပ်သလဲလို့ တွေးမိခဲ့တယ်။ မေ့မေ့ ပျောက်ပျောက်ပဲ ထားခဲ့တယ်။ အသက်ကလေး ဆယ်ကျော်သက် ရောက်လာတော့ ကြားဖူးနားဝတွေ
ထဲ့မှာ ရယ်သောသူ၊ ပြုံးသောသူ၊ လူချစ်လူခင်ပေါ
တယ်၊ ရုပ်ရည်နုတယ် ကြားဖူးလို့ စိတ်ညစ်စရာရှိ
လည်း မိမိ အိပ်ခန်းထဲ့ရောက်တာနှင့် မှန်ကြည့်ပြီးပြုံး
နေခဲ့ဖူးသည်။ မိဘကဆူလည်း အခန်းထဲ့အောင်းငိုပြီး မလှမှာဆိုးလို့ မှန်ကြည့်ပြီး ပြုံးပြုံးကြီး လုပ်ရတာ
လည်း အမောပါပဲ။ လှချင်တာကိုး ။
အိမ်မှာအလုပ်
လုပ်တဲ့အမကြီးက ချော့မော့ပြောတာ အဟုတ်ထင်ခဲ့တာလဲပါ ပါတယ်။ ကိုယ်ပြုံးမိတဲ့ ရလဒ်ကတော့ မိဘဆရာနှင့်မောင်တွေက သားဦးအရှုး မျက်နှာပြောင်လို့ထင်ခံရတဲ့အထိပါပဲ။ ဒါပေမယ့် ချစ်တဲ့လူတော့ များပါတယ်။ ဒါလေးတော့ သတိထားမိတယ်။ နောင် အသက်ကလေး ၂ဝ ကျော် စာအုပ်တွေဖတ်တော့မှ ငါရှုးမိပါလားတွေးမိတယ်။
ရယ်သောသူအသက်ရှည်၏ ဆိုတဲ့ စကားပုံနောက်မှာ အဓိပ္ပါယ်အများကြီးရှိပါတယ်။ လူတယောက် ဟာ အားရပါးရ ရယ်လိုက်သည့်အတွက် မျက်နှာမှာရှိတဲ့ ကြွက်သားတွေဟာ လှုပ်ရှားသွားရပါတယ်။ ထို့အတူ ကြွက်သားတွေက cell တွေကြားမှာရှိတဲ့ အညစ်အကြေးနှင့် အရေးအကြောင်းတွေ ဖယ်ရှားချေ ဖျက်ပေးပါတယ်။ cell ပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး လှုပ်ရှားကြရပါတယ်
။နောက် စိတ်ကြောင့်၊ စိတ် လှုပ်ရှားမှုကြောင့် Free Radical တွေပါက်ဖွားစေပါတယ်။ စိတ်ညစ်တဲ့အခါ ဖြစ်ပေါ်တဲ့ Free Radical တွေကို လျှော့ကျစေပါတယ်။ Free Radical ကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲရောဂါ ၊ဥပမာအားဖြင့် depression သွေးတိုးနှလုံးအစရှိတဲ့ ရောဂါများလျှော့ကျစေပါတယ်။ လူခန္ဓွာကိုယ်မှာ အစားအသောက်ကြောင့် ရောဂါဖြစ်တာ၊ စိတ်ကြောင့်ရောဂါဖြစ်တာတွေထဲ့မှာ Free Radical ကြောင့်ဖြစ်တဲ့ ရောဂါဟာ ၈ဝ၊ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။
နောက် ရယ်လိုက်တဲ့အတွက် အစာအိမ်အတွင်း အစာခြေစနစ်ကို အားပေးတဲ့အတွက် အစာကြေစေပါတယ်။ သည်းခြေအားလည်း ကောင်းစေပါတယ်။
Free Radical ဆိုတဲ့ ဓာတ်တိုးခြင်းတွေဟာ သူ့အလိုအတိုင်း ခန္ဓွာကိုယ်အတွင်း ပေါက်ပွားနေ တဲ့ အရာပါ။ လေ့ကျင့်ခန်း လုပ်မှု မလုပ်မှု အစားအသောက် ရှောင်ရှောင် မရှောင်ရှောင် စိတ်ညစ်နေလျှင် သော်၎င်း၊ စိတ်ပျော်ရွှင်နေသာ်၎င်း၊ အနည်းအများသာကွာ၍ ပေါက်ဖွားနေသည်။ လူတွေဟာ အစားအ သောက်လဲ ရှောင်နိုင်ကြပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်နိုင်ကြပါတယ်။ သို့သော်လည်း စိတ်ညစ်၊ စိတ်တို စိတ်ပျက်တယ်ဆိုတာ ရှောင်နိုင်ခဲပါတယ်။

အဲဒီစိတ်ကြောင့်လည်း ရောဂါပေါင်းမြောက်များစွာဝင်လာတာ ပေါ့။ စိတ်ထောင်းလို့ကိုယ်ကြေဆိုသလိုပါပဲ။ လူတယောက်မှာ စိတ်ကအရေးကြီးဆုံးပါ။
လောကီ လောကုတ္တရာအရ ကြည့်ရင်လည်း မိမိကိုယ်မြင်တဲ့သူဟာ စိတ်ချမ်းသာ စိတ်ကြည်နှုးစေ တယ်။ ပျော်ပျော်နေတဲ့သူကိုမြင်ရရင် မိမိပါ ပျော်လာသလို ခံစားရ သလိုပါပဲ။ မိမိရဲ့စိတ်ကိုလည်းတက်ကြွ လန်းဆန်းစေပါတယ်။ နောက်ပြီး မှန်ထဲ့မှာ ကိုယ်ကပြုံးပြရင် ပြန်ပြုံးပြတတ်သလို မဲ့ပြရင်ပိုပြီးမဲ့ပြကြမယ့် လောကကြီးပါ။
လူ့ဘဝလူ့သက်တမ်းက ခုဆိုပျမ်းမျှ ၆ဝ ပဲရှိပါတော့တယ်။ အဲဒီ တိုတောင်းတဲ့ကာလထဲ
မှာ ကိုယ်လုပ်တဲ့လုပ်ငန်း ပတ်ဝန်းကျင် မိသားစုအတွင်း မိတ်ဆွေကြားထဲ့ အတိုက်အခံကင်း အပြိုင်းကင်း ကင်းနှင့် လူချစ်ခင်စွာနှင့် နေနိုင်မယ့် တခုတည်းသောနည်းလမ်းပါ။
Mac donald ပိုင်ရှင် Donald Tramph, Bill Gate နှင့် Amarican နိုင်ငံရဲ့ Tyconn ကြီးတွေရဲ့ရှေ့ဆောင်လမ်းပ္မြRobert Kiosaki ရဲ့ To get rich, you have to teach other to be rich ဆိုတဲ့အတိုင်း စီးပွားရေးရှေ့ရှုထောင့်ကဖြစ်စေ ၊ လူမှုရှုထောင့်ကဖြစ်စေ လိုက်နာကျင့်သုံးသင့်ပါတယ်။ Multilevel Marketing ခေါ် Net work Marketing ခေါ် ဆင့်ပွားဈေးကွက်ထိုးဖောက်စနစ်မှာ မဖြစ်မနေကျင့်သုံး ကြရတဲ့ စကားလေးတခုပါ။ တဖက်လူချမ်းသာအောင် ပြုလုပ်သင်ကြားပေးမှ မိမိလည်းချမ်းသာမှုအကျိုး စီးပွားဖြစ်ထွန်းစေမှာပါ။ တဖက်လူအကျိုးရှိအောင် ကြံဆောင်ပေးမှ မိမိထံလည်း အကျိုးစီးပွားအထောက် အကူးဖြစ်စေမှာပါ။
တွေ့ဖူးသလောက် လူတွေက မာန်တွေနှင့်မာန်နတွေနှင့် အတ္တတွေကို ရှေ့တန်းတင်လို့ ပြုံးပြဖို့ဝန်လေး တတ်ကြတယ်။ လူအထင်ကြီးအောင် ခပ်တင်းတင်းနေပြကြတာတွေ့ရတယ်။ အဲဒီလိုနေလို့ မိမိကိုအထင် ကြီးတဲ့လူ ရှိဖို့ဝေးစွ အထီးကျန်ဆန်ဖို့ chance ပိုများလာတာ သတိမထားမိကြဘူး။ နိုင်ငံခြားရောက်နေ ကြတဲ့မြန်မာများပိုသတိထားသင့်ပါတယ်။
ငါကတော့ senior မို့ ငါကအလုပ်ပိုကောင်းလို့နှင့်ဗမာ အချင်းချင်း တွေ့ရင်တောင် မသိချင်ယောင်ဆောင်နေတတ်ကြတယ်။ ရလဒ်ကဘာလဲ။ စိတ်ဝမ်းကွဲမှု လူတယောက်ဟာ မည်မျှပဲတော်နေပါစေ senior ဖြစ်ဖို့ တချိန်က senior ဘဝ စလုံးရေစ က စခဲ့ရတဲ့ လူချည်းပါပဲ။ မိမိ senior ဘဝမှာ လေ့လာခံစားခဲ့ရသမျှ နောင်တက်လာမယ့် လူငယ်တွေကို အပြုသဘောနှင့်ကိုယ်ချင်း စာတရားနှင့် လမ်းပြသင်ကြားပေးသင့်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံခေါင်းဆောင်တွေ ပညာဥာဏ်ညံ့ဖျင်းမှုကြောင့် ဆင်းရဲတဲ့နိုင်ငံအဖြစ် စာရင်း သွင်းခံရပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ချမ်းသာကြွယ်ဝပြီး လူမျိုးစုံများဖြစ်တဲ့ လော၊ ထိုင်း ၊ ဗီယက်နမ် ၊ ကမေBာဒီးယား ၊ သီရိလင်္ကာ နိုင်ငံများကြား မြင့်မြတ်တဲ့လူမျိုးပါ။ ဘာသာရေးကိုင်ရှိုင်းကြပါ တယ်။ မိဘဆရာလည်းသိတတ်ကြပါတယ်။ မိမိနိုင်ငံမှာ မနေနိုင်ကြလို့ မဖြစ် ဖြစ်တဲ့နည်းတွေနှင့် နိုင်ငံတကာ မှာ ရရာအလုပ် လုပ်နေကြရပါတယ်။ ပညာတတ်ပဲဖြစ်စေ ၊ သူဌေးသားပဲဖြစ်စေ သူများနိုင်ငံရောက်ရင်
ျနခသညိနေရာမှာပဲ ရပါတယ်။ ဒါကိုလူမျိုးခြားအထင်သေးအောင် နှိမ်အောင် အချင်းချင်း မဟုတ် တရုပ်ပြော ဗိုလ်ကျချင်တဲ့ လူတွေအများကြီး တွေ့မြင်ခဲ့ရပါတယ်။
တဖက်သားကို အကောင်းမမြင်တဲ့လူကို
တဖက်ကလည်း အကောင်းမမြင်နိုင်ပါဘူး ။ အဲဒါနှင့် တလောကလုံးကို မျက်မှောင်ကုတ်ကြည့် တတ်လာမယ်။ အဲဒီအတွက် မိမိအကျိုးစီးပွားလည်းပျက်မယ်။ ကိုယ်ခန္ဒာလည်းရောဂါတိုးစေပါတယ်။ ကျမ အလုပ်တဲ့နေရာ တိုင်းမှာ မြန်မာများမရှိပေမယ့် မိတ်ဆွေတွေကြား တွေ့မြင်ခံစားရသမျှ တင်ပြမိပါတယ်။
မိမိကိုယ်ကို စိတ်ချမ်းသာမှ လောကီအကျိုး လောကုတ္တရာအကျိုး ခံစားနိုင်လာမယ်။ အဲဒီတော့မှ အလွန်အနှစ်အရသာရှိတဲ့ ဘဝကိုခံစားနိုင်မယ်။
အတိတ်ဘဝက အကျိုးပေး အနည်း အများကြောင့် လက်ရှိ ဘဝမှာ ခံစားမှု ကွာပေမယ့် မိမိနိုင်ငံသား အချင်းချင်းရိုင်းပင်းကူညီစိတ်လေးနှင့် တွေ့ရင်ပြုံးပြနှုတ်ဆက် ကြည့်ပါ။ ပြုံးပြနှုတ်ဆက်ရလို့ အသားပဲ့မပါသွားပါဘူး။ ပိုက်ဆံလည်းမပေးရပါဘူး၊၊ တဖက်လူ အပြုံးကြောင့် တဒင်္ဂစိတ်ချမ်းသာမှုရသလို မိမိလည်းတဖက်လူ တဒင်္ဂစိတ်ချမ်းသာမှု ရအောင် ပေးစွမ်းနိုင်တဲ့လူဖြစ် အောင် ကြိုးစားကြည့်နိုင်ကြပါစေ။
ဝင်းလဲ့မေ (ခေတ္တ ဂျပန် )
(အပြုံးတပွင့် အမြဲရှိနေစေချင်တာ....)
source....... အပြုံးတပွင့်

No comments:
Post a Comment