Monday, April 9, 2012

ဘယ်တော့မှမစွန့်လွှတ်ပါနဲ့



တချို့အချစ်တွေက..စွန့်လွှတ်လိုက်ရမှ
သင်တကယ်မခွဲနိုင်အောင် ချစ်နေမှန်းသိလိုက်ရတယ် ။

ချစ်သူတွေအဆင်မပြေဖြစ်တဲ့အခါ စိတ်လိုက်မာန်ပါမဆုံးဖြတ်ပါနဲ့
လမ်းခွဲပြီလို့ပြောတာခဏလေးပါပဲ
ဒါပေမဲ့မျက်နှာချင်းပြန်ဆိုင်ဖို့အတွက်ကျတော့ကြာတတ်တယ်
ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးရဲ့နှလုံးသားမှာ
ဒဏ်ရာတွေကိုယ်စီရသွားခဲ့ကြလို့ပါပဲ

ချစ်သူတွေတယောက်နဲ့တယောက် အဆင်မပြေကြတဲ့အခါ
စိတ်လိုက်မာန်ပါလမ်းခွဲစကားပြောဖို့မလိုသေးပါဘူး
လမ်းခွဲစကားပြောချင်းထက်ပထမဆုံးလုပ်ကြည့်သင့်တာက
တယောက်နဲ့တယောက်ဖုန်းမပြော ၊ လူချင်းမတွေ့
ဘာအဆက်အသွယ်မှမလုပ်ပဲအချိန်ကာလတခုအထိနေကြည့်သင့်ခြင်းပါပဲ
အဲဒီအခါသေချာတဲ့အဖြေတခုတော့သင်ရပါလိမ့်မယ်
တယောက်နဲ့တယောက်မလိုအပ်တော့ဘူးဆိုတာသေချာတဲ့အချိန်ဟာ
လမ်းခွဲပြီလို့တောင်ပြောစရာမလိုတော့တဲ့
သင့်တို့နှစ်ယောက်အတွက်အခြေအနေတခုပါပဲ

တခါတလေ အချစ်ဆိုတာကိုင်ထားတဲ့အချိန်ပူလို့ဆိုပြီးလွှတ်ချမယ်
ဒါပေမဲ့လွှတ်ချပြီးဆုံးရှုံးလိုက်ရပြီဆိုတော့မှ
သူ့ကိုတကယ်ချစ်မိသွားမှန်းသိလိုက်ရတဲ့အရာမျိုးလေ

အချစ်တခုကိုအလွယ်တကူ ဘယ်တော့မှမစွန့်လွှတ်ပါနဲ့။ ။
ခင်မင်လျက်

ကောင်ကလေး

No comments:

Post a Comment