ချစ်ခြင်းသို့အလွမ်း

မေးခွန်းတစ်ခုက မေးပါတယ်။
လူသူမရှိတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာခင်ဗျား တစ်ယောက်တည်းရှိနေခဲ့ရင်၊ ဘာတွေကို လွမ်းဆွတ် တမ်းတနေမိမှာလဲတဲ့။
ကျွန်းဆိုတာ ပင်လယ် ထဲမြုပ်နေတဲ့တောင်ထိပ်တစ်ခု မဟုတ်ဘူးလားဗျာ။
ကျွန်တော် တော့ဖြင့်၊ ရေပတ်လည်ဝိုင်းရံ လျက်ရှိသောထိုနေရာ (ကျွန်း) မှာစားသောက် နေထိုင်စရာ အပြည့်အစုံရှိပါလျက်၊ ဆက်ဆံ ပြောဆိုစရာ လူတစ်ယောက်မှ မရှိပဲအထီးကျန်မနေခဲ့ဘူးပေါင်။ သို့ပေမယ့်နှင်းထုတွေပတ်လည် ဝိုင်းနေပြီးပေပေါင်းတစ်သောင်း နီးပါး အမြင့်ရှိတဲ့တောင်ထိပ် တစ်ခုပေါ်မှာတော့ အဲသလို ဆန်ဆန် နေခဲ့ဖူးပါရဲ့။ လွန်ခဲ့တဲ့ ဆယ်စု နှစ်ခုနီးပါးကပေါ့။
မှန်း ......... ။
အဲဒီတုန်းက ကျွန်တော် ဘာတွေကို လွမ်းနေမိခဲ့ ပါလိမ့်။
အခြေအနေကတော့ ခြောက်ခြားစရာပါပဲ။ကျွန်တော် တောင်ထိပ်တစ်ခုပေါ်မှာရောက် နေပါတယ်။
ဘယ်လောက်များ တောင်ထိပ်လိုက်သလဲဆိုရင်၊ ကျွန်တော့်ခေါင်းပေါ်မှာ မျက်စိ နဲ့မမြင်ရတဲ့ ကောင်းကင်ပဲရှိပါ တော့တယ်။မမြင်ရတာကဝါဂွမ်း နှင်းတွေသိပ်သိပ်သည်းသည်း ကျ နေလို့ပါ။ သစ်ခြောက် တစ်ပင်ရဲ့ခြေရင်းမှာ ကျွန်တော် ကျကျနနထိုင်နေပါတယ်။ထူထဲ လွန်းတဲ့နှင်းထုကိုဖေါက်မြင် ရမလားလို့ငေးကြည့်နေပါတယ်။ နှင်းခါးတွေသိပ်သိပ်သည်းသည်း ကျနေရင်ပဲပင်လေးတွေအညှောင့် မပေါက်နိုင်ဘူးဆိုတဲ့ ကဗျာ တစ်စကို သတိရနေပါတယ်။
အရောင်တွေကိုပဲ ချစ်တတ် လွမ်းတတ်တဲ့လူ အဖို့တော့တကယ်ကြေကွဲစရာ ကောင်းမှာပါ။ဘာ့ကြောင့်လည်း ဆို မြင်ရသမျှအားလုံးဟာအဖြူ နဲ့ညိုမည်းမည်းရောင်နှစ်မျိုးတည်း ဖြစ်နေလို့ပါပဲ။ကျွန်တော့် မျက်လုံး မြင်ကွင်းကိုနှင်းတွေကပိတ်ကာထားပေမယ့်ဟိုးဝေးဝေးအရပ် မှာ ဧရာမအဝါရောင်မုံညင်းပန်း ခင်းကိုနေရောင်ထိုးကျနေတဲ့ရွာ တစ်ရွာရှိတာ ကျွန်တော်သိနေ တယ်။ အဲဒီရွာမှာ ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက်တွေ၊ မိတ်ဆွေ တွေရှိနေပါတယ်။
ခြေတောက်မထောက် နိုင်တဲ့အနာကြောင့် တောင်ခြေ ရွာမှာ ရိက္ခာ သွားသယ်တဲ့အဖွဲ့ နဲ့လိုက်မသွားနိုင်ပဲ စခန်းစောင့် အဖြစ် ကျွန်တော်ကျန်ရစ်ခဲ့တာ နှစ်ရက်ရှိပါပြီ။ သူတို့ပြန်လာ တဲ့အထိ အဲဒီယာယီစခန်းလေး မှာ ကျွန်တော် စားလိုက် အိပ် လိုက်နဲ့ စောင့်စားနေရမှာပါ။
အဲဒီအခြေအနေမှာ ကျွန်တော်တစ်ခုခုကိုလွမ်းပါတယ်။ လွမ်းတာ မဟုတ်ဘူး။ အဲလို မဟုတ်သေးဘူး။
မွတ်မွတ်သိပ်သိပ် ဆာလောင်တာ။ တမ်းတမိ တာပါပဲ။ ကျွန်တော် အကြီး အကျယ်ဆာလောင်နေမိတာ၊
ဒစကားလုံးဒဒစကားသံဒတွေပါ။
အင်း ...... စကားလုံး တွေနဲ့အပြန်အလှန်ဆက်သွယ် နိုင်တဲ့စကားပြောဖေါ်တစ်ယောက် ယောက်ကို ဆာလောင်တာ ဆို ရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော် တစ်ခုခု ပြောချင်နေတယ်။အနည်းဆုံးတစ်ယောက်ယောက် နဲ့ ပြောချင်နေခဲ့တယ်။အဲဒီတုန်း ကမြင့်မိုးအောင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ "စကားလုံး မရှိတဲ့ကောင်းကင် " မပေါ်သေး ပါဘူး။
ဆာလောင်မှုကို ဖြေ ဖျောက်တဲ့အနေနဲ့ (အငမ်းမရ စားသုံးလိုက်တဲ့အနေနဲ့ပိုဖြစ်နိုင် မယ်)ထင်ပါတယ်။နာမည်တစ်ခု ကိုအော်ခေါ်မိပါတယ်။ ကျွန်တော် အသံကုန်အော်ဟစ်ခေါ် ဝေါ်လိုက်မိတဲ့ နာမည်ဟာ မိုင် ပေါင်းရာထောင်ချီအကွာအဝေး မှာကျန်ရစ်ခဲ့တဲ့ ကျွန်တော့် သမီးရဲ့ နာမည်ဖြစ်နေပါတယ်။ ထူးဆန်းသွားပါသလား။ သိပ် အထီးကျန်နေတဲ့အချိန်မှာ သံယောဇဉ်တွေဟာအလျံတငြီးငြီးတောက် လောင်လင်းပျက်လာ တတ်တာသဘာဝလို့ထင်ပါတယ်။ အော်ခေါ်သံဟာ တောင်နံရံကိုထိမှန်ပြီး ကျွန် တော့်ဆီ ပြန်လာပါတယ်။
မမျှော်လင့်ပဲကျွန်တော့်ဆီ အသံတွေပြန်လာတာကြားရတော့ သိပ်ပျော်သွားပါ တယ်။ အားတက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ဆီ ပြန်လာနေတာ စကားလုံးတွေ ဖြစ်ပါတယ်၊ကျွန်တော့်ခန္ဓာကိုယ် ပြင်ပကနေ ကျွန်တော့်နားထဲ ဝင်လာစေချင်နေတဲ့ စကားသံ တွေဖြစ်ပါတယ်။ ဒါတွေဟာ ကျွန် တော့် သံယောဇဉ်တွေဖြစ်ပါ တယ်။
ကျွန်တော့်အဖေါ် တွေလည်းဖြစ်ပါတယ်။ မမြင် မတွေ့ရ၊ မဖက်မပွေ့ရတာ ကြာလှပြီဖြစ်တဲ့ ကျွန်တော့် သမီးကိုယ်တိုင်လည်း ဖြစ်ပါ တယ်။ ကျွန်တော်က နာမည် တစ်ခုကို အော်ဟစ်လိုက် ပါတယ်။ ကျွန်တော်အော်ခေါ် လိုက်တဲ့နာမည်တွေအများကြီး ကျွန်တော့်ဆီပြန်ရောက်လာ ပါတယ်။ အဲဒီခဏလေးမှာ ဟောဒီတောင်ထိပ်ဝန်းကျင်တစ်ခု လုံးမှာ ငါတစ်ယောက်တည်းပဲရှိနေ ပါလားဆိုတဲ့အသိပျောက် သွားခဲ့တယ်။
အတော်ကြာကြာ စိတ်ရှိလက်ရှိ အော်ဟစ်မိ ပြီးတဲ့အခါ ကျွန်တော်မောလာ ပါတယ်။ ခြေရင်းမှာရှိနေတဲ့ နှင်းတစ်ဆုပ်ကို ကောက်လုံးပြီး ပါးစပ်ထဲထည့်လိုက်ပါတယ်။ နောက်ပြီး နှင်းထုမွေ့ရာပေါ် ကျွန်တော့်တစ်ကိုယ်လုံး ပစ်တင်လိုက်ပြီး ဆက်လွမ်းနေ မိပါတယ်။ ဒါပေမယ့်ကျွန်တော့် အလွမ်းကတော့ အေးစက်စက် ဖြစ်မနေပါဘူး။ နွေးနေပါတယ်။ အလွမ်းငွေ့တွေ လုံအောင်ခြုံမိ နေပုံရပါတယ်။
သေချာတာက၊ အဲဒီ အချိန်လေးမှာ ကျွန်တော်ဟာ ဆူးလေဘုရားလမ်းကို မလွမ်း ခဲ့ပါဘူး။ ဂျင်းဘောင်းဘီ တစ်ထည်ကိုမလွမ်းခဲ့ပါဘူး။ ဒူးယားစီးကရက် လတ်လတ် မွှေးမွှေးနဲ့၊ မြေနီကုန်း ဒအလင်း ရောင်ဒဆိုင်က ဆေးစိမ်အရက် ကိုလည်း မလွမ်းခဲ့ပါဘူး။ သံသရာကလွတ်ရာလမ်း ကိုမလွမ်းခဲ့ဘူး။ ဒသြဂါသဒကို မလွမ်းခဲ့ဘူး။ ကျွန်တော့်ဇာတိ ထွက်ကုန် နာမည်ကြီး အစား အသောက် ငါးပုတ်ခြောက်နဲ့ ဒူးရင်းယိုကို မလွမ်းခဲ့ဘူး။ ဗင်ဂိုးရဲ့ ဒအာလူးစားသူများဒ ပန်းချီကားကို မလွမ်းခဲ့ဘူး။ တက္ကသိုလ်ကျောင်းပရဝုဏ် စင်္ကြန်ကျဉ်းကျဉ်းမှာလမ်းသလား နေတဲ့၊ တင်ကားကား ရင် ကားကားတွေကို မလွမ်းခဲ့ပါ ဘူး။ ချစ်သူ့မျက်နှာကိုတော့ လွမ်းခဲ့ (သေဆုံးသွားရမယ် ဆိုရင်တောင်၊ အဲဒီမတိုင်ခင်မှာ ခဏလေးတွေ့ခွင့်ရချင်ခဲ့)တာ ဝန်ခံရပါမယ်။
ထူးထူးဆန်းဆန်း ကျွန်တော့်အလွမ်းအထဲမှာ အဖေ့လက်မောင်းအိုနဲ့ ရင်အုပ် ညိုညိုလည်း ပါဝင်နေခဲ့ဖူး ပါတယ်။ ငယ်ငယ်လေးတုန်းက အမေခွံ့ကျွေးခဲ့ဖူးတဲ့ ထမင်းဆုပ် ပူပူနွေးနွေးတွေ ပါဝင်နေခဲ့ပါ တယ်။ ဘာဖြစ်လို့ စာအုပ် တစ်အုပ်တလေကိုမှ သတိမရ မိခဲ့ပါလိမ့်။ ဘာဖြစ်လို့ သီချင်း လေး တစ်ပိုင်း တစ်စကိုမှ မညည်းဆိုမိခဲ့ပါလိမ့်။ ဘာဖြစ် လို့ ရုပ်ရှင်တစ်ကားတစ်ပိုင်း လေးမှ မအောက်မေ့မိပါလိမ့်။ အော် မေ့တော့မလို့။ချစ်သူကို ပေးခဲ့ဖူးတဲ့နွေဦးကံ့ကော်တစ်ပွင့် ကိုတော့ သတိတရ ဖြစ်လိုက်မိ ပါသေးတယ်။ ဘာမဟုတ်တဲ့ ပန်းတစ်ပွင့်ဟာ ဒီနေရာမှာ ဘာ့ကြောင့် အေ၇းပါခဲ့သလဲ။ ကျွန်တော်မသိပါ။ ခင်ဗျားတို့ အံ့များ သြ သွားကြမလား။
အဲဒီတုန်းကကျွန်တော် အထူးသတိတရဖြစ်တဲ့အထဲမှာ (လွမ်း တယသ မိခဲ့တဲ့အထဲမှာ) "ရဲဘော်" ဆိုတဲ့စကားတစ်လုံး ပါတယ်ဆိုရင်၊ မီးရှူးမီးပန်းတွေ ပစ် ဖေါက်ဆင်နွဲနေတဲ့ပျော်ပွဲရွှင်ပွဲ ညတွေပါတယ်ဆိုရင်၊ "ဖာနန်ဒို "ဆိုတဲ့ သီချင်းတစ်ပုဒ် ပါတယ်ဆိုရင်၊ သိက္ခာသယ် "ဝန်တင်လား " တန်းတစ်ခုပါတယ်ဆိုရင်။ မြက်ခင်းနှင်းစက်တွေ ပေါ်ကနေရောင်ကျနေတဲ့လွပ်လပ် လင်းပွင့်သော တလက်လက် မနက်ခင်းတစ်ခု ပါတယ်ဆိုရင်။
"ပန်တိုင်းပွင့်၍ ပွင့် သောပန်းတိုင်း လန်းပါစေ" ဆိုတဲ့ဝါကျတစ်ကြောင်းပါခဲ့တယ် ဆိုရင်ပေါ့ဗျာ။ ခုကျွန်တော်ပြောခဲ့တာ ဟာအထီးကျန်ကန္တာရကျွန်းပေါ်ေ၇ာက်နေရှာတဲ့လူတစ်ယောက် နေရာကနေ စိတ်ကူးနဲ့လွမ်းပြခဲ့ တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အထီးကျန် ရက်ကလေး တစ်ချို့မှာနေထိုင် ရင်းလွမ်းခဲ့မိတဲ့လူတစ်ယောက်ရဲ့ အလွမ်းအကြောင်းပြန်ပြောပြတာပါ။ တကယ်လွမ်းခဲ့ရတဲ့နေ့တစ်နေ့ အကြောင်း ဒီကမ္ဘာမြေကြီးဆီ ထည့်ဝင်ခဲ့တာပါခင်ဗျား။
ခြောက်ခြားဖွယ်ကောင်း တဲ့နေ့ရက်တစ်ခုမှာ ကျွန်တော် ဟာချစ်ခြင်းတစ်ခုတည်းကိုသာ လွမ်းခဲ့တာသေချာပါတယ်။ ကျွန်တော်က ကျွန်တော့်ကို ချစ်ခြင်း၊ ကျွန်တော့်မိသားစု ကိုချစ်ခြင်း၊ ကျွန်တော့်လူမျိုး နွယ်ကို ချစ်ခြင်းဆိုတဲ့ "ချစ်ခြင်းများရဲ့ အစုအပေါင်း ကို "လွမ်းခဲ့တာပါ။သည်းသည်း သန်သန် အထီးကျန်ရတဲ့အခါ လူ တစ်ယောက်ဟာ သူမှအပ သောအခြားလူတစ်ယောက်ကို လွမ်းခြင်း၊ သူနေထိုင် ရှင်သန် ရမယ့် လွတ်လပ်လင်းပွင့်သော လူအဖွဲ့အစည်းကိုလွမ်းခြင်းက လွဲလို့ တခြားအရာကိုလွမ်းနေ ဖြစ်ကြပါ့မလား။ မသိပါဗျား။ ကျွန်တော်တော့ဖြင့်လွမ်းခဲ့ပါတယ်။
ဘာ့ကြောင့်လဲ။
လူတစ်ယောက် တန်ဖိုးအထားဆုံး၊အချစ်မြတ်နိုး ဆုံးဟာဘာလဲ။ လူတစ်ယောက်အတွက် ချစ်ခင်မြတ်နိုးအပ်ရာ အဖိုး အနဂ္ဂထိုက်ချစ်ခြင်းတရားဆိုတာ ဘာလဲ။ လူတစ်ယောက်အတွက် ဘယ်ဟာအရေးကြီးဆုံးလဲလို့ တွေးမိတဲ့အခါ၊ သူဟာ .... လူ တစ်ယောက်အဖြစ်ရှင်သန်နေထိုင် နေကြောင်း၊ူကိုယ်တိုင်ကျေ ကျေ နပ်နပ်ယုံယုံကြည်ကြည် သိရှိခံယူထားမိဖို့ပါပဲလို့မြင် လိုက်ရပါတယ်။ ဒါ့ထက် အရေးကြီး တာဘာမှမရှိတော့ဘူးလို့လည်း ထင်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူ ဆက်အသက်ရှင်သန်နေ ဖို့မဖြစ်နိုင်တော့ပါဘူး။ လူဟာ သူလူတစ်ယောက်ဖြစ်ခဲ့ကြောင်း သေချာဖို့အတွက်၊ (အဲသလို ယုံကြည်ဖို့အတွက်) သူ့ကို ရှင် သန်ခွင့်ပေးတဲ့ "သဘာဝဝန်းကျင် " ရယ်၊ သူကချစ်နေဖို့နဲ့ သူ့ကို အချစ်ခံနေရဖို့ "လူ့ဝန်းကျင်ရယ်" မရှိမဖြစ်လိုအပ်နေပါလိမ့်မယ်။ ဒါက ကျွန်တော့်တစ်ဦးတည်းရဲ့ အမြင်ပါ။ ဒီနေရာမှာ တစ်ခု ပြောစရာရှိလာတာက၊ခင်ဗျားဟာ ဘယ်လိုဟာမျိုးကိုချစ်တတ်ပြီး၊ ဘာတွေရဲ့ ချစ်ခြင်းကိုခံရချင် သလဲဆိုတာပါပဲ။
မတူညီတဲ့ချစ်ခြင်း တွေအလိုက် အရေးတကြီး လိုအပ်ချက် (ဒါမှမဟုတ်) ထိုသူ တန်ဖိုးထားသောလိုအပ် ချက်ဆိုတာ၊ပြောင်းများ သွားနိုင်သလားလို့ပါ။
ငွေစက္ကူနံ့နဲ့လိင် ဆက်ဆံရေးကိုချစ်သူ၊
စစ်ပွဲနဲ့ အနိုင်ရရှိရေး သက်သက်ကိုပဲချစ်သူ၊
အတ္တနဲ့ ဆီဦးထော ပတ်မှန်သမျှကိုပဲ ချစ်သူ၊
အများအတွက် ခန္ဓာ ကိုယ်တံတားထိုး ရိုကျိုးပူဇော်ရ ခြင်းကိုချစ်သူ၊
တရားဓမ္မနဲ့သံသရာ မှလွတ်ရာလွတ်ကြောင်းကိုချစ်သူ၊
တရားမျှတမှုအတွက် တိုက်ပွဲဝင်ရခြင်းနဲ့အောင်ပွဲရယူ ခြင်းကိုချစ်သူ၊
အနုပညာတစ်ခုတည်း မှာပဲ ပျော်ဝင်စီးဆင်းသွားရခြင်း ကိုချစ်သူ၊
စသဖြင့် ..... ပုံသဏ္ဍာန် မတူတဲ့ချစ်ခြင်းတွေအလိုက် လိုအပ်ချက်တွေများ ပြောင်းလဲ သွားနိုင်ပါသလား။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအချစ်မျိုးနဲ့လူပဲဖြစ်ဖြစ်၊ ခင်ဗျားဟာခင်ဗျားနဲ့အမျိုးအနွယ် တူ လူ့အဝန်းဝိုင်းလယ်မှာလူ တစ်ယောက်ရဲ့မွေးရာပါရပိုင်ခွင့် ပြည့်ပြည့်ဝဝနဲ့ ရှင်သန်နေရပါ လားဆိုတဲ့ ကျေနပ်အသိမျိုး မရသရွေ့ငြိမ်းချမ်းကြည်မွေ့ ပျော်ရွှင်နိုင်မယ်မထင်ပါဘူး။
အဲဒီတော့ကာ၊ လူတစ်ယောက်က တန်ဖိုးအထားဆုံး၊အချစ်မြတ်နိုး ဆုံးဟာ "သူကလိုလား နှစ် သက်စွာချစ်နေသော(သူကချစ် နေသော) လူ့ဝန်းကျင်" ဖြစ်ပြီး လူတစ်ယောက်အတွက် အရေးကြီးဆုံးဟာ "သူ့ကို တန်ဖိုးထား ချစ်ခင်နေသော (သူကအချစ်ခံနေရသော) လူ့ဝန်းကျင်" ပဲဖြစ်ပါလိမ့်မယ်။
တကယ်တော့ဗျာ .... လူတစ်ယောက်မှာအဓိကလိုအပ် ချက်ကြီးဆိုတာသိပ်တော့လည်း များများစားစား ရှိလှတာ မဟုတ်ဘူးရယ်။
ငြိမ်းအေးအိမ်။
၂ဝဝ၅ခု။ဖေဖေါ်ဝါရီ(၂၃)ရက်
(စိတ်ထဲရှိလို့ ဖေါ်ပြမိခဲ့တာပါ အရင်စာစုတွေထက် ကွဲလွဲနေလိမ့်မယ်လို့ ထင်ပါတယ်၊ သည်းခံနားလည်ပေးပါ။)
No comments:
Post a Comment