...... သမိုင်းထဲက ဥတ္တရ.......
မနောပွဲသည် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်လူမျိုး (ဂျင်းဖော) တို့၏ ရိုးရာယဉ်ကျေးမှု့ ပွဲတော်တစ်ခုဖြစ်သည်။
မနောဟူသည်မှာ ယခင်က နတ်ကိုးကွယ်သူတို့အဖို့ မဒိုင်နတ်ကို ပူဇော်ပသသော နတ်ပွဲကြီးဖြစ်ပြီး ကချင်လူမျိုးတို့ ဘိုးဘေးဘီဘင်လက်ထက်က အစပြု၍ ကောင်းကင်နှင့် မြေကြီး၊ စကြဝဠာ တစ်ခုလုံးကို ဖန်ဆင်းကာ အရာခပ်သိမ်းတို့ကို ထိန်းကျောင်းပေးသော ဖန်ဆင်းရှင်တစ်ပါး ရှိသည်ကို ယုံကြည်ကြသည်။
ဥစ္စာပစ္စည်း တိုးပွားစေရန်၊ ဆန်ရေစပါး ပေါများရန်၊ ရောဂါဘယ ကင်းဝေး၍ ကျန်းမာစေကြောင်း ဆုမွန်ကောင်းတောင်းရန် မဒိုင်နတ်ကို နှစ်ပေါင်းများစွာ ပူဇော်ပသခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူနေမှု အဆင့်အတန်း တိုးတက်ပြောင်းလဲကာ ကိုးကွယ်သည့် ဘာသာအယူအဆများကြောင့် မဒိုင်နတ်ကို ပူဇော်ပသသည့် ပွဲမဟုတ်တော့ဘဲ ရိုးရာယဉ်ကျေးမှု ပွဲတော်အဖြစ် ပြောင်းလဲ ကျင်းပလာကြသည်။ သို့သော် ဖိရိုးဖလာ နတ်ကိုးကွယ်သူများက မဒိုင်နတ် ပူဇော်ပသ၍ ကပြနေကြဆဲ ဖြစ်သည်။
ရှေးအယူအဆအရ နတ်တို့ကို ယုံကြည်ကိုးကွယ်ကြသည့်အလျှောက် မနောပွဲသည်လည်း ရိုးရာနတ်တို့ကို ပူဇော်ဆုတောင်းသည့် အနေနှင့် နှစ်စဉ်ကျင်းပသော နာမည်ကျော်ပွဲတော်တစ်ခုလည်း ဖြစ်သည်။
.
ယခင်က မနောပွဲကို ဒူဝါးကြီးများကသာ ကြီးမှုးကျင်းပပေးခဲ့ပြီး ကုန်ကျစရိတ်ကြီးမြင့်လာမှု့နှင့်အတူ ယခုအခါ ကချင်ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပပေးလျှက်ရှိသည်။ ယခင်ကပူတာအိုတွင် ကျင်းပသော်လည်း ယခုအခါ မြစ်ကြီးမားမြို့ရှိ မနောကွင်းတွင် ကျင်းပသည်။ ကချင်ပြည်နယ်တွင် မနောပွဲအပြင် ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ နတ်ပူဇော်ပွဲ စသည့်ပွဲလမ်းသဘင်များကိုလည်း ကျင်းပလေ့ရှိကြသည်။

ကချင်လူမျိုးတို့ပြုလုပ်ကြသည့်ပွဲများအနက် အကြီးကျယ်ဆုံး၊အခမ်းနားဆုံး၊
ရှေးအကျဆုံး၊ပွဲကြီးဖြစ်သောမနောပွဲတော်ကြီးကို ဇန်န၀ါရီလ (၅)ရက်နေ့
တွင် စတင် ကျင်းပလေ့ ရှိကြသည်။
ရှေးအကျဆုံး၊ပွဲကြီးဖြစ်သောမနောပွဲတော်ကြီးကို ဇန်န၀ါရီလ (၅)ရက်နေ့
တွင် စတင် ကျင်းပလေ့ ရှိကြသည်။
ကောက်သစ်စား အိမ်သစ်တက်ပွဲများကို နှစ်ရက် သုံးရက်သာပြုလုပ်ကြ
သော်လည်း မနောပွဲကို အနည်းဆုံး လေးရက်မှ ရှစ်ရက်အထိ အကြီးအကျယ်ကျင်းပလေ့ရှိသည်။
သော်လည်း မနောပွဲကို အနည်းဆုံး လေးရက်မှ ရှစ်ရက်အထိ အကြီးအကျယ်ကျင်းပလေ့ရှိသည်။
မနောအကသည် မဒိုင်နတ် (ကောင်းကင်နတ်) ကိုပူဇော်သော အကဖြစ်ပြီး ဘိုးဘေး၊ ဘီဘင် အဆက်ဆက် မဒိုင်နတ်ကို ကိုးကွယ်သူတိုင်းကျင်းပနိုင်သည်။
မနောပွဲကျင်းပရန် ကုန်ကျစရိတ်မှာ ကြီးလွန်း၍ သာမန် လူများအပြင် ဒူဝါ
များပင်လျှင် ကျင်းပရန် အခက်အခဲများ ရှိပြီး ရှေးအခါ ဒူဝါကြီးများက မိမိအုပ်ချုပ်သည့် သက်ဆိုင်ရာနယ်မြေ အလိုက် ကျင်းပလေ့ရှိကာ
မနောပွဲကြီး ကြီးကြီးကျယ်ကျယ် ကျင်းပပေးနိုင်ခြင်း မရှိသော ဒူဝါများကို
အုပ်ချုပ်ခံ နယ်သူနယ်သားများက အကြည်ညိုယုတ်လျော့ကာ ဒူဝါ၏ အာဏာ မှာလည်း မှေးမှိန် သွားတတ်သည်။

ထို့ကြောင့်ဒူဝါများကလည်း မနောပွဲကျင်းပပေးနိုင်ရန် နှစ်ချီ၍ ပြင်ဆင်ကြသည်။ ဒူဝါများအနေနှင့်လည်းမိမိအုပ်ချုပ်သည့် နယ်မြေမှ လူမျိုးပေါင်းစုံ ၊ အနွယ်ပေါင်းစုံကို တစ်စုတစ်ဝေးတည်း တွေ့မြင့်ရသည့်အပြင် ၎င်းတို့၏
သဘောထားကိုပါ အနီးကပ်လေ့လာနိုင်သောကြောင့် ၊ စည်းရုံးရေးတွင် များစွာအထောက်အကူဖြစ်သည်၊
သဘောထားကိုပါ အနီးကပ်လေ့လာနိုင်သောကြောင့် ၊ စည်းရုံးရေးတွင် များစွာအထောက်အကူဖြစ်သည်၊
နှစ်စဉ်ကျင်းပလျှက်ရှိသော မနောပွဲများကို တစ်နှစ်တစ်ခါသာ ကျင်းပရမည်ဟု သတ်မှတ်ချက်မရှိပေ။ထိုနယ်မြေကို အုပ်ချုပ်သော ဒူဝါက လုပ်သင့်
သည်ဟု ယူဆပါက အချိန် အခါအလိုက် ကျင်းပကြသည်။ မနော အကကို
နတ်မင်းများက စတင်ကကြသည်ဟု သိရသည်။
သည်ဟု ယူဆပါက အချိန် အခါအလိုက် ကျင်းပကြသည်။ မနော အကကို
နတ်မင်းများက စတင်ကကြသည်ဟု သိရသည်။
ထိုအကကို ကောင်းကင် ယံတွင် ပျံသန်း ကျက်စား လျက်ရှိသော ငှက်များက လေ့လာခွင့်ရရှိခဲ့သည်။ ထိုအကကို တတ်မြောက်သောအခါ ငှက်တို့က မနောအက ကိုစနစ်တကျကပြ၍ ညောင်သီးစား၍အကအကြောင်းပြောဆို
သည်ကိုငှက်စကားနားလည်သော လူသား မာဒိန်ယော်က မြင်တွေ့ကြားသိရပြီးနောက် လူတို့ တစ်စတစ်စတတ်မြောက်လာကြသည်ဟု ရှေးလူကြီးများ ကဆိုသည်။
သည်ကိုငှက်စကားနားလည်သော လူသား မာဒိန်ယော်က မြင်တွေ့ကြားသိရပြီးနောက် လူတို့ တစ်စတစ်စတတ်မြောက်လာကြသည်ဟု ရှေးလူကြီးများ ကဆိုသည်။
ငှက်တို့ မနောကသည့်ပွဲတွင် အောက်ချင်းငှက် ကမနောရှင်ဖြစ်၍မနောတိုင်၏ အောက်ခြေ ဘက်တွင်အောက်ချင်းတိုင်ကို ထွင်းထုထားခြင်းဖြစ်သည်။ မနော အကကို ဦးဆောင်သူ နှစ်ဦးက ရှေ့မှ ကပြကြသည်။ ကကွက်ပြောင်းသောအခါ နောက်မှ လိုက်ကနေ သူများကလည်း ၎င်းတို့အတိုင်း ပြောင်းလဲကကြသည်။
ကကွက်အမျိုးမျိုးရှိရာ ကျင်းပသည့် မနောအလိုက် ကကွက်ပုံစံများ ကွဲပြားသည်။
မနောပွဲကိုနှစ်စဉ် ဇန်န၀ါရီလ ၆ ရက်မှ ၁၁ ရက်အတွင်း ကျင်းပကြခြင်းဖြစ်ကာ
အဓိကအားဖြင့် မနောပွဲ(၅)မျိုး ရှိသည်။
မနောပွဲကိုနှစ်စဉ် ဇန်န၀ါရီလ ၆ ရက်မှ ၁၁ ရက်အတွင်း ကျင်းပကြခြင်းဖြစ်ကာ
အဓိကအားဖြင့် မနောပွဲ(၅)မျိုး ရှိသည်။
(၁) ဆွတ်မနော(Sut Manau) ။ ။ ဥစ္စာပစ္စည်းတိုးပွားကြွယ်ဝရန်၊မိတ်ဆွေ သင်္ဂဟအသစ်ဖွဲ့ရန်၊ မိမိကိုရန်ငြှိုး၊ မနာလိုဝန်တိုသူရှိ၊ မရှိ၊ အကြေးပေးရန် ရှိ၊ မရှိ၊ စုံစမ်းသည့်မနော။
(၂) မဒန်မနော(Pandang Manau)။ ။ စစ်ပွဲနိုင်ရန် အောင်ပွဲခံသည့်ပွဲခံမနော။
(၃) ဂျူမနော(Ju Manau) ။ ။ သားသမီးထွန်းကားခြင်း မရှိသည့်အခါ၊အိမ်ရှိအိမ်သူအိမ်သားများနာမကျန်းဖြစ်သည့်အခါ၊ ဘိုးဘွားများ(သက်ကြီးရွယ်အို) သေဆုံး၍ အသုဘ အခမ်းအနားအငှားပြီးစီးချိန်တွင် ကျင်းပသည့်မနော။
(၄) ကွန်ရန်မနော( Gumaran Manau) ။ ။ အိမ်သားများ၊နယ်မြေသစ်ထူထောင်ချိန်( သို့) အိုးအိမ်သစ်ထူထောင်ချိန်တွင်မဒိုင်နတ်ကိုခွဲဝေ
ပင့်ဆောင်သည့်အနေနှင့်ကသည့်မနော။
ပင့်ဆောင်သည့်အနေနှင့်ကသည့်မနော။
(၅) ရှဒစ်ဖော့မနော (Shadip Hpaw Manau)။ ။
ခွဲဝေယူဆောင်လာသည့် မဒိုင်နတ်ကိုနေရာ
ပြခြင်းနှင့် နယ်မြေသစ်ရှိ မကောင်း ဆိုးဝါးများကို နှင်ထုတ်ရန် ပြုလုပ်သည့် မနောအပြင် အချိန်အခါအလိုက်မနောရှင်တို့ ပြုလုပ်သည့်မနော။
ခွဲဝေယူဆောင်လာသည့် မဒိုင်နတ်ကိုနေရာ
ပြခြင်းနှင့် နယ်မြေသစ်ရှိ မကောင်း ဆိုးဝါးများကို နှင်ထုတ်ရန် ပြုလုပ်သည့် မနောအပြင် အချိန်အခါအလိုက်မနောရှင်တို့ ပြုလုပ်သည့်မနော။
အခြားသော မနောအမျိုးအစားများမှာ.....
(၆) ထိန်ထန်မနော (Hting HtangManau)။
မနောရှင်က သာမန် မနောပွဲထက် ပိုမိုကြာရှည်အောင်
ကျင်းပသည့်မနော။
မနောရှင်က သာမန် မနောပွဲထက် ပိုမိုကြာရှည်အောင်
ကျင်းပသည့်မနော။
(၇) နိန်ထန်မနော (Ninghtan Manau)။ ။ စစ်ထွက်မနောဖြစ်သည်။
ဓါး၊ လှံ၊ လေး၊ သေနတ်တို့ကိုင်ဆောင်ရန် ရဲစိတ်၊ ရဲမာန်တက်ကြွစေရန်
ကခုန်ကြသည်။ စစ်သည်အင်အားစုဆောင်းသည့်
မနောဖြစ်ပြီး စစ်ကြေညာသည့်သဘောလည်းပါသည်။
ဓါး၊ လှံ၊ လေး၊ သေနတ်တို့ကိုင်ဆောင်ရန် ရဲစိတ်၊ ရဲမာန်တက်ကြွစေရန်
ကခုန်ကြသည်။ စစ်သည်အင်အားစုဆောင်းသည့်
မနောဖြစ်ပြီး စစ်ကြေညာသည့်သဘောလည်းပါသည်။
(၈) ထိန်ရမ်းမနော (Hting Ram Manau)။ ။ရန်ပြေ၊မာန်ပြေမနော။
ညီအစ်ကိုမျိုး၊ယောက္ခမမျိုး၊သမက်မျိုး အကြား မကျေမလည်သံသယ၀င် တင်းမာမှုများရှိပါကဆွေးနွေးညှိနှိုင်းရန်ကသည့်မနော
ထို့ ပြင်နော်ယင်မနော၊ ဒိန်ရှော်န်မနော၊ ဖရင်ရော့ဒ် မနော အစရှိသဖြင့် မနောအမျိုးမျိုးရှိကြသည်။
ညီအစ်ကိုမျိုး၊ယောက္ခမမျိုး၊သမက်မျိုး အကြား မကျေမလည်သံသယ၀င် တင်းမာမှုများရှိပါကဆွေးနွေးညှိနှိုင်းရန်ကသည့်မနော
ထို့ ပြင်နော်ယင်မနော၊ ဒိန်ရှော်န်မနော၊ ဖရင်ရော့ဒ် မနော အစရှိသဖြင့် မနောအမျိုးမျိုးရှိကြသည်။
မြစ်ကြီးနားမြို့ စီတာပူမနောကွင်း အလယ်တွင် တည်ရှိနေသော မနောတိုင်များထဲမှ အလယ်ဗဟို တိုင်နှစ်တိုင်မှာ အမတိုင်မှာ ဖြစ်၍ (Dung Yi) ဖြစ်၍ ယင်းတိုင်များနှင့် ယှဉ်ကာ ဘေးတစ်ဖက် တစ်ချက်စီတွင် စိုက်ထူထားသော တိုင်နှစ်တိုင်မှာ အဖိုတိုင်များ (Dung La) ဖြစ်ပြီး တခြားတိုင်အတိုတို့ကို ဒုံနွယ် (Dung Noi) ဟု ခေါ်ဆိုသည်။
မနောတိုင်များကို အောက်ခြေတွင် ကန့်လန်ဖြတ်ထားသော တိုင်များကို ဒုံဗြဲ (Dung Bye) သို့မဟုတ် ဒုံတော် (Dung Tawn) ဟု ခေါ်ပြီး အောက်တွင် အောက်ချင်းငှက် ဦးခေါင်းနှင့် အမြီးကို ထွင်းလုပ် ထားသည်မှာ ငှက်များညောင်သီးစား၍ မနောပွဲ ကျင်းပခဲ့စဉ်က အောက်ချင်းငှက်သည် မနောရှင်အဖြစ် ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်သည်။
မနောကရာတွင် ဂွမ်ဒုရုခေါ် ကြိမ်ဖြင့်ရက်လုပ်ထားသော ဦးထုပ်ကိုဆောင်းလျက် နဂါးရုပ်ပါသော ဝတ်စုံများ ဝတ်ဆင်ထားကြသော ဓားကိုင်ဆောင်သူတစ်ဦးနှင့် သစ်ရွက်ဖြင့် ထုပ်ထားသော သုံးမြှောင့်ပုံ သစ်သားချောင်းကို ကိုင်ဆောင်ထားသော မနောအက ဦးဆောင်သူနှစ်ဦး နောက်တွင် လူပေါင်းထောင်ချီ သောင်းချီကကြသည်။
ယင်းမနောတိုင်များမှာ ၁၉၉၃ ခုနှစ်အစောပိုင်း ကာလက သစ်သားတိုင်များဖြစ်ပြီး အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ပြီးသည့် ကာလတွင် အဆိုပါမနောတိုင်များကို ကွန်ကရစ်တိုင်များအဖြစ် ပြောင်းလဲခဲ့သည့်အပြင် မဂျွယ်ခန်းမတို့ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းမနောကွင်းသည် ၁၉၄၆ ခုနှစ်က ဂျပန်တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သော အထိမ်းအမှတ် အဖြစ် ပဒန်မနောပွဲအဖြစ် စတင်ကျင်းပခဲ့ပြီး ပြည်မမှ ဗမာကိုယ်စားလှယ်များပါ တက်ရောက် အားပေးခဲ့သည့်အတွက် ကချင်ဗမာ ချစ်မြဲစေခဲ့သည်ဟု သမိုင်းများက ဆိုခဲ့သည်။
မနောကွင်းဝင်ပေါက်တွင် ဖက်ဆစ်ဂျပန်များကို တိုက် ထုတ်ခဲ့ကာ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် ကချင်လူမျိုးခေါင်ဆောင် ဖုန်ကန်ဒူဝါနှင့် ဗိုလ်ဖိုးစောတို့၏ ရုပ်တုများက အသက်ဝင်နေပြီး ကချင်မနောတိုင်များနှင့် ဆင်စွယ်ပုံသဏ္ဌာန် အလှဆင်ထားသည်မှာ ဗိသုကာ မြောက်လှသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးနောက် ခြောက်ရက်အကြာ ၁၉၄၈ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကချင် ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး မနောပွဲအဖြစ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက် တက်ရောက်ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဘဦး၊ နိုင်ငံတော် သမ္မတ မန်းဝင်းမောင်တို့ ခေတ်အဆက်ဆက် တက်ရောက်ခဲ့သည်။
....................................................
....................................................
No comments:
Post a Comment