ကချင်လူမျိုးအကြောင်း
☆☆☆☆☆☆☆☆☆☆☆
(သမိုင်း)
ကချင်လူမျိုးများကို ဂျင်းဖောဟုလည်း ခေါ်ကြသည်။ နှုတ်ပြောသမိုင်းများအရ ဂျင်းဖောလူမျိုးများသည် တိဗက်ကုန်းမြင့်ဒေသမှ တောင်ဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာ ကြပြီး တရုတ်ပြည် ယူနန်ဒေသတွင် ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များအတွင်း နေထိုင်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလာကြပြီးနောက် ယနေ့ ကချင်ပြည်နယ်တွင် အခြေစိုက် နေထိုင်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ကချင်လူမျိုး၏ လူမျိုးစုများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရ၀မ်နှင့် ဇိုင်ဝါးတို့ ဖြစ်ကြသည်။
(ဒဏ္ဍာရီ)
ဂျင်းဖေါလူမျိုးများသည် နေမှဆင်းသက်လာသည်ဟု ဒဏ္ဍာရီများက ဆိုသည်။ ဂျင်းဖေါတို့၏ ဘိုးဘွားများသည် ကောင်းကင်ဘုံမှ ဆင်းလာပြီး တိဗက်ကုန်းပြင်မြင့်တွင် လာရောက် နေထိုင်သည်။ ထို့နောက် တဖြည်းဖြည်း ရွှေ့ပြောင်း၍ မွန်ဂိုလီးယား၊ တရုတ်၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ သွားရောက်နေထိုင်ကြသည်ဟုဆိုသည်။
ဂျင်းဖောတို့သည် ရိုးရာ မနောပွဲကို နှစ်စဉ်ကျင်းပကြသည်။ မနောပွဲတွင် ရိုးရာတူရိယာများကို တီးမှုတ် ကခုန် ကြသည်။ မနောပွဲ၏ သင်္ကေတမှာ ရှေးအခါက နေနတ်မင်းကို ပူဇော်ခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် အမျိုးသား စိတ်ဓါတ်၊ ချမ်းသာကြွယ်ဝမှုနှင့် အာဏာပိုင်ဆိုင်မှုတို့ကို ဖော်ပြရန်ဖြစ်သည်ဟု ပြောကြသည်။
မနောပွဲတွင် ဂျင်းဖေါတို့၏ ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး ရိုးရာသင်္ကေတများ အကွက်ဖော်ထား သည့် မနောတိုင်ကို ၀ိုင်းပတ်၍ ပရိတ်သတ်အားလုံးပါဝင်ပြီး ကကြသည်။ မနေခေါင်းဆောင်က ငှက်တောင်တပ် ရိုးရာဦးထုပ်ကိုဆောင်းရသည်။ အမျိုးသားများက ကချင် ရိုးရာ ဒါးများကိုထောင်၍
ကကြသည်။ ဒါး ကိုင်ဆောင်ခြင်းမှာ ကချင်နိုင်ငံတော်ကို ကာကွယ်ခြင်း နှင့် ရိက္ခာရှာဖွေခြင်းဟု အဓိပ္ပါယ်ရသည်။ ကချင်စကားပုံတစ်ခုက "ရဲရင့်သောယောက်ျားသည် ဒါးရှည်ကိုကိုင်ဆောင်သည်" ဟုဆိုသည်။
ကကြသည်။ ဒါး ကိုင်ဆောင်ခြင်းမှာ ကချင်နိုင်ငံတော်ကို ကာကွယ်ခြင်း နှင့် ရိက္ခာရှာဖွေခြင်းဟု အဓိပ္ပါယ်ရသည်။ ကချင်စကားပုံတစ်ခုက "ရဲရင့်သောယောက်ျားသည် ဒါးရှည်ကိုကိုင်ဆောင်သည်" ဟုဆိုသည်။
(ကိုးကွယ်ယုံကြည်မှု)
ကချင်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာဝင်
များဖြစ်ကြသော်လည်း ရိုးရာအစဉ်အလာ နတ်ကိုးကွယ်မှုမှလာသော မနောပွဲကိုမူ နှစ်စဉ်ကျင်းပကြသည်။ ကချင်တို့သည် ခရစ်ယာန်သာသနာပြုများ၏ အကူအညီဖြင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသည်။
များဖြစ်ကြသော်လည်း ရိုးရာအစဉ်အလာ နတ်ကိုးကွယ်မှုမှလာသော မနောပွဲကိုမူ နှစ်စဉ်ကျင်းပကြသည်။ ကချင်တို့သည် ခရစ်ယာန်သာသနာပြုများ၏ အကူအညီဖြင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသည်။
ကချင် ဒေသ၏ ပထမဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်များမှာ အိုလာဟန်ဆင်နှင့် သူ၏ဇနီးတို့ဖြစ်သည်။ ဟန်ဆင်တို့ကို အမေရိကန် နိုင်ငံခြားသာသနာပြုအဖွဲ့မှ အထက်မြန်မာနိုင်ငံတွင် သာသနာပြုရန် ၁၈၉၀ ခုနှစ်တွင် စေလွှတ်ခဲ့သည်။ ကချင်လူမျိုးများသည် ချင်းလူမျိုးများကဲ့သို့ ဖန်ရှင်းရှင် နတ်ဘုရားကို ကိုးကွယ်ကြ သဖြင့် ခရစ်ယာန်ဘာသာကို အလွယ်တကူ သက်ဝင်ယုံကြည်ကြသည်။
ကချင်လူမျိုးစုတချို့မှာ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး တချို့မှာ အစဉ်အလာနတ်ကိုးကွယ်သူများ အဖြစ်တည်ရှိသည်။ နတ်ကိုးကွယ်သူများ၏အဆိုအရ ၀ိဥာဉ်များသည် နေနတ်မင်းမှစ၍ သတ္တ၀ါများအထိ နေရာအနှံ့အပြား တွင် တည်ရှိပြီး၊ ထိုဝိဥာဉ်များက အကောင်းနှင့် အဆိုး နှစ်မျိုးစလုံးကို သယ်ဆောင်လာသည်ဟု ယုံကြည်ကြသည်။
(ဘာသာစကား)
ကချင်ဘာသာစကားမျိုးကွဲများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရ၀မ်နှင့် ဇိုင်ဝါးတို့ဖြစ်ပြီး ထိုဘာသာစကားအားလုံးသည် တိဗက်တိုဘားမင်းအုပ်စုမှ ဆင်းသက်လာသည်။ "ကမ္ဘာ့တိုင်းရင်းသား ဘာသာစကားများအဖွဲ့" က အထက်ပါ ကချင်ဘာသာစကား ၆ မျိုးကို မှတ်တမ်းပြုထားသည်။ ကချင်စာပေအရေးအသားကို အမေရိကန် သာသနာပြု အိုလာဟန်ဆင်က တီထွင်ပေးခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းကချင်လူမျိုးတို့ နေထိုင်ရာအချက်အခြာ ဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်းစီးဆင်းရာ ဒေသတဝိုက်ဖြစ်၏။ အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတရုပ်မြန်မာနယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။
ကချင်တို့၏ လူဦးရေမှာ တဖြည်းဖြည်း တိုးတက်များပြားလာခဲ့ရာ၊ မိုးကုတ်နယ် ကိုးတောင်ဒေသ၊ ရွှေလီမြစ်ဝှမ်းဒေသ၊ လားရှိုးနယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ဖက် ကျိုင်းတုံနယ်အထိ ပျံ့နှံ့လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ အပဖြစ်သော အာသံပြည် ပတ်ကွိုင်တောင်၏ အနောက်ဖက်တောင်စောင်းဒေသနှင့် တရုပ်နိုင်ငံ ယူနန်ပြည်နယ်တွင် အရှေ့ဖက်လောင်ဂျီတွဒ် ၉၉ ဒီဂရီခန့်အထိ ဒေသတို့တွင်လည်း ကချင်လူမျိုးများကို တွေ့ရပေသည်။
ကချင်လူမျိုးတို့မှာ တိဗက်မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ်ဘောင်ဆက်မှစ၍ မျိုးရိုးတခုတည်းက ဆင်းသက်လာသူတို့ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။
တောင်ဖက်ဒေသများသို့ ရွှေ့ပြောင်းလာကြရတွင် ကချင်တို့သည် တရုပ်၊ မြန်မာ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်တွင် ရောက်ရှိလာကြပြီးနောက်၊ ထိုဒေသမှ အခွင့်သာလျှင် သာသည့်အလျောက် တောင်ဖက်မြန်မာနိုင်ငံတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ ကြဟန်တူသည်။
သူတို့၏ ရွှေ့ပြောင်းရာ ခရီးလမ်းမှာ ခက်ခဲလှ၍ တကြောင်း၊ ထိုမှတပါး သူတို့၏ အလျင်က ရွှေ့ပြောင်းသွားခဲ့ကြသော မွန်ခမာ အနွယ်ဝင်များနှင့် အခြားအနွယ်တူ လူမျိုးများက ရွှေ့ပြောင်းရာလမ်းတွင် ပိတ်ဆို့ ဟန်တားဘိသကဲ့သို့ ရှိနေခဲ့သောကြောင့်တကြောင်း၊ ကချင်တို့မှာ မြန်မာနိုင်ငံတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်ရာတွင် အတန်နောက်ကျသူများ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ကြ ပြီးနောက် တြိဂံနယ် (မေခနှင့် မလိခမြစ် ၂ သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက်ပြောင်းရွှေ့နိုင်ခြင်း မပြုနိုင်ဘဲ ကာလအတန်ကြာ အခြေစိုက် နေထိုင်ခဲ့ကြရဟန် တူသည်။ အကြောင်းမှာ ထိုစဉ်က မြန်မာနိုင်ငံ မြောက်ဖျားကို မောရှမ်းတို့ ကြီးစိုးခဲ့ကြသောကြောင့်ဟု ဆိုဖွယ်ရာ ရှိသည်။ မောရှမ်းတို့ အင်အား ယိမ်းယိုင်သောအခါမှ ရှေ့သို့ ဆက်လက်ရွှေ့ပြောင်း၍ ယခုနေထိုင်ရာ ဒေသများသို့ တဖြည်းဖြည်းရောက်လာခဲ့ကြသည်။
မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက်သည်မှာကား ၁၁ ရာစုနှစ်လောက်
ဖြစ်တန်ရာသည်ဟု ယူဆနိုင်ပေသည်။ ၁၅ ရာစုနှစ် အလယ်လောက်ကစ၍ လူတဆက်ပြီးတဆက် ရွှေ့ပြောင်းလာကြစဉ်တွင် ကချင်တို့မှာ ရောက်ရှိပြီး ဖြစ်သော ရှမ်းနှင့် မြန်မာတို့၏ ယဉ်ကျေးမှု အချက်အလက်များကို စတင်ရရှိခဲ့ကြသည်။
ဖြစ်တန်ရာသည်ဟု ယူဆနိုင်ပေသည်။ ၁၅ ရာစုနှစ် အလယ်လောက်ကစ၍ လူတဆက်ပြီးတဆက် ရွှေ့ပြောင်းလာကြစဉ်တွင် ကချင်တို့မှာ ရောက်ရှိပြီး ဖြစ်သော ရှမ်းနှင့် မြန်မာတို့၏ ယဉ်ကျေးမှု အချက်အလက်များကို စတင်ရရှိခဲ့ကြသည်။
ကချင်ဟူသော ဝေါဟာရမှာအမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာဖြစ်သည်။ ကချင်လူမျိုးတို့၏ စကားမဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကို မိမိတို့ 'ဂျင်းဖေါ' လူမျိုးများဟုသာ ပြောဆိုကြသည်။ လူတယောက်ဟု အဓိပ္ပါယ်ရှိသည်။ တရုပ်လူမျိုးများကမူ ကချင်လူမျိုးများကို 'ယေဂျင်' ဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ လူရိုင်းဟု ရရှိသည်။
ယဉ်ကျေးသော တရုပ်အမည် တခုမှာ 'ရှန်ထို' ဖြစ်၏။ တောင်ထိပ်သားဟု အဓိပ္ပါယ်ရသည်။ အာသံပြည်တွင် ကချင်တို့ကို 'စင်ဖိုး' ဟု ခေါ်ဝေါ်ကြသည်။ မြန်မာမှတ်တမ်းများ၌'သိမ်းဖေါ' ဟု ပါရှိသည်။ ရှမ်းလူမျိုးတိုက ကချင်လူမျိုးကို 'ခန်ဂ' ဟု ခေါ်ဝေါ်ကြသည်။ ယခုအခါ လူအများကပင် ဂျင်းဖေါလူမျိုးကို ကချင်လူမျိုးဟုသာ သိရှိနားလည်ကြသည်။ အလွန်ရှေးကျသော မြန်မာကျောက်စာများတွင် ကချင်ဆိုသော စကားသုံးနှုန်းထားသည်ကို မတွေ့ရပေ။
သို့ရာတွင် သက္ကရာဇ် ၈၀၄ ခုနှစ်ထိုး ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် 'ကခြင်' ဟု ရေးထိုးထားသည်ကို ရှေးဦးစွာ တွေ့ရသည်။
သို့ရာတွင် သက္ကရာဇ် ၈၀၄ ခုနှစ်ထိုး ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် 'ကခြင်' ဟု ရေးထိုးထားသည်ကို ရှေးဦးစွာ တွေ့ရသည်။
ဂျင်းဖေါဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဖက် အောက်ဖက်တွင် နေထိုင်
ကြသော ကချင်များကို ဂျင်းဖေါဟု ခေါ်တွင်၍ အထက်ဖက် (ဝါ) မြစ်ဖျားဖက်တွင် နေထိုင်ကြသော ကချင်များကို 'ခခု' ဟု ခေါ်ကြလေသည်။ ခခုဆိုသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ်ရရှိသည်။
ကြသော ကချင်များကို ဂျင်းဖေါဟု ခေါ်တွင်၍ အထက်ဖက် (ဝါ) မြစ်ဖျားဖက်တွင် နေထိုင်ကြသော ကချင်များကို 'ခခု' ဟု ခေါ်ကြလေသည်။ ခခုဆိုသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ်ရရှိသည်။
ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် 'ဝချက်ဝ' ဆိုသော ရှေးဦးဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြ၏။ ဖခင်ကြီးဝချက်ဝမှာ သားငါးဦးရှိရာ အဆိုပါသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုးအုပ်စုကြီး ၅ စုဖြစ်ပေါ်လာသည်ဟုအဆိုရှိသည်။ ထိုသူတို့မှာ (၁) မရစ် (၂) လထော (၃) လဖိုင် (၄) အင်ခုမ်နှင့် (၅) မရမ်တို့
ဖြစ်ကြသည်။
ဖြစ်ကြသည်။
အစ်ကို အကြီးဆုံးမှ ပေါက်ဖွားဆင်းသက်သော မရစ်အုပ်စုမှာ သူတို့လူမျိုးစုတို့ထဲတွင် ဝါအရင်ဆုံးဖြစ်၍ လပိုင်အုပ်စုမှာ အင်းအားအကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု ၅ စုတို့သည် ရှေးယခင်အခါ လူမျိုးချင်း ရောယှက်ခါ အတူတကွပင် ရောနှော နေထိုင်လေ့ရှိကြသည်။
ပြဆိုခဲ့သော လူမျိုးအုပ်စု ၅ စု အပြင် ဖခင်ကြီး ဝချက်ဝဆိုသူ၏ ညီငယ် ၇ ဦးမှ ဆင်းသက်ပေါက်ဖွားသည်ဆိုသော အခြား လူမျိုးအုပ်စု ၁၅ စုလည်း ရှိသေးသည်။ သို့သော ထိုသူတို့မှာ ထင်ရှားခြင်းမရှိချေ။
ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ဆဆိုသော နတ်ဆရာမှာ အထူးပင် အရေးပါအရာရောက်သော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ မင်္ဂလာ ဆောင်သောအခါတွင် ၎င်း၊ တစုံတစ်ယောက်သေဆုံး၍ သင်္ဂြီုမည့် အခါတွင် ၎င်း၊ ဒုမ်ဆ နတ်ဆရာက ညွှန်ပြ ရှေ့ဆောင်ရသည်။
ကျေးရွာတိုင်း ကျေားရွာတိုင်းတွင် ဆလိုင်းဟုခေါ်သော အရပ်လူကြီးများရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း သာရေးနာရေး ကိစ္စများ၌ မြန်မာနိုင်ငံတွင် ဆယ်အိမ်မှူးများနည်းတူ ရှေ့ဆောင်ညွှန်ပြလေ့ရှိလေသည်။ ဒူးဝါးဟုခေါသော အကြီးအကဲများမှာ ကျေးရွာပေါင်း ၂၀ မှ ၁၀၀ အထိအသီးသီး အုပ်ချုပ်
ကြရသည်။
ကြရသည်။
အင်္ဂလိပ်အစိုးရလက်ထက်၌ တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း (အရပ်လူကြီး) နှင့် ဒူးဝါးတို့ကြားတွင် ရှိသည်။ တောင်အုပ်၏ တာဝန်ဝတ်တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူဖြစ်သည်။
ကချင်းလူမျိုးတို့တွင် မူရင်းစာပေများ မရှိကြချေ။ ခရစ်ယန် သာသနာပြုပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့သည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍မဖြစ်သော အခေါ်အဝေါ်များကို မြန်မာစကားဖြင့် ၎င်း၊ ရှမ်းစကားဖြင့် ၎င်း၊ ခေါ်ဝေါ်ကြသည်။ ကချင်လူမျိုးတို့သည် ကခုန်ခြင်း၊ သီချင်းဆိုခြင်းများတွင် အထူးဝါသနာထုံသော လူမျိုးများဖြစ်သည်။
မင်္ဂလာပွဲများတွင်၎င်း၊ အသုဘကြုံသည့် အခါ၌၎င်း၊ အခြားနတ်ပွဲများတွင်၎င်း၊ အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တယောက်တည်း ကပြခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်ကကြရာတွင် တဦးကိုတဦးကို ကိုင်တွယ်ခြင်း မရှိကြချေ။ တဦးနှင့်ဦး သားမွေးယပ်တောင်များဖြင့် ဆက်သွယ်လေ့သာ ရှိကြသည်။
ကချင်ပြည်နယ်၌ ထင်ရှားကျော်စောလှသော ပွဲတော်ကြီးတစ်ခုမှာ 'မနောပွဲ' ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ (မနော်ပွဲ---ရှု။) နတ်များကို ပူဇော်ပသသော အလေ့အထမှာ တိဗက်မြန်မာ လူမျိုးတို့၏ ဓလေ့ထုံးစံများ ဖြစ်ဟန်တူသည်။ မြစ်ကြီးနားမြို့တွင် မနောနတ်စင်ကြီး ဆောက်လုပ်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက ငွေပေါင်း ၁၁၁၈၅၀ိ/- မျှ ထုတ်ပေးခဲ့ဘူးသည်။
ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း၊ လင်းကွင်း၊ ပုံရှည်နှင့် ပြွေတူရိယာများကို တီးမှုတ်လေ့ ရှိကြသည်။ သို့သော် ယခုအခါ၌ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာပြည်မ တို့နှင့် များစွာဆက်ဆံမိကြပြီ ဖြစ်ရကား ညှီ
့ကြိုးတူရိယာများ၊ ဘေးပေါက်ပြွေများ၊ ခရာများကို မှုတီး တတ်နေကြပြီဖြစ်သည်။
ကချင်လူများသည် လက်မှုပညာရပ်များတွင် နုံချာလှသူများ မဟုတ်ချေ။ နှီးဖြင့် ရက်လုက်ရသော ယွန်းထည်မစ္စည်းများ၊ တောင်း၊ ပလုံး၊ အိမ်သုံးကရိယာများမှာ လက်စလက်န ချောမွေ့လှသည့်ပြ့င် ခိုင်ခံ့ကောင်းမွန်သည်။ ဓါးအမျိုးမျိုး၊ လှံ၊ သေနတ်နှင့် မောင်းများကို ရှေးကာလကြာမြင့်စွာကပင် ခိုင်ခံ့ လှပအောင် လုပ်တတ်ကြသည်။
့ကြိုးတူရိယာများ၊ ဘေးပေါက်ပြွေများ၊ ခရာများကို မှုတီး တတ်နေကြပြီဖြစ်သည်။
ကချင်လူများသည် လက်မှုပညာရပ်များတွင် နုံချာလှသူများ မဟုတ်ချေ။ နှီးဖြင့် ရက်လုက်ရသော ယွန်းထည်မစ္စည်းများ၊ တောင်း၊ ပလုံး၊ အိမ်သုံးကရိယာများမှာ လက်စလက်န ချောမွေ့လှသည့်ပြ့င် ခိုင်ခံ့ကောင်းမွန်သည်။ ဓါးအမျိုးမျိုး၊ လှံ၊ သေနတ်နှင့် မောင်းများကို ရှေးကာလကြာမြင့်စွာကပင် ခိုင်ခံ့ လှပအောင် လုပ်တတ်ကြသည်။
ကချင်လူမျိုးများသေလျှင် သူတို့သင်းချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် တူးမြောင်းများ တူးထားပြီး လျှင် သင်းချိုင်းအပေါ်တွင် ခိုင်ခံ့သော တင်းကုပ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့ သေပြီးနောက် သူတို့ဝိညာဉ်များမှာ ရှေးအဖိုးအဖွားများ၏ ဝိညာဉ်များရှိရာသို့ သွားရောက် ပူးပေါင်း ကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး၊ လှံ၊ သေနတ်နှင့် အဝတ်အစားတို့ကို သူနှင့် အတူ မြှုပ်နှံလေ့ရှိသည်။
ယခုအခါ ရှေးရိုးအယူဝါဒတို့မှာ တဖြည်းဖြည်း ပပျောက်လာပြီးလျှင် မည်သည့်အရာကိစ္စတွင်မဆို အကျိုးနှင့် အကြောင်းတရားများကို ဆက်စပ်၍ တွေးတောပြီးမှ လက်ခံသင့်သည်ကိုသာ လက်ခံလာကြတော့သည်။ အထူးသဖြင့် ခေတ်ပညာတတ် လူငယ်လူရွယ်တို့သည် အမှန်တရားကိုသာ စိစစ်ရှာဖွေလိုသော ဆန္ဒရှိကြသည့်အလျောက် ဟောင်းနွမ်းသော အယူဝါဒများသည် ယုံကြည်စိတ်မရှိကြချေ။ များစွာသော ခေတ်ပညာတတ် ကချင်လူငယ်များသည် စစ်ဖက်၌၎င်း၊ အုပ်ချုပ်ရေးဖက်၌၎င်း၊ ဝင်ရောက်အမှုထမ်း လျက်ရှိကြသည်။
ကချင်ပြည်နယ်အတွက် ရှေးယခင်က ဒေသထုံးတမ်းများကို မှီး၍ ရေးသားထားသော တရားဥပဒေများသာ ရှိခဲ့ရာ ယခုအခါတွင်မူ ကချင်လူမျိုးများ၏ ယဉ်ကျေးမှုတိုးတက်လာသည်နှင့်အမျှ တရား စီရင်ထုံးများလည်း ပြောင်းလဲ၍ လာခဲ့သည်။ ကချင်ပြည်နယ်တွင် စက်ရှင်တရားသူကြီးရုံးကို ၁၉၅၁ ခု၊ ဧပြီလ ၁ ရက်နေ့ကပင် စတင်ဖွင့်လှစ်ခဲ့သည်။
................................................................................................
(ဒုတိယ ကမ္ဘာစစ်အတွင်း ကချင်ပြောက်ကျား စစ်သည်များ၏
ဖက်ဆစ် ဂျပန် တော်လှန်ရေး)
ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။
ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။
ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။
ဒုတိယကမ္ဘာစစ်မီး အာရှတိုက်သို့ ကူးစက်လာချိန်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှု ပိုမိုပြင်းလာခဲ့ရာ သခင်အောင်ဆန်း ဦးဆောင်သော လူငယ်များသည်လည်း တိုင်းပြည်လွတ်လပ်ရေး ရရှိရန်အတွက် ပိုမိုလှုပ်ရှား ဆောင်ရွက်လာကြလေရာ ရှေးဦးစွာ ဖက်ဆစ်ဂျပန်များနှင့် အဆက်အသွယ် ရရှိကြ လေသည်။
ထို့နောက် မြန်မာ လူငယ် ၃ဝ အားခေါ်ဆောင်ကာ တရုတ်ပြည် ဟိုင်နန်ကျွန်းတွင် ဗြိတိ သျှတို့အား တိုက်ခိုက်ရန်အတွက် စစ်ပညာ သင်ကြားကြလေသည်။ စစ်ပညာ သင်ကြားပြီးနောက် မြန်မာနိုင်ငံသို့ ဂျပန် တပ်မတော်နှင့် အတူ ပြန်လည် ဝင်ရောက်လာကာ မြန်မာနိုင်ငံအား ဗြိတိသျှထံမှ ပြန်လည် သိမ်းယူ ကြလေ သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့်အတူ ဖက်ဆစ်ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဗြိတိသျှ တပ်များ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများမှ တစ်ဆင့် အိန္ဒိယပြည်သို့ ဆုတ်ခွာကြလေသည်။ ကုန်းကြောင်း ဆုတ်ခွာရာတွင် ရခိုင်ကမ်းမြောင်၊ ချင်းတောင်တန်းနှင့် အများဆုံးမှာ ကချင်ဒေသ ဟူးကောင်းတောင်ကြားမှတစ်ဆင့် ဆုတ်ခွာကြလေသည်။ ဖက်ဆစ် ဂျပန်များ သိမ်းပိုက်ပြီး များမကြာမီ ကချင်ဒေသ သို့ ရောက်ရှိလာကြရာ ဗြိတိသျှတို့အား အစဉ်အဆက် သစ္စာခံပြီး စစ်တပ်ဝန်ထမ်း များအဖြစ် အမှုထမ်းနေကြသော ကချင်လူမျိုးတို့အပေါ် မုန်းတီးစိတ် အပြည့်ဖြင့် ညှဉ်းပန်း ရက်စက်မှုများ ပြုလာကြလေသည်။
ဖက်ဆစ်များ၏ ရက်စက်မှုများကြောင့် ဟူးကောင်းတောင်ကြားမှ
အိန္ဒိယပြည်သို့ ဗြိတိသျှများ ဆုတ်ခွာရာတွင် ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်စစ်သည်အချို့မှာ လိုက်ပါသွား ခြင်းမပြုဘဲ၊ ဆွမ်ပရာဘွမ် ဒေသ တွင် နေရာယူကာ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး ရရာ
လက်နက်ဖြင့် ဖက်ဆစ် ဂျပန်များအား ခုခံတော်လှန်ရန် အတွက် ပြင်ဆင် ကြလေသည်။ အိမ်တွင်းလုပ် တူမီးသေနတ်များဖြင့် ခုခံကြရာတွင် အမေရိကန် ပြည်တွင်းစစ် အတွင်း အသုံးပြုခဲ့သော တစ်လုံးထိုး တူမီး သေနတ်မှာ ကချင်ပြောက်ကျားများ၏ အကောင်းဆုံး လက်နက် ဖြစ်ခဲ့ လေသည်။
အိန္ဒိယပြည်သို့ ဗြိတိသျှများ ဆုတ်ခွာရာတွင် ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်စစ်သည်အချို့မှာ လိုက်ပါသွား ခြင်းမပြုဘဲ၊ ဆွမ်ပရာဘွမ် ဒေသ တွင် နေရာယူကာ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး ရရာ
လက်နက်ဖြင့် ဖက်ဆစ် ဂျပန်များအား ခုခံတော်လှန်ရန် အတွက် ပြင်ဆင် ကြလေသည်။ အိမ်တွင်းလုပ် တူမီးသေနတ်များဖြင့် ခုခံကြရာတွင် အမေရိကန် ပြည်တွင်းစစ် အတွင်း အသုံးပြုခဲ့သော တစ်လုံးထိုး တူမီး သေနတ်မှာ ကချင်ပြောက်ကျားများ၏ အကောင်းဆုံး လက်နက် ဖြစ်ခဲ့ လေသည်။
မြန်မာတစ်ပြည်လုံးတွင် မည်သူ၏ အကူအညီမျှ မပါဘဲ ဖက်ဆစ် ဂျပန်အား ပထမဆုံး ဆန့်ကျင်တော်လှန် တိုက်ခိုက်နေသူ များမှာ ကချင်တိုင်းရင်းသား များသာလျှင် ဖြစ်ခဲ့လေသည်။ ဗြိတိသျှများ ဆုတ်ခွာပြီးချိန်တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွား ခဲ့ရာ ၆ လမျှ ကြာမြင့်ခဲ့လေသည်။ သို့သော်လည်း ကချင်ပြောက်များ ထံတွင် ဝိုင်ယာလက် ဆက်သွယ်ရေး စက်ရှိကြောင်း၊ ဗြိတိသျှတို့ ကြားသိရ သဖြင့် အဆက်အသွယ် ပြုလုပ် နိုင်ရန် ကြိုးပမ်းကြတော့သည်။
ဆက်သွယ်ရေးတပ် ရဲဘော်များ တစ်ရက်တွင် ၂၄ နာရီ ဆက်သွယ်ရေး စက် ဖွင့်ပြီး ကချင်ပြောက်ကျားများ၏ အဆက်အသွယ်ကို စောင့်ဆိုင်းနေ
ကြပေရာ ၄ လခန့်အကြာ ၁ ရက်တွင် တီတီ.. တီတီတီ.. တီတီတီတီတီတီ… ဆို သော ဆက်သွယ်မှု အချက်ပြသံ မြည်လာရာ ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်ပြောက်ကျားများထံမှ ရေဒီယို ဆက်သွယ်မှုဖြစ်နေတော့သည်။ ယင်း သို့ အဆက်အသွယ် ရပြီး ပြီးချင်း ဗြိ တိသျှတို့မှ ကချင်ပြောက်ကျားများ အား အကူအညီပေးရန် ကြိုးစားလေ တော့သည်။
ကြပေရာ ၄ လခန့်အကြာ ၁ ရက်တွင် တီတီ.. တီတီတီ.. တီတီတီတီတီတီ… ဆို သော ဆက်သွယ်မှု အချက်ပြသံ မြည်လာရာ ဗိုလ်နော်ဆိုင်း ဦးဆောင်သော ကချင်ပြောက်ကျားများထံမှ ရေဒီယို ဆက်သွယ်မှုဖြစ်နေတော့သည်။ ယင်း သို့ အဆက်အသွယ် ရပြီး ပြီးချင်း ဗြိ တိသျှတို့မှ ကချင်ပြောက်ကျားများ အား အကူအညီပေးရန် ကြိုးစားလေ တော့သည်။
ဖက်ဆစ်ဂျပန်တို့သည် အိန္ဒိယပြည်အား အောင်မြင်အောင် တိုက်ခိုက်ရန်အတွက် ပူတာအိုဒေသအား မဖြစ် မနေ ရရှိရန်မှာ အလွန်တရာမှ
အရေးကြီးကြောင်း သိကြရသဖြင့် ပူတာအို ဒေသသိမ်းပိုက်ရေးအတွက်
ကြိုးပမ်း ကြလေရာ ပူတာအိုဒေသသို့ ရောက်ရှိရန် အတွက်မူ ဆွမ်ပရာဘွမ် ဒေသအား ကျော်ဖြတ်သွားရမည်ဖြစ်လေ သည်။
အရေးကြီးကြောင်း သိကြရသဖြင့် ပူတာအို ဒေသသိမ်းပိုက်ရေးအတွက်
ကြိုးပမ်း ကြလေရာ ပူတာအိုဒေသသို့ ရောက်ရှိရန် အတွက်မူ ဆွမ်ပရာဘွမ် ဒေသအား ကျော်ဖြတ်သွားရမည်ဖြစ်လေ သည်။
သို့သော်လည်း ဆွမ်ပရာဘွမ် ဒေသတွင် ကချင်ပြောက်ကျားများ နေရာယူထားပြီးဖြစ်လေရာ ဖက်ဆစ် များအတွက် အလွန်တရာမှ အခက်အခဲ ဖြစ်နေတော့သည်။
အစတွင် ဂျပန်တို့သည် ကချင် ပြောက်ကျားများအား အထင်အမြင်
သေးစွာဖြင့် ချီတက်လာရာ လမ်းတစ်လျှောက် လုံးတွင် ကချင်ပြောက်ကျား များ၏ ဆီးကြို တိုက်ခိုက်မှုအား ကြုံတွေ့ရလေတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှနှင့် ကချင်ပြောက်ကျား များ အဆက်အသွယ် ကောင်းမွန်စွာ ပြန်လည် ရရှိပြီးသည့် နောက်တွင် ဆွမ်ပရာဘွမ်ဒေသ ဂေါ့နန်ကျေးရွာ (Fort Hertz) တွင် ဗြိတိသျှများ လေထီး ဖြင့် ပြန်လည် ရောက်ရှိလာ
ပြီးကာ နယ်ဖိုဒ်ဦးစီးကာ ဗြိတိသျှ ကချင် လေဗီးစ် (…) တပ်ဖွဲ့စတင်ဖွဲ့စည်း ကြရာ နောက်ပိုင်း တွင် တပ်ဖွဲ့ဝင် အင် အား ၄ ထောင်မျှရှိခဲ့လေသည်။
သေးစွာဖြင့် ချီတက်လာရာ လမ်းတစ်လျှောက် လုံးတွင် ကချင်ပြောက်ကျား များ၏ ဆီးကြို တိုက်ခိုက်မှုအား ကြုံတွေ့ရလေတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှနှင့် ကချင်ပြောက်ကျား များ အဆက်အသွယ် ကောင်းမွန်စွာ ပြန်လည် ရရှိပြီးသည့် နောက်တွင် ဆွမ်ပရာဘွမ်ဒေသ ဂေါ့နန်ကျေးရွာ (Fort Hertz) တွင် ဗြိတိသျှများ လေထီး ဖြင့် ပြန်လည် ရောက်ရှိလာ
ပြီးကာ နယ်ဖိုဒ်ဦးစီးကာ ဗြိတိသျှ ကချင် လေဗီးစ် (…) တပ်ဖွဲ့စတင်ဖွဲ့စည်း ကြရာ နောက်ပိုင်း တွင် တပ်ဖွဲ့ဝင် အင် အား ၄ ထောင်မျှရှိခဲ့လေသည်။
ထို တစ်ချိန်တည်းမှာပင် အိန္ဒိယသို့ ဆုတ် ခွာခဲ့ကြသော ဗြိတိသျှတို့မှလည်း မေဂျာဂျင်နရယ် ဝင်းဂိတ်ဦးဆောင် ကာ ချင်းဒစ်(ခြင်္သေ့)အမည်ရှိပြောက် ကျားတပ်ဖွဲ့ ဖွဲ့စည်းရာ ကချင်စစ်သည် ထောင်ဂဏန်းမျှ ပါဝင်ခဲ့ကြလေသည်။
ထိုသို့ ပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်း ပြီးနောက် လေဗီးစ်တပ်ဖွဲ့ဝင်များက ဆွမ်ပရာဘွမ်ဒေသသို့ ကျူးကျော်လာ သော ဖက်ဆစ်များကို တိုက်ခိုက်ခြင်းနှင့် ချင်းဒစ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနား မန္တလေး မီးရထားလမ်း အနောက်ဘက်ပိုင်းများထိ ထိုးဖောက် ဝင်ရောက်ကာ ဖက်ဆစ်များအား စတင် တိုက်ခိုက်ကြလေသည်။
၁၉၄၃ ခုနှစ်တွင် မဟာမိတ် အမေရိကန် တပ်ဖွဲ့များ မြန်မာအိန္ဒိယ နယ်စပ်သို့ရောက်ရှိလာပြီး ပန်ဆောင်၊ နန်းယွန်း၊ ရှင် ဗွေယန်ဒေသမှ မြန်မာပြည်တွင်းသို့ ထိုးစစ်ဆင်နွဲရန် ရောက်ရှိလာပြီး ဒေသခံ ကချင်များ၏ အကူအညီဖြင့် မြစ်ကြီးနား မြို့သိမ်း တိုက်ပွဲအား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြလေသည်။
ထို့နောက် အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ကို ဆက်လက်ဖွဲ့စည်းရာ ကချင်စစ်သည် တစ်သောင်းကျော် ပါဝင် တိုက်ခိုက်ခဲ့ကြ လေသည်။
ထိုသို့ဖြင့် လေးဗီးစ်၊ ချင်းဒစ်၊ ရိန်းဂျား တပ်ဖွဲ့ဝင်များသည် မဟာ မိတ်တို့နှင့်အတူ ဖက်ဆစ်များအား ပူးပေါင်း တိုက်ခိုက်ခဲ့ရာ မန္တလေး၊ သာ စည်၊တောင်ကြီး၊ လွယ်လင်၊ ရပ် စောက် စသည့် ဒေသများထိ ဖက်ဆစ် များအား လိုက်လံ တိုက်ခိုက်ခဲ့ကြလေသည်။ ၁၉၄၅ ခုနှစ် မတ် ၂ဝ ရက်တွင် ဒေသအနှံ့သို့ ရောက်ရှိနေသော အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ဝင်များအား ဗန်းမော်သို့ လေ ယာဉ်အစီး ၃ဝ ဖြင့် ပြန်လည်ခေါ်ယူ ကာ မတ် ၂၄၊ ၂၅၊ ၂၆ ရက်တွင် စိန်လုံကဘားတွင် ဖက်ဆစ်ဂျပန်အား စစ်နိုင်သော အထိမ်းအမှတ် မနောပွဲ တော်ကြီးကို ၃ ရက်တိုင် ခြိမ့်ခြိမ့် သဲ ကျင်းပခဲ့ကြလေသည်။
အမေရိ ကန် ကချင်ရိန်းဂျားတပ်ဖွဲ့ဝင် ကချင် စစ်သည်များ ပြန်သွားကြသော်လည်း ဗြိတိသျှတပ်ဖွဲ့ဝင်၊ ကချင်လေဗီးစ် (British Kachin Levis) တပ်ဖွဲ့ဝင်များနှင့် ခြင်းဒစ် (Chindit) ကချင်စစ်သည် များက ရန်ကုန်၊ မော်လမြိုင်၊ တာချီလိတ် စသည့် ဒေသများထိ သွားရောက် တိုက်ခိုက် ခဲ့ကြလေသည်။
သို့ ဖြင့် ဒုတိယကမ္ဘာစစ် ပြီးတွင် ကချင် စစ်သည်များတွင် ဘီဂျီအမ် (Burma Gallantry Medal)၊ အယ်မ်စီ (Militry Cross) သူရဲကောင်းဘွဲ့ရ ၂ဝဝ ခန့်နှင့် အခြား သူရဲကောင်း ဘွဲ့တံဆိပ်ရ ၄ဝဝ ခန့်ရှိခဲ့ကြောင်း သိရလေသည်။ ကချင် ပြောက်ကျားများ၏ ခုခံတိုက်ခိုက်မှုကြောင့် ဖက်ဆစ်များသည် ပူတာအို ဒေသအား မသိမ်းပိုက်နိုင်ခဲ့သဖြင့် အိန္ဒိယနိုင်ငံအား မသိမ်းနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာပြည်တွင် ဖက်ဆစ် များ စစ်ရှုံးမှု စတင်ခဲ့ရခြင်း ဖြစ်ခဲ့လေသည်။
ထို့အတူ ဖက်ဆစ်များသည် တရုတ်ပြည်နောက်ကျောဖြစ်သော ယူနန်နယ်မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ရန် ကြိုးပမ်းမှုတွင်လည်း ပန် ဆိုင်းကြူကုတ်၊ စိန်လုံကဘား၊ လိုင် ဇာဒေသများတွင် ကချင်ပြောက်ကျား များ၏ တိုက်ခိုက်မှုအား မထိုးဖောက် နိုင်သဖြင့် တရုတ်ပြည်သို့ ဝင်ရောက် နိုင်ခြင်း မရှိခဲ့ကြချေ။ တရုတ်ပြည် သို့ နောက်ကျောမှ မဝင်ရောက်နိုင်သဖြင့် မြန်မာပြည်တွင်းမှပင် တရုတ် အမေရိကန် အင်္ဂလိပ်တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။
မြစ်ကြီးနားမြို့သိမ်း တိုက်ပွဲဖြစ်ပြီး ဖက်ဆစ်တို့သည် ဧရာဝတီ မြစ် ကြောင်းမှ ဝါးလုံး တစ်ချောင်းတည်းဖြင့် လည်းကောင်း၊ အုန်းသီးတစ်လုံးအား ဖက်တွယ်၍ လည်းကောင်း၊ ခြုံဖုတ်ကလေးများ၊ ဒိုက်ကလေးများ အား ဖက်တွယ်၍ လည်းကောင်း ညအချိန်တွင် ရေစုန်မျောကာ ထွက်ပြေးရာ ကချင်ပြောက်ကျား လက်ဖြောင့် တပ်သားများ၏ လက်ချက်ဖြင့် တစ်ဦးတစ်ယောက်မျှ လွတ်ထွက်သွား ခြင်းမရှိကြောင်း …. အမည်ရှိ စာ အုပ်တွင် General Donovan Webstar က ရေးသားလေသည်။ သို့ဖြင့် ကိုလိုနီမြန်မာပြည်၏ နောက်ဆုံး ဒုတိယ ဘုရင်ခံ ဖြစ်သော ဆာဒေါ်မန်စမစ်သည် Col.Ian Fellowes Gordon ၏ Battle for Naw Seng’s Kingdom အမည်ရှိ စာအုပ်တွင် အောက်ပါအတိုင်း အမှာစာ ရေးသားခဲ့လေသည်။
“The battle for Naw Seng’s Kingdom”, foreword by The Rt Hon Sir Reginald Dorman Smith, G.B.E, Governor of Burma, 1941-1946”. I can only envy who had the privilege of fighting alongside the Hill peoples of Burma, without courage and determination the whole history of our generation might have been changed with the Japanese.
“The battle for Naw Seng’s Kingdom”, foreword by The Rt Hon Sir Reginald Dorman Smith, G.B.E, Governor of Burma, 1941-1946”. I can only envy who had the privilege of fighting alongside the Hill peoples of Burma, without courage and determination the whole history of our generation might have been changed with the Japanese.
နော်ဆိုင်းနှင့် သူ၏ ရဲဘော် ကချင်ပြောက်ကျားများ၏ အကူအညီ မရှိခဲ့လျှင် ကျွန်ုပ်တို့ သားစဉ် မြေးဆက်များ၏ သမိုင်းသည် ဂျပန်သမိုင်း ဖြစ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်လေသည်။
သက္ကရာဇ် ၂ဝဝဝ ခုနှစ် ကချင် ဒေသသို့ အလည်လာရောက်သော ဖက်ဆစ်ဂျပန်စစ်ပြန်စစ်သည်တစ်ဦး က ရင်ဖွင့်ပြောဆိုရာတွင် ဖက်ဆစ် ဂျပန်များသည် ကချင်တိုင်းရင်းသား များအား မစည်းရုံးနိုင်ခဲ့ခြင်းသည် မဟာအမှားပင်ဖြစ်ကြောင်း၊ အင်္ဂလိပ် တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် ကချင် တိုင်းရင်းသားများအား ရက်ရက် စက်စက် နှိပ်ကွက်ခဲ့ခြင်းကြောင့် ကချင်တိုင်းရင်းသားများ ဖက်ဆစ်ဂျပန်အား အမုန်း ကြီးမုန်းကာ ပြန်လည် ခုခံ တိုက်ခိုက်သည် သာမက မဟာမိတ် တပ်များ နှင့် ပူးပေါင်းကာ မဟာမိတ်တပ်များ အား တောတွင်း စစ်ဆင်ရေးနှင့် ပြောက်ကျား တိုက်ခိုက်နည်းများ သင်ပေးခြင်း၊ အိန္ဒိယနယ်စပ်မှ မြစ်ကြီးနားမြို့ ရောက်အောင် ကမ္ဘာကျော် အမေရိကန်တပ်ဖွဲ့ဖြစ်သည့် Merill’s Maruders တပ်ဖွဲ့ဝင်များအား လမ်းပြပေးခြင်းဖြင့် မြစ်ကြီးနားမြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းပင် ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့လေသည်။
ဂျပန်တပ်များ ဆုတ်ခွာရာ လမ်းကြောင်းရှိ ကျေးရွာများတွင် ဂျပန် အသံထွက်ဖြင့် ကချင်ရှိမရှိ မေးမြန်းရာ ဂျပန် အသံထွက်ဖြင့် ကြားသူများမှ ရှိကြောင်း သစ်ပင်ပေါ်သို့ ညွှန်ပြရာ ဖက်ဆစ်ဂျပန်များ ချက်ချင်းပင် ထွက်ပြေး ကြကြောင်း၊ အမှန်တွင် ဂျပန်များ အသံထွက်တွင် “ကချင်” အား “ခါချဉ်” ဟု အသံထွက်သဖြင့် ခါချဉ်ဟု ကြားသူများမှ သစ်ပင်ပေါ်သို့
ညွှန်ပြကြကြောင်း၊ ဖက်ဆစ်များသည် ကချင်ပြောက်ကျားများအား အလွန်ပင် ကြောက်ရွံ့ခဲ့ကြကြောင်း ကချင်ပြည်နယ်
ညွှန်ပြကြကြောင်း၊ ဖက်ဆစ်များသည် ကချင်ပြောက်ကျားများအား အလွန်ပင် ကြောက်ရွံ့ခဲ့ကြကြောင်း ကချင်ပြည်နယ်
ဝန်ကြီးဟောင်း ဦးဇန်ထဆင်က သူ၏ ဒီမိုကရေစီ ပြောင်းပြန် အမည်ရှိ စာအုပ်တွင် ရေးသားခဲ့လေသည်။
ထို့အတူ ၂ဝဝ၃ ခုနှစ် ဝန်းကျင်က ထိုင်ဝမ်နိုင်ငံမှ မြစ်ကြီးနားသို့ တစ်ဖန်အလည်ရောက်လာသော ယခင် တရုတ်ဖြူ တပ်သားဟောင်းများမှ လည်း ကချင်ပြောက်ကျားများ၏ ခုခံ မှုသာမရှိခဲ့လျှင် ဖက်ဆစ်ဂျပန်များ သည်
တရုတ်ပြည်နောက်ကျော၊ ယူ နန်ဒေသမှ တရုတ်ပြည်အတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယူနန် ဒေသသို့ ဂျပန်တပ်များ ဝင်ရောက် နိုင်လျှင် တရုတ်ပြည် စစ်ရေးအခြေ အနေမှာ ပြောင်းလဲသွားနိုင်ကြောင်း ဖြင့် ပြောဆိုခဲ့ကြောင်း၊ ကချင် တိုင်းရင်းသားများအား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သံကိုလည်း ကြားသိခဲ့ရသည်။
တရုတ်ပြည်နောက်ကျော၊ ယူ နန်ဒေသမှ တရုတ်ပြည်အတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယူနန် ဒေသသို့ ဂျပန်တပ်များ ဝင်ရောက် နိုင်လျှင် တရုတ်ပြည် စစ်ရေးအခြေ အနေမှာ ပြောင်းလဲသွားနိုင်ကြောင်း ဖြင့် ပြောဆိုခဲ့ကြောင်း၊ ကချင် တိုင်းရင်းသားများအား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သံကိုလည်း ကြားသိခဲ့ရသည်။
ဖက်ဆစ်ဂျပန်များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော ကချင်စစ်သည်များသည် ဗြိတိသျှတပ်ဖွဲတွင် ဆက်လက် အမှုထမ်းခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးနောက် ချက်ချင်းပင် မြန်မာ့ တပ်မတော်သား များအဖြစ် ဆက်လက်အမှုထမ်းကာ တိုင်းပြည်ကာကွယ်ရေးတွက် ဆက်လက် တာဝန်ယူခဲ့ ကြလေသည်။
၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်ချိန် တွင် ပြည်ထောင်စုအစိုးရ ဝန်ကြီးချုပ် မှ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင် ဝါးနောင်အား အကူအညီတောင်းခံသ ဖြင့် ဒုတိယကမ္ဘာစစ်ပြန် ကချင်ရဲဘော် ထောင်ပေါင်း များစွာအား ပြန်လည် စုစည်းကာ ယခုမြစ်ကြီးနား တက္က သိုလ်ရှေ့ လေယာဉ်ကွင်းမှ လေယာဉ် များဖြင့် ရန်ကုန်မြို့ သို့ သယ်ဆောင်ကာ ရန်ကုန်မြို့ကြီးနှင့် အောက်မြန် မာနိုင်ငံတစ်ဝန်းအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ ကြလေသည်။
ထိုသို့ သယ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံ မှ လေယာဉ်နှင့် လေယာဉ်မှူးများကို ငှားရမ်းကာ အသုံးပြုခဲ့ရကြောင်း စစ် သည်ဟောင်းတစ်ဦး၏ ပြောဆိုချက် ကို မှတ်သားရသည်။ ရောင်စုံသူပုန် များလက်မှ မြန်မာပြည်အား
ပြန်လည် တိုက်ခိုက်သိမ်းယူကြသည်မှာ လည်း ကချင်တပ်သားများပင်ဖြစ်လေ သည်။
ပြန်လည် တိုက်ခိုက်သိမ်းယူကြသည်မှာ လည်း ကချင်တပ်သားများပင်ဖြစ်လေ သည်။
၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ကာလ အင်းလေးဒေသတွင် ကွန်မြူနစ် သူပုန် ၄၉ ယောက်အား မိမိ တစ်ယောက်တည်း တိုက်ခိုက် အနိုင်ယူပြီး လက်နက် ၃၉ လက် သိမ်းဆည်းနိုင်သဖြင့် တပ်သားဘဝမှ ချက်ချင်း ဗိုလ်အဆင့်သို့ တိုးမြှင့်ခံရပြီး သူရ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော ဗိုလ်ကြီး သူရ ဖော်ဝုန်လတောင် ဆိုသူမှာလည်း ယခုထိတိုင် ကျန်းမာစွာဖြင့် မြစ်ကြီး နားမြို့တွင် နေထိုင်လျက် ရှိသည်။ ထို့အတူ တရုတ်ဖြူ ကျူးကျော်မှု တွင်လည်း အဓိက တိုက်ခိုက် နှိမ်နင်းခဲ့သူများမှာ ကချင်စစ်သည် များနှင့် ဂေါ်ရခါး စစ်သည် များပင် ဖြစ်ကြလေ သည်။
သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဖက်ဆစ်ဂျပန်များ အား အင်အား ၂ သောင်းခန့်ဖြင့် အဓိက တိုက်ခိုက် တွန်းလှန်ခဲ့ကြသော မြန်မာပြည်တွင် ပထမဆုံး ဖက်ဆစ်များကို ခုခံတိုက်ခိုက်ခဲ့ကြ သော ကချင် စစ်သည်များသည် လွတ်လပ်ရေး ရယူခဲ့သော မြန်မာ့တပ်မတော်တွင် နေ့မဆိုင်း ဆက်လက် အမှုထမ်းခဲ့ကြပြီး ၁၉၄၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်း တိုင်းပြည်ချောက် ထဲကျဖို့ လက်နှစ်လုံးအလိုမှ ကယ်တင်ခဲ့ကြသော(ဝန်ကြီးချုပ် ဦးနု ပြောစကား) ကချင်စစ်သည်များသည် လွတ်လပ်ရေး မော်ကွန်းဝင် လျှောက်ထား ရာတွင်မူ မဟာမိတ် တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သဖြင့် ကချင်စစ်သည် အများအပြား မော်ကွန်းဝင် အဆင့် မရရှိခဲ့ကြချေ။
...................................................
...................................................
No comments:
Post a Comment